ဥပဒေများသည် ပြည်သူကို ကာကွယ်ခြင်းမရှိဟု ကရင်နီလူငယ်များပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်။

ဗိုလ်ချုပ်ကြေးရုပ် ကိစ္စနှင့် ဆက်နွယ်ပြီး တရားစွဲခံထားရသည့် ကရင်နီ လူငယ်များက တည်ဆဲ ဥပဒေများသည် ပြည်သူလူထုကို အကာအကွယ်မပေးပဲ အုပ်ချုပ်သည့် အစိုးရကိုသာ အကာအကွယ်ပေးနေကြောင်း ပြောလိုက်သည်။

အောက်တိုဘာလ ၁၇ ရက်နေ့က ၁၆ ကြိမ်မြောက် ကရင်နီလူငယ် ၆ ဦး၏ တရားရုံး ထုတ်သည့်အချိန်တွင် တရားစွဲဆိုခံထားရသည့် ကရင်နီ လူငယ် ၆ ဦးထဲမှ တစ်ဦးဖြစ်သူ ခူးရီဒူး က “အခုလက်ရှိ ဥပဒေက အုပ်ချုပ်ခံသူဖြစ်တဲ့ ပြည်သူလူထုတွေကို ကာကွယ်ပေးနေတာ မဟုတ်ပဲနဲ့ အုပ်ချုပ် သူဖြစ်တဲ့ အစိုးရမင်း လုပ်တဲ့သူတွေကို ကာကွယ်ပေးနေတဲ့ ဥပဒေဖြစ်နေတယ်။ အကုန်လုံးပြောရ မယ်ဆိုရင် တစ်ဖက်သတ် ဥပဒေဖြစ်နေတယ်” ဟု ပြောသည်။

ကရင်နီလူငယ် ၆ ဦး၏ အောက်တိုဘာလ ၁၇ ရက်နေ့ ၁၆ ကြိမ်မြောက် ရုံးချိန်းတွင် နောက်ဆုံး ကျန်ရှိနေသည့် တရားခံပြသက်သေ ၂ ဦးကို အပြီးသတ် စစ်ဆေးခဲ့ပြီး နောက်လာမည့် ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲ ချက် ပေးကာ အမိန့်ချမည့်ရက်ကို သတ်မှတ်သွားမည်ဖြစ်သည်။ နောက်တစ်ကြိမ် ရုံးချိန်းကို အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားသည်ဟု သိရသည်။

ကရင်နီလူငယ် ၆ ဦးအနေဖြင့် တစ်စုံတစ်ရာသော ဥပဒေများကို ချိုးဖောက်ခဲ့ခြင်း မရှိပဲ မတရား တရားစွဲဆိုခံ ရခြင်းဖြစ်ကြောင်း၊ လက်ရှိဥပဒေများသည် တရားမျှတမှုမရှိပဲ တစ်ဖက်သတ် ရေးဆွဲထားသည့် ပုံစံမျိုးဖြစ် နေသည်ဟု ကရင်နီလူငယ်များက ပြောသည်။

“တစ်ဖက်ကဖြစ်တဲ့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုဟာ ၁၉၆၂ ခုနှစ်မော်ကွန်းထိန်း ဥပဒေကို ချိုးဖောက်တယ်။ ဌာနေတိုင်းရင်းသား လူနည်းစု အခွင့် အရေးဆိုင်ရာ ဥပဒေကို ချိုးဖောက်တယ်။ လူ့အခွင့်အရေးကို ချိုးဖောက်တယ်” ဟု ခူးရီဒူးက ပြောသည်။

အဆိုပါ ချိုးဖောက်မှုအတွက် အထက်တာဝန်ရှိသူများက တစ်စုံတရာ အရေးယူမှု မပြုကြောင့် ခူးရီဒူးက ယခု လိုဆက်ပြောသည်။

“သို့သော်လည်းပဲ သူတို့ ဥပဒေကို ချိုးဖောက် သွားတဲ့အပေါ်မှာ ယနေ့ အထက်တာဝန်ရှိတဲ့သူတွေ သော်လည်း ကောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်သော်လည်းကောင်း၊ သမ္မတ ကိုယ်တိုင်သော်လည်းကောင်း ဒီအပေါ်မှာ ထိရောက်တဲ့ စုံစမ်းအရေးယူ မှုတွေ မပြုလုပ်ဘူး။ ဘာကြောင့် မပြုလုပ်ဘူးဆိုလို့ရှိရင် ကျနော်တို့ လူငယ်တွေအ နေနဲ့ များစွာ သံသယ ရှိပါ တယ်”

