တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ) ၃၀.၉ .၂၀၁၉။
ရှမ်းပြည်နယ်မှာရှိတဲ့ တီကျစ်ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားစက်ရုံနဲ့ ပတ်သက်ပြီး Myanmar E Guard ကုမ္ပဏီက ထုတ်ဝေထားတဲ့ အစီရင်ခံစာဟာ ကောင်းမွန်တဲ့ EIA စံနှုန်းနဲ့ လွဲမှားနေတယ်လို့ MATA အဖွဲ့က ပြောဆိုလိုက် ပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ထဲမှာ စက်တင်ဘာလ ၁၅ ရက်နေ့က ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့အတွက် အရပ်သားတစ်ယောက်သေဆုံးပြီး အရပ်သား ခြောက်ယောက် ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။
မွန်ပြည်နယ်မှာ မြေပြိုမှုအလားလာဖြစ်ပေါ်နိုင်တဲ့ နေရာ (၂၁) ရှိနေတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။