လက်နက်ကြီးကြောင့် ရှမ်းမြောက်တွင် ဒေသခံ ၅ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ သိန္နီမြို့နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာထဲသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၁၁ ရက်နေ့ ယမန်နေ့ နံနက်ပိုင်းက သိန္နီမြို့ထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အတွက် သိန္နီမြို့ခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သကဲ့သို့ ညနေပိုင်းတွင်လည်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ မန် အောင် စုစည်း ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံ ၃ ဦး ထပ်မံ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

သိန္နီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဦးခမ်းက “ဒေသခံကတော့ ၂ ယောက်ပါ လင်မယား ၂ ယောက်ပေါ့ ကျည်စလေးမှန်သွားတယ်။ လင်မယား ၂ ယောက်ဆိုတာကလည်း ဒီကျူးကျော်ရပ်ကွက် ၃ မှာ နေတဲ့ လီဆူ လူမျိုး သူတို့ လင်မယား ၂ ယောက် အိမ်ပေါ်ကို ကျလာတယ် ကျည်ဆံ ဗုံးစပေါ့နော်။ လက်နက် ကြီးရဲ့ အစ အဲဒါ သူ့အမျိုးသမီးရဲ့ တံတောင်ဆစ်နား နည်းနည်းလောက်ပေါ့ နောက်သူ့ယောက်ျားကတော့ နည်းနည်းနက်တယ် ခြေထောက်ကိုထိတာ အဲဒါကို လားရှိုးပို့လိုက်ပါတယ်” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိသည့် ဒေသခံ လင်မယား ၂ ဦးအနက် ယောက်ျားဖြစ်သူမှာ လက်နက်ကြီးကျည်စ ခြေ ထောက်အတွင်းသို့ အတော်လေး ဝင်ရောက်နေသည့်အတွက် သိန္နီတွင် ခွဲစိတ်ပါက အာရုံကြော ထိခိုက်မည်ကို စိုးရိမ်သောကြောင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဦးခမ်း က ပြောသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီ အချိန်ခန့်က သိန္နီမြို့အတွင်း ပစ်ခတ်မှု စက္ကန့် ၃၀ ခန့် ဖြစ် ပွားပြီးနောက် လက်နက်ကြီး ကျည်တစ်လုံး သိန္နီမြို့ရှိ ရပ်ကွက် ၃ ဖက်သို့ ကျရောက်ပေါက်ကွဲရာမှာ ဒေသခံ လီဆူဇနီးမောင်နှံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခြင်းဖြစ်သည်ဟု သိန္နီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် က ပြောသည်။

ထို့အပြင် အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန်ကလည်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ မန်အောင်စု စည်းကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံ ရွာသား ၃ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု ကူညီလုပ်ဆောင်ပေးနေသူများက ပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိသည့် ဒေသခံ ၃ ဦးမှာ ဒဏ်ရာပြင်းထန်မှု မရှိသော်လည်း ၂ ဦးကို ကွတ်ခိုင်ပြည်သူ့ဆေးရုံ တွင် ဆေးဝါးကုသမှုရန် ပို့ဆောင်ထားသည်ဟု ကွတ်ခိုင်မြို့မှ မန်အောင်စုစည်းကျေးရွာသို့ ရောက်ရှိနေသည့် မိုင်းမိုင် က ပြောသည်။

“ကျမအခု သူတို့ရွာရောက်နေတာ လက်နက်ကြီးရှပ်ထိတာ ၃ ယောက်ထိတယ်လို့ ပြောလို့ရမှာပေါ့နော်။ ဒီမှာလည်း ရွာမှာလည်း တစ်ယောက်ထိ တယ်။ သူလည်းလက်နက်ကြီးစထိတာ ဒါပေမယ့် ဒဏ်ရာ မပြင်းထန်လို့ သူဆေးရုံမရောက်ရဘူးပေါ့။ အမျိုးသမီး တစ်ယောက်နဲ့ ကလေးတစ်ယောက်ပေါ့နော်။ ၂ ယောက်ဖြစ်တယ် ၂ ယောက် ဆေးရုံမှာ ဒါပေမယ့် ပြင်းထန်တဲ့ ဒဏ်ရာတော့ မဟုတ်ဘူးပေါ့နော်”