ထို့အပြင် ကယားပြည်နယ် အစိုးရအနေဖြင့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ကိစ္စနှင့် ပတ်သက်၍ ချည်းကပ်မှု ပြုလုပ် ရာတွင် တစ်ဖက်သတ် အနိုင်ရရှိရေးကိုသာ ရှေ့ ရှု့ ပြီး တရားစွဲဆိုမှုနှင့် အကျဉ်းချသည့် နည်းလမ်းကိုသာ လုပ် ဆောင်ခဲ့သည့်အပေါ် စိတ်ပျက်မိကြောင်း ကရင်နီလူငယ်များက ပြောသည်။

သို့ရာတွင် ကရင်နီလူငယ်ထု အနေဖြင့် အမှန်တရားကို ကိုင်စွဲပြီး တန်းတူရေး တရားမျှတရေးနှင့် လွတ်လပ်ရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

ကယားပြည်နယ် အစိုးရ၏ ဖမ်းဆီးတရားစွဲဆို ခံထားရသည့် ကရင်နီလူငယ် ၆ ဦးမှာ ခူးကြူးဖဲကေး(ခ) ဂူးဂူ၊ ခူးရီဒူး၊ ခွန်းသောမတ်စ်၊ မျိုးလှိုင်ဝင်း၊ ပျားလေးနှင့် ကိုဒီးဒီတို့ ဖြစ်ကြသည်။

၎င်းတို့ ၆ ဦးကို ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့ (၉) ကြိမ်မြောက် ရုံချိန်းတွင် လွိုင်ကော်မြို့နယ် တရားရုံးမှ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး(နိုင်လွတ်လုံ) ဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားရုံးက စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် ကရင်နီလူငယ် ၆ ဦးက ကယားပြည်နယ် ဝန်ကြီးချုပ်၊ စီမံရေးနှင့် ဘဏ္ဍာ ရေးဝန်ကြီးတို့အပြင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့ကြောင့် တိုင်းရင်းသား များ အချင်းချင်းကြားနှင့် ဒေသအတွင်းရှိ ဌာနေတိုင်းရင်းသားများကြား စည်းလုံးညီညွတ်မှုများကို ပြိုကွဲစေ သည်သာမက ကရင်နီသမိုင်းအားလည်း ပျက်ပြားစေကြောင်း လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခဲ့သည့် စာ ကြောင့် ဖမ်းဆီးတရားစွဲခံခဲ့ရကာ နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀ ဖြင့် အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။

၎င်းတို့ ၆ ဦးအနေဖြင့် နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀ ဖြင့် ပြစ်မှုထင်ရှားကြောင်း တရားစီရင်ခြင်း ခံရပါက အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ၃ နှစ်အထိ ကျခံရ နိုင်သည့်အပြင် ငွေဒဏ်အားဖြင့် ၃ သိန်းမှ ၁၅ သိန်းအထိ ချမှတ်နိုင်သည်ဟု သိရသည်။

………………………

Zawgyi…

ဥပေဒမ်ားသည္ ျပည္သူကို ကာကြယ္ျခင္းမရွိဟု ကရင္နီလူငယ္မ်ားေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁၈ ရက္။

ဗိုလ္ခ်ဳပ္ေၾကးရုပ္ ကိစၥႏွင့္ ဆက္ႏြယ္ၿပီး တရားစြဲခံထားရသည့္ ကရင္နီ လူငယ္မ်ားက တည္ဆဲ ဥပေဒမ်ားသည္ ျပည္သူလူထုကို အကာအကြယ္မေပးပဲ အုပ္ခ်ဳပ္သည့္ အစိုးရကိုသာ အကာအကြယ္ေပးေနေၾကာင္း ေျပာလိုက္သည္။

