ပစ်ခတ်မှုထပ်မဖြစ်စေရန် မွန်နှင့် ကရင် ခေါင်းဆောင်များ သဘောတူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။
မွန်နှင့် ကရင် လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များတွေ့ဆုံပြီး နှစ်ဖွဲ့တပ်ဖွဲ့များအကြား ပစ်ခတ်မှု ထပ်မံ မဖြစ်ပွားစေရန် သဘောတူညီခဲ့ကြသည်။
မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုထပ်မံမဖြစ် ပွားစေရေး အတွက် ပြဿနာတစ်စုံတစ်ရာဖြစ်လာပါကအင်အားသုံး ဖြေရှင်းခြင်းမပြုပဲ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာသွားကြရန် နှစ်ဘက်ခေါင်းဆောင်များက အောက်တိုဘာ ၂၃ ရက်နေ့ (ယနေ့) တွင် ထပ်မံတွေ့ဆုံပြီး သဘောတူညီခဲ့ကြသည်။
မွန်ပြည်သစ်ပါတီ အမှတ် ၅ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး M စိုက်ချမ်း က“ထိတွေ့ပစ်ခတ်မှုတွေ ထပ်မဖြစ်ဖို့နဲ့ တကယ်လို့ ပြဿနာရှိလာခဲ့ရင်လည်း လက်နက်အားကိုးပြီးတော့ ပြဿနာကို မဖြေရှင်းကြဖို့ တွေ့ဆုံဆွေးနွေးမှုနဲ့ပဲ ပြဿနာကို ဖြေရှင်းကြဖို့ ဒါကို အောက်ခြေအဆင့်ဆင့်တွေကို ရှင်းလင်းသွားပြီးတော့ ညီညီညွတ်ညွတ်နေသွားကြဖို့ ဒီနေ့တွေ့ဆုံဆွေးနွေးမှုမှာ သဘောတူထားကြတယ်” ဟု ပြောသည်။
ပြဿနာထပ်မံမဖြစ်ပွားအောင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာရှိ နှစ်ဘက်တပ်ဖွဲ့များကို နောက်ဆုတ်ရန်ညွန်ကြားထားသည် ဟု လည်း ဒု-ဗိုလ်မှူးကြီး M စိုက်ချမ်း က ပြောသည်။
NMSP နှင့် KNU အောက်ခြေတပ်ဖွဲ့ဝင်များအကြား ဘုရားသုံးဆူမြို့နယ်၊ ဗလဲ့ဒွန်ဖိုက်ကျေးရွာတွင် အောက်တိုဘာ ၁၇ ရက်နေ့ကတစ်ကြိမ်၊ အောက်တိုဘာ ၂၁ ရက်နေ့ကတစ်ကြိမ် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်ရန် KNU ဒူးပလာယာခရိုင်/ တပ်မဟာ ၆ တာဝန်ရှိသူများနှင့် NMSP ဗဟိုဝန်းကျင်ဒေသ တာဝန်ရှိသူများက ၃ ကြိမ်ခန့် ပွင့်ပွင့်လင်းလင်း တွေ့ဆုံတွေးနွေးခဲ့ကြပြီး အခင်းဖြစ်ပွားရာနေရာသို့လည်း သွားရောက်စိစစ်ခဲ့ကြသည်။
ကရင်အမျိုးသားအစည်းအရုံး KNU အမှတ် ၁၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောရွှေဝင်း က “သဘောတူထားချက်ကို နှစ်ဘက်လိုက်နာဖို့လိုတယ်။ လိုက်နာမှသာလျှင် နောက်ထပ်တစ်ဖန်ထပ်ဖြစ်ဖို့ မရှိတာပေါ့နော်။ ဒါက နှစ်ဘက်လုံးမှာတာဝန်ရှိတယ်။ နှစ်ဘက်လုံးရဲ့ တာဝန်ဖြစ်တယ်၊ အောက်ခြေအဆင့်ထိ နားလည်သဘောပေါက်အောင်တော့ ရှင်းရမယ့်သဘောတော့ရှိတယ်” ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့ပစ်ခတ်မှုကြောင့် မွန်ပြည်သစ်ပါတီဘက်ရော ကရင်အမျိုးသားအစည်းအရုံးဘက်ကပါ ထိခိုက်သေဆုံးမှုရှိခဲ့သည်။
မွန်နှင့် ကရင်ကြားဖြစ်ပွားသည့် နယ်မြေကိစ္စသည် သတိကြီးစွာဖြင့် အရှိတရားအပေါ် အခြေခံပြီး ဆွေးနွေးအဖြေရှာရန် လိုအပ်သည်ဟု မွန်နိုင်ငံရေးလေ့လာစောင့်ကြည့်သူ မင်းမင်းနွယ်က ပြောသည်။