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ကလည်း သိန္နီမြို့တွင်းတွင် တပ်မတော်ယာဉ်တန်းတစ်ခုကို တအန်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA က တိုက်ခိုက်မှုပြုလုပ်သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း လက်နက်ကြီးကျည်များ နေအိမ်များပေါ်သို့ ကျရောက်ခဲ့သည့်အတွက် ဒေသခံ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် တိုက်ခိုက်မှုကြောင့် တပ်မတော်သား ၂ ဦးထက်မနည်း ကျဆုံးခဲ့သည်ဟု ဒေသခံ များနှင့် လွှတ်တော်ကိုယ် စား လှယ်များက ဆိုသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့အကြား စစ်ရေး တင်းမာမှု အနည်းငယ်ရှိနေပြီး ခရီးသွားပြည်သူများအနေဖြင့် သွားလာမှု ပြုလုပ်ပါက သတိနှင့် သွားလာကြရန် သိန္နီပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဦးခမ်းက ပြောသည်။

“သတင်းကတော့ ဒီမူဆယ်ဖက်မှာလည်း နည်းနည်းရှုတ်တယ်။ ကွတ်ခိုင်မှာလည်း သွားရေးလာရေး လမ်းတစ် လျှောက် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်ပေါ့နော သွားရေးလာရေး သတိထားပါ။ ပစ်တာခတ်တာ ရှိနိုင် တယ် စသဖြင့် အဲလိုလေးတွေတော့ သတင်းတွေလောက်ပဲ ကြားရတယ်။”

သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ကတိကဝတ်ပြုထားသည့်အတိုင်း တိုက်ပွဲဖြစ်ပွားမှု မရှိအောင် ထိန်းမတ်ပေးရန်နှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများကို လက်တွေ့ကျကျ ဖော်ဆောင်မည် ဆိုပါက ကောင်းမွန်သည့် ရလဒ်ကို ထွက်ပေါ်လာနိုင်သည်ဟု စိုင်းဦးခမ်းက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်း မဟာမိတ် ပူးပေါင်းတပ် ၃ ဖွဲ့ဖြစ်သည့် PSLF/TNLA၊ ULA/AA၊ MNTJP/ MNDAA တို့က ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် တပ်မတော် တပ်စခန်းများကို တိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့သည့်နောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နေရာတော်တော်များများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။

ထိုအဆိုပါ တိုက်ခိုကမှုများကြောင့် မန္တလေး – မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးတစ်လျှောက် ဖြစ်ပွား ခဲ့ သည့် တိုက်ပွဲများအတွင်း ဒေသခံ ပြည်သူ ၁၄ ဦး သေဆုံးပြီး ၁၈ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့မှာ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာ အမျိုးသားများ ဒီမိုကရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/ TNLA တို့ ဖြစ်ကြသည်။

အဆိုပါအဖွဲ့များသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော မြောက်ပိုင်းမဟာမိတ် အဖွဲ့ ဟု လူသိများသည့် ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံဆွေး နွေးမှု ကော်မတီ FPNCC ၏ အဖွဲ့ဝင်များလည်း ဖြစ်သည်။

……………………

Zawgyi …

က္နက္ႀကီးေၾကာင့္ ရွမ္းေျမာက္တြင္ ေဒသခံ ၅ ဦး ဒဏ္ရာရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁၂ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ သိႏၷီၿမိဳ႕ႏွင့္ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာထဲသို႔ လက္နက္ႀကီး က်ေရာက္ ေပါက္ကြဲခဲ့သည့္အတြက္ ေဒသခံ ၅ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့သည္။

ေအာက္တိုဘာလ ၁၁ ရက္ေန႔ ယမန္ေန႔ နံနက္ပိုင္းက သိႏၷီၿမိဳ႕ထဲသို႔ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲခဲ့သည့္ အတြက္ သိႏၷီၿမိဳ႕ခံ ၂ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သကဲ့သို႔ ညေနပိုင္းတြင္လည္း ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းရွိ မန္ ေအာင္ စုစည္း ေက်းရြာအတြင္းသို႔ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲခဲ့သည့္အတြက္ ေဒသခံ ၃ ဦး ထပ္မံ ထိခိုက္ ဒဏ္ရာ ရရွိခဲ့သည္။

သိႏၷီၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းဦးခမ္းက “ေဒသခံကေတာ့ ၂ ေယာက္ပါ လင္မယား ၂ ေယာက္ေပါ့ က်ည္စေလးမွန္သြားတယ္။ လင္မယား ၂ ေယာက္ဆိုတာကလည္း ဒီက်ဴးေက်ာ္ရပ္ကြက္ ၃ မွာ ေနတဲ့ လီဆူ လူမ်ိဳး သူတို႔ လင္မယား ၂ ေယာက္ အိမ္ေပၚကို က်လာတယ္ က်ည္ဆံ ဗံုးစေပါ့ေနာ္။ လက္နက္ ႀကီးရဲ႕ အစ အဲဒါ သူ႔အမ်ိဳးသမီးရဲ႕ တံေတာင္ဆစ္နား နည္းနည္းေလာက္ေပါ့ ေနာက္သူ႔ေယာက္်ားကေတာ့ နည္းနည္းနက္တယ္ ေျခေထာက္ကိုထိတာ အဲဒါကို လားရႈိးပို႔လိုက္ပါတယ္” ဟုေျပာသည္။