ေအာက္တိုဘာလ ၁၇ ရက္ေန႔က ၁၆ ႀကိမ္ေျမာက္ ကရင္နီလူငယ္ ၆ ဦး၏ တရား႐ုံး ထုတ္သည့္အခ်ိန္တြင္ တရားစြဲဆိုခံထားရသည့္ ကရင္နီ လူငယ္ ၆ ဦးထဲမွ တစ္ဦးျဖစ္သူ ခူးရီဒူး က“အခုလက္ရွိ ဥပေဒက အုပ္ခ်ဳပ္ခံသူျဖစ္တဲ့ ျပည္သူလူထုေတြကို ကာကြယ္ေပးေနတာ မဟုတ္ပဲနဲ႔ အုပ္ခ်ဳပ္ သူျဖစ္တဲ့ အစိုးရမင္း လုပ္တဲ့သူေတြကို ကာကြယ္ေပးေနတဲ့ ဥပေဒျဖစ္ေနတယ္။ အကုန္လုံးေျပာရ မယ္ဆိုရင္ တစ္ဖက္သတ္ ဥပေဒျဖစ္ေနတယ္” ဟု ေျပာသည္။

ကရင္နီလူငယ္ ၆ ဦး၏ ေအာက္တိုဘာလ ၁၇ ရက္ေန႔ ၁၆ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းတြင္ ေနာက္ဆုံး က်န္ရွိေနသည့္ တရားခံျပသက္ေသ ၂ ဦးကို အၿပီးသတ္ စစ္ေဆးခဲ့ၿပီး ေနာက္လာမည့္ ႐ုံးခ်ိန္းတြင္ အၿပီးသတ္ေလွ်ာက္လဲ ခ်က္ ေပးကာ အမိန႔္ခ်မည့္ရက္ကို သတ္မွတ္သြားမည္ျဖစ္သည္။ ေနာက္တစ္ႀကိမ္ ႐ုံးခ်ိန္းကို ေအာက္တိုဘာလ ၂၉ ရက္ေန႔တြင္ ျပန္လည္ခ်ိန္းဆိုထားသည္ဟု သိရသည္။

ကရင္နီလူငယ္ ၆ ဦးအေနျဖင့္ တစ္စုံတစ္ရာေသာ ဥပေဒမ်ားကို ခ်ိဳးေဖာက္ခဲ့ျခင္း မရွိပဲ မတရား တရားစြဲဆိုခံ ရျခင္းျဖစ္ေၾကာင္း၊ လက္ရွိဥပေဒမ်ားသည္ တရားမွ်တမႈမရွိပဲ တစ္ဖက္သတ္ ေရးဆြဲထားသည့္ ပုံစံမ်ိဳးျဖစ္ ေနသည္ဟု ကရင္နီလူငယ္မ်ားက ေျပာသည္။

“တစ္ဖက္ကျဖစ္တဲ့ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိဟာ ၁၉၆၂ ခုႏွစ္ေမာ္ကြန္းထိန္း ဥပေဒကို ခ်ိဳးေဖာက္တယ္။ ဌာေနတိုင္းရင္းသား လူနည္းစု အခြင့္ အေရးဆိုင္ရာ ဥပေဒကို ခ်ိဳးေဖာက္တယ္။ လူ႔အခြင့္အေရးကို ခ်ိဳးေဖာက္တယ္” ဟု ခူးရီဒူးက ေျပာသည္။

အဆိုပါ ခ်ိဳးေဖာက္မႈအတြက္ အထက္တာဝန္ရွိသူမ်ားက တစ္စုံတရာ အေရးယူမႈ မျပဳေၾကာင့္ ခူးရီဒူးက ယခု လိုဆက္ေျပာသည္။

“သို႔ေသာ္လည္းပဲ သူတို႔ ဥပေဒကို ခ်ိဳးေဖာက္ သြားတဲ့အေပၚမွာ ယေန႔ အထက္တာဝန္ရွိတဲ့သူေတြ ေသာ္လည္း ေကာင္း ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ေသာ္လည္းေကာင္း၊ သမၼတ ကိုယ္တိုင္ေသာ္လည္းေကာင္း ဒီအေပၚမွာ ထိေရာက္တဲ့ စုံစမ္းအေရးယူ မႈေတြ မျပဳလုပ္ဘူး။ ဘာေၾကာင့္ မျပဳလုပ္ဘူးဆိုလို႔ရွိရင္ က်ေနာ္တို႔ လူငယ္ေတြအ ေနနဲ႔ မ်ားစြာသံသယ ရွိပါတယ္”