“ညီညွတ်ရေးကို မလိုလားတဲ့ အင်အားစု သို့မဟုတ် အဖွဲ့အစည်းအချို့ တွေရဲ့ စစ်မဖြစ်ဖြစ်အောင် သွေးထိုးလှုံ့ ဆော်နေတာမျိုးတွေကို နှစ်ဖက်စလုံးက အထူးသတိထားကြဖို့ လိုအပ်မယ်” ဟု မင်းမင်းနွယ် က ပြောသည်။
မွန်ပြည်သစ်ပါတီနှင့် KNU တို့သည် ၁၉၈၈ ခုနှစ်က နယ်မြေအငြင်းပွားမှု ပြဿနာကြောင့် စစ်ရေး ပဋိပက္ခပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ရေးပြဿနာပြေလည်လာခဲ့ရာမှ ၂၀၁၆ ခုနှစ်မှစကာ တစ်ဖန် နယ်မြေအငြင်းပွားသည့်ကိစ္စ သစ်ခိုးထုတ်သည့်ကိစ္စကြောင်း တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ နယ်ဘက်တွင် ပစ်ခတ်မှု ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
ထိုအတူ ရေးမြို့နယ် အတွင်း၌လည်း သစ်ခိုးထုတ်သည့်ကိစ္စကြောင့် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့တို့နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်တို့အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြသေးသည်။
မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး KNU က လည်း တနိုင်ငံလုံးအပစ်ခတ်ရပ် စဲရေးသဘောတူစာချုပ် NCA ကို ယခင်အစိုးရလက်ထက်က လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။
……………
Zawgyi…
ပစ္ခတ္မႈထပ္မျဖစ္ေစရန္ မြန္ႏွင့္ ကရင္ ေခါင္းေဆာင္မ်ား သေဘာတူ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၂၃ ရက္။
မြန္ႏွင့္ ကရင္ လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားမွ ေခါင္းေဆာင္မ်ားေတြ႔ဆံုၿပီး ႏွစ္ဖြဲ႔တပ္ဖြဲ႔မ်ားအၾကား ပစ္ခတ္မႈ ထပ္မံ မျဖစ္ပြားေစရန္ သေဘာတူညီခဲ့ၾကသည္။
မြန္ျပည္သစ္ပါတီ NMSP ႏွင့္ ကရင္အမ်ဳိးသားအစည္းအ႐ုံး KNU တပ္ဖြဲ႔ဝင္မ်ားအၾကား ပစ္ခတ္မႈထပ္မံမျဖစ္ ပြားေစေရး အတြက္ ျပႆနာတစ္စံုတစ္ရာျဖစ္လာပါကအင္အားသံုး ေျဖရွင္းျခင္းမျပဳပဲ ေတြ႔ဆံုေဆြးေႏြးျခင္းျဖင့္ အေျဖရွာသြားၾကရန္ ႏွစ္ဘက္ေခါင္းေဆာင္မ်ားက ေအာက္တိုဘာ ၂၃ ရက္ေန႔ (ယေန႔) တြင္ ထပ္မံေတြ႕ဆံုၿပီး သေဘာတူညီခဲ့ၾကသည္။
မြန္ျပည္သစ္ပါတီ အမွတ္ ၅ တပ္ရင္းမွဴး ဒု-ဗိုလ္မွဴးႀကီး M စိုက္ခ်မ္း က“ထိေတြ႔ပစ္ခတ္မႈေတြ ထပ္မျဖစ္ဖို႔နဲ႔ တကယ္လို႔ ျပႆနာရွိလာခဲ့ရင္လည္း လက္နက္အားကိုးၿပီးေတာ့ ျပႆနာကို မေျဖရွင္းၾကဖို႔ ေတြ႔ဆံုေဆြးေႏြးမႈနဲ႔ပဲ ျပႆနာကို ေျဖရွင္းၾကဖို႔ ဒါကို ေအာက္ေျခအဆင့္ဆင့္ေတြကို ရွင္းလင္းသြားၿပီးေတာ့ ညီညီညြတ္ၫြတ္ေနသြားၾကဖို႔ ဒီေန႔ေတြ႔ဆံုေဆြးေႏြးမႈမွာ သေဘာတူထားၾကတယ္” ဟု ေျပာသည္။
ျပႆနာထပ္မံမျဖစ္ပြားေအာင္ ထိေတြ႔ပစ္ခတ္မႈျဖစ္ပြားခဲ့သည့္ေနရာရွိ ႏွစ္ဘက္တပ္ဖြဲ႔မ်ားကို ေနာက္ဆုတ္ရန္ညြန္ၾကားထားသည္ ဟု လည္း ဒု-ဗိုလ္မွဴးႀကီး M စိုက္ခ်မ္း က ေျပာသည္။