ထိခိုက္ဒဏ္ရာရရွိသည့္ ေဒသခံ လင္မယား ၂ ဦးအနက္ ေယာက္်ားျဖစ္သူမွာ လက္နက္ႀကီးက်ည္စ ေျခ ေထာက္အတြင္းသို႔ အေတာ္ေလး ၀င္ေရာက္ေနသည့္အတြက္ သိႏၷီတြင္ ခြဲစိတ္ပါက အာရံုေၾကာ ထိခိုက္မည္ကို စိုးရိမ္ေသာေၾကာင့္ လားရႈိးျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားသည္ဟု ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းဦးခမ္း က ေျပာသည္။

ေအာက္တိုဘာလ ၁၁ ရက္ေန႔ နံနက္ ၅ နာရီ အခ်ိန္ခန္႔က သိႏၷီၿမိဳ႕အတြင္း ပစ္ခတ္မႈ စကၠန္႔ ၃၀ ခန႔္ ျဖစ္ ပြားၿပီးေနာက္ လက္နက္ႀကီး က်ည္တစ္လံုး သိႏၷီၿမိဳ႕ရွိ ရပ္ကြက္ ၃ ဖက္သို႔ က်ေရာက္ေပါက္ကြဲရာမွာ ေဒသခံ လီဆူဇနီးေမာင္ႏွံ ၂ ဦး ထိခိုက္ဒဏ္ရာရရွိျခင္းျဖစ္သည္ဟု သိႏၷီၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ က ေျပာသည္။

ထို႔အျပင္ ေအာက္တိုဘာလ ၁၁ ရက္ေန႔ ညေန ၄ နာရီအခ်ိန္ကလည္း ကြတ္ခိုင္ၿမိဳ႕နယ္အတြင္းရွိ မန္ေအာင္စု စည္းေက်းရြာအတြင္းသို႔ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲခဲ့သည့္အတြက္ ေဒသခံ ရြာသား ၃ ဦးထိခိုက္ ဒဏ္ရာ ရရွိခဲ့သည္ဟု ကူညီလုပ္ေဆာင္ေပးေနသူမ်ားက ေျပာသည္။

ထိခိုက္ဒဏ္ရာ ရရွိသည့္ ေဒသခံ ၃ ဦးမွာ ဒဏ္ရာျပင္းထန္မႈ မရွိေသာ္လည္း ၂ ဦးကို ကြတ္ခိုင္ျပည္သူ႔ေဆးရံု တြင္ ေဆးဝါးကုသမႈရန္ ပို႔ေဆာင္ထားသည္ဟု ကြတ္ခိုင္ၿမိဳ႕မွ မန္ေအာင္စုစည္းေက်းရြာသို႔ ေရာက္ရွိေနသည့္ မိုင္းမိုင္ က ေျပာသည္။

“က်မအခု သူတို႔ရြာေရာက္ေနတာ လက္နက္ႀကီးရွပ္ထိတာ ၃ ေယာက္ထိတယ္လို႔ ေျပာလို႔ရမွာေပါ့ေနာ္။ ဒီမွာလည္း ရြာမွာလည္း တစ္ေယာက္ထိ တယ္။ သူလည္းလက္နက္ႀကီးစထိတာ ဒါေပမယ့္ ဒဏ္ရာ မျပင္းထန္လို႔ သူေဆးရံုမေရာက္ရဘူးေပါ့။ အမ်ိဳးသမီး တစ္ေယာက္နဲ႔ ကေလးတစ္ေယာက္ေပါ့ေနာ္။ ၂ ေယာက္ျဖစ္တယ္ ၂ ေယာက္ ေဆးရံုမွာ ဒါေပမယ့္ ျပင္းထန္တဲ့ ဒဏ္ရာေတာ့ မဟုတ္ဘူးေပါ့ေနာ္”

ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၉ ရက္ေန႔ကလည္း သိႏၷီၿမိဳ႕တြင္းတြင္ တပ္မေတာ္ယာဥ္တန္းတစ္ခုကို တအန္း အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ PSLF/TNLA က တိုက္ခိုက္မႈျပဳလုပ္သည္။ အဆိုပါတိုက္ခိုက္မႈအတြင္း လက္နက္ႀကီးက်ည္မ်ား ေနအိမ္မ်ားေပၚသို႔ က်ေရာက္ခဲ့သည့္အတြက္ ေဒသခံ ၇ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည့္အျပင္ တိုက္ခိုက္မႈေၾကာင့္ တပ္မေတာ္သား ၂ ဦးထက္မနည္း က်ဆံုးခဲ့သည္ဟု ေဒသခံ မ်ားႏွင့္ လႊတ္ေတာ္ကိုယ္ စား လွယ္မ်ားက ဆိုသည္။