ထို႔အျပင္ ကယားျပည္နယ္ အစိုးရအေနျဖင့္ ဗိုလ္ခ်ဳပ္ျမင္းစီးေၾကး႐ုပ္ ကိစၥႏွင့္ ပတ္သက္၍ ခ်ည္းကပ္မႈ ျပဳလုပ္ ရာတြင္ တစ္ဖက္သတ္ အႏိုင္ရရွိေရးကိုသာ ေရွ႕ ရႈ႕ ၿပီး တရားစြဲဆိုမႈႏွင့္ အက်ဥ္းခ်သည့္ နည္းလမ္းကိုသာ လုပ္ ေဆာင္ခဲ့သည့္အေပၚ စိတ္ပ်က္မိေၾကာင္း ကရင္နီလူငယ္မ်ားက ေျပာသည္။

သို႔ရာတြင္ ကရင္နီလူငယ္ထု အေနျဖင့္ အမွန္တရားကို ကိုင္စြဲၿပီး တန္းတူေရး တရားမွ်တေရးႏွင့္ လြတ္လပ္ေရး အတြက္ ဆက္လက္တိုက္ပြဲဝင္သြားမည္ဟု ဆိုသည္။

ကယားျပည္နယ္ အစိုးရ၏ ဖမ္းဆီးတရားစြဲဆို ခံထားရသည့္ ကရင္နီလူငယ္ ၆ ဦးမွာ ခူးၾကဴးဖဲေကး(ခ) ဂူးဂူ၊ ခူးရီဒူး၊ ခြန္းေသာမတ္စ္၊ မ်ိဳးလႈိင္ဝင္း၊ ပ်ားေလးႏွင့္ ကိုဒီးဒီတို႔ ျဖစ္ၾကသည္။

၎တို႔ ၆ ဦးကို ၿပီးခဲ့သည့္ ၾသဂုတ္လ ၂၆ ရက္ေန႔ (၉) ႀကိမ္ေျမာက္ ႐ုံခ်ိန္းတြင္ လြိဳင္ေကာ္ၿမိဳ႕နယ္ တရား႐ုံးမွ ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ လုံၿခဳံမႈကို ကာကြယ္ေပးေရး(ႏိုင္လြတ္လုံ) ဥပေဒ ပုဒ္မ ၁၀ ျဖင့္ တရား႐ုံးက စြဲခ်က္တင္ခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ မတ္လ ၂၅ ရက္ေန႔တြင္ ကရင္နီလူငယ္ ၆ ဦးက ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ စီမံေရးႏွင့္ ဘ႑ာ ေရးဝန္ႀကီးတို႔အျပင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျမင္းစီး ေၾကး႐ုပ္ျဖစ္ေျမာက္ေရးေကာ္မတီတို႔ေၾကာင့္ တိုင္းရင္းသား မ်ား အခ်င္းခ်င္းၾကားႏွင့္ ေဒသအတြင္းရွိ ဌာေနတိုင္းရင္းသားမ်ားၾကား စည္းလုံးညီၫြတ္မႈမ်ားကို ၿပိဳကြဲေစ သည္သာမက ကရင္နီသမိုင္းအားလည္း ပ်က္ျပားေစေၾကာင္း လက္မွတ္ေရးထိုးကာ ထုတ္ျပန္ခဲ့သည့္ စာ ေၾကာင့္ ဖမ္းဆီးတရားစြဲခံခဲ့ရကာ ႏိုင္လြတ္လုံ ဥပေဒပုဒ္မ ၁၀ ျဖင့္ အမႈရင္ဆိုင္ေနရျခင္း ျဖစ္သည္။

၎တို႔ ၆ ဦးအေနျဖင့္ ႏိုင္လြတ္လုံ ဥပေဒပုဒ္မ ၁၀ ျဖင့္ ျပစ္မႈထင္ရွားေၾကာင္း တရားစီရင္ျခင္း ခံရပါက အနည္းဆုံး ေထာင္ဒဏ္ ၆ လမွ အမ်ားဆုံး ၃ ႏွစ္အထိ က်ခံရ ႏိုင္သည့္အျပင္ ေငြဒဏ္အားျဖင့္ ၃ သိန္းမွ ၁၅ သိန္းအထိ ခ်မွတ္ႏိုင္သည္ဟု သိရသည္။