NMSP ႏွင့္ KNU ေအာက္ေျခတပ္ဖြဲ႔ဝင္မ်ားအၾကား ဘုရားသံုးဆူၿမိဳ႕နယ္၊ ဗလဲ့ဒြန္ဖိုက္ေက်းရြာတြင္ ေအာက္တိုဘာ ၁၇ ရက္ေန႔ကတစ္ႀကိမ္၊ ေအာက္တိုဘာ ၂၁ ရက္ေန႔ကတစ္ႀကိမ္ ထိေတြ႔ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ျပႆနာကို အျမန္ဆံုးေျဖရွင္းႏုိင္ရန္ KNU ဒူးပလာယာခရိုင္/ တပ္မဟာ ၆ တာဝန္ရွိသူမ်ားႏွင့္ NMSP ဗဟိုဝန္းက်င္ေဒသ တာဝန္ရွိသူမ်ားက ၃ ႀကိမ္ခန္႔ ပြင့္ပြင့္လင္းလင္း ေတြ႕ဆံုေတြးေႏြးခဲ့ၾကၿပီး အခင္းျဖစ္ပြားရာေနရာသို႔လည္း သြားေရာက္စိစစ္ခဲ့ၾကသည္။
ကရင္အမ်ိဳးသားအစည္းအရံုး KNU အမွတ္ ၁၆ တပ္ရင္းမွဴး ဒုဗိုလ္မွဴးႀကီး ေစာေရႊဝင္း က “သေဘာတူထားခ်က္ကို ႏွစ္ဘက္လိုက္နာဖို႔လိုတယ္။ လိုက္နာမွသာလွ်င္ ေနာက္ထပ္တစ္ဖန္ထပ္ျဖစ္ဖို႔ မရွိတာေပါ့ေနာ္။ ဒါက ႏွစ္ဘက္လံုးမွာတာဝန္ရွိတယ္။ ႏွစ္ဘက္လံုးရဲ႕ တာဝန္ျဖစ္တယ္၊ ေအာက္ေျခအဆင့္ထိ နားလည္သေဘာေပါက္ေအာင္ေတာ့ ရွင္းရမယ့္သေဘာေတာ့ရွိတယ္” ဟု ေျပာသည္။
ယခုရက္ပိုင္းအတြင္း ျဖစ္ပြားခဲ့သည့္ ထိေတြ႔ပစ္ခတ္မႈေၾကာင့္ မြန္ျပည္သစ္ပါတီဘက္ေရာ ကရင္အမ်ဳိးသားအစည္းအ႐ုံးဘက္ကပါ ထိခိုက္ေသဆံုးမႈရွိခဲ့သည္။
မြန္ႏွင့္ ကရင္ၾကားျဖစ္ပြားသည့္ နယ္ေျမကိစၥသည္ သတိႀကီးစြာျဖင့္ အရွိတရားအေပၚ အေျခခံၿပီး ေဆြးေႏြးအေျဖရွာရန္ လိုအပ္သည္ဟု မြန္ႏိုင္ငံေရးေလ့လာေစာင့္ၾကည့္သူ မင္းမင္းႏြယ္က ေျပာသည္။
“ညီညြတ္ေရးကို မလိုလားတဲ့ အင္အားစု သို႔မဟုတ္ အဖြဲ႔အစည္းအခ်ဳိ႕ ေတြရဲ႕ စစ္မျဖစ္ျဖစ္ေအာင္ ေသြးထိုးလံႈ႕ ေဆာ္ေနတာမ်ဳိးေတြကို ႏွစ္ဖက္စလံုးက အထူးသတိထားၾကဖို႔ လိုအပ္မယ္” ဟု မင္းမင္းႏြယ္ က ေျပာသည္။
မြန္ျပည္သစ္ပါတီႏွင့္ KNU တို႔သည္ ၁၉၈၈ ခုႏွစ္က နယ္ေျမအျငင္းပြားမႈ ျပႆနာေၾကာင့္ စစ္ေရး ပဋိပကၡျပင္းထန္စြာ ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း စစ္ေရးျပႆနာေျပလည္လာခဲ့ရာမွ ၂၀၁၆ ခုႏွစ္မွစကာ တစ္ဖန္ နယ္ေျမအျငင္းပြားသည့္ကိစၥ သစ္ခိုးထုတ္သည့္ကိစၥေၾကာင္း တနသၤာရီတိုင္းေဒသႀကီး ေရျဖဴၿမိဳ႕ နယ္ဘက္တြင္ ပစ္ခတ္မႈ ၆ ႀကိမ္ထက္မနည္း ျဖစ္ပြားခဲ့သည္။
ထိုအတူ ေရးၿမိဳ႕နယ္ အတြင္း၌လည္း သစ္ခိုးထုတ္သည့္ကိစၥေၾကာင့္ မြန္ျပည္သစ္ပါတီ တပ္ဖြဲ႔တို႔ႏွင့္ ကရင္အမ်ဳိးသားအစည္းအ႐ုံး KNU တပ္ဖြဲ႔ဝင္တို႔အၾကား ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၾကေသးသည္။
မြန္ျပည္သစ္ပါတီသည္ တစ္ႏိုင္ငံလံုးအပစ္ခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA ကို ေဖေဖာ္၀ါရီလ ၁၃ ရက္ေန႔က လက္မွတ္ေရးထိုးထားသည့္အဖြဲ႔ျဖစ္္ၿပီး KNU က လည္း တႏိုင္ငံလံုးအပစ္ခတ္ရပ္ စဲေရးသေဘာတူစာခ်ဳပ္ NCA ကို ယခင္အစိုးရလက္ထက္က လက္မွတ္ေရးထိုးထားသည့္ အဖြဲ႔ျဖစ္သည္။