လက္ရွိတြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္းတြင္ တပ္မေတာ္ႏွင့္ ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႔တို႔အၾကား စစ္ေရး တင္းမာမႈ အနည္းငယ္ရွိေနၿပီး ခရီးသြားျပည္သူမ်ားအေနျဖင့္ သြားလာမႈ ျပဳလုပ္ပါက သတိႏွင့္ သြားလာၾကရန္ သိႏၷီျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းဦးခမ္းက ေျပာသည္။

“သတင္းကေတာ့ ဒီမူဆယ္ဖက္မွာလည္း နည္းနည္းရႈတ္တယ္။ ကြတ္ခိုင္မွာလည္း သြားေရးလာေရး လမ္းတစ္ ေလွ်ာက္ ျပည္ေထာင္စု လမ္းမႀကီးတစ္ေလွ်ာက္ေပါ့ေနာ သြားေရးလာေရး သတိထားပါ။ ပစ္တာခတ္တာ ရွိႏိုင္ တယ္ စသျဖင့္ အဲလိုေလးေတြေတာ့ သတင္းေတြေလာက္ပဲ ၾကားရတယ္။”

သက္ဆိုင္ရာ လက္နက္ကိုင္ အဖြဲ႔အစည္းမ်ား အေနျဖင့္ ကတိက၀တ္ျပဳထားသည့္အတိုင္း တိုက္ပြဲျဖစ္ပြားမႈ မရွိေအာင္ ထိန္းမတ္ေပးရန္ႏွင့္ ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးပြဲမ်ားကို လက္ေတြ႕က်က် ေဖာ္ေဆာင္မည္ ဆိုပါက ေကာင္းမြန္သည့္ ရလဒ္ကို ထြက္ေပၚလာႏိုင္သည္ဟု စိုင္းဦးခမ္းက ေျပာသည္။

ၿပီးခဲ့သည့္ ၾသဂုတ္လ ၁၅ ရက္ေန႔က ေျမာက္ပိုင္း မဟာမိတ္ ပူးေပါင္းတပ္ ၃ ဖြဲ႔ျဖစ္သည့္ PSLF/TNLA၊ ULA/AA၊ MNTJP/ MNDAA တို႔က ျပင္ဦးလြင္ရွိ တပ္မေတာ္ နည္းပညာ တကၠသိုလ္ႏွင့္ တပ္မေတာ္ တပ္စခန္းမ်ားကို တုိက္ခိုက္မႈမ်ား လုပ္ေဆာင္လာခဲ့သည့္ေနာက္ပိုင္း ရွမ္းျပည္နယ္ ေျမာက္ပိုင္းရွိ ေနရာေတာ္ေတာ္မ်ားမ်ားတြင္ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားလာခဲ့သည္။

ထိုအဆိုပါ တိုက္ခိုကမႈမ်ားေၾကာင့္ မႏၲေလး – မူဆယ္ ျပည္ေထာင္စု ကားလမ္းမႀကီးတစ္ေလွ်ာက္ ျဖစ္ပြား ခဲ့ သည့္ တိုက္ပြဲမ်ားအတြင္း ေဒသခံ ျပည္သူ ၁၄ ဦး ေသဆံုးၿပီး ၁၈ ဦးထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု သိရသည္။

တပ္မေတာ္ႏွင့္ တိုက္ပြဲျဖစ္ပြားေနသည့္ ေျမာက္ပိုင္း မဟာမိတ္ ၃ ဖြဲ႔မွာ ရကၡိဳင့္တပ္ေတာ္ ULA/AA၊ ျမန္မာ အမ်ဳိးသားမ်ား ဒီမိုကရက္တစ္ တပ္ေပါင္းစု တပ္မေတာ္ (MNTJP/ MNDAA- ကိုးကန္႔အဖြဲ႔)၊ တအန္း(ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ PSLF/ TNLA တို႔ ျဖစ္ၾကသည္။

အဆိုပါအဖြဲ႔မ်ားသည့္ တိုင္းရင္းသား လက္နက္ကိုင္ ၇ ဖြဲ႔ျဖင့္ ဖြဲ႔စည္းထားေသာ ေျမာက္ပိုင္းမဟာမိတ္ အဖြဲ႔ ဟု လူသိမ်ားသည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေတြ႕ဆုံေဆြး ေႏြးမႈ ေကာ္မတီ FPNCC ၏ အဖြဲ႔၀င္မ်ားလည္း ျဖစ္ သည္။