ကရင်နီလူငယ်များ အလုပ်နှင့် ထောင်ဒဏ် ၆ လ ချမှတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်။
ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် ဆက်စပ်၍ ကယားပြည်နယ်အစိုးရ၏ ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကရင်နီ လူငယ် (၆) ဦးကို တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် ၆ လစီ ကျခံရန် အမိန့် ချလိုက် သည်။
လွိုင်ကော်မြို့နယ် တရားရုံးက နိုဝင်ဘာလ ၇ ရက်နေ့ (ယနေ့) ၁၈ ကြိမ်မြောက်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ၎င်းတို့၏ အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ က ပြောသည်။
ကရင်နီလူငယ် ၆ ဦး အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ စောခူးတလေ က “အလုပ်နဲ့ထောင်ဒဏ် ၆ လ စီ ကျခံစေ၊ နောက် ချုပ်ရက်တွေ ထုတ်နှုတ်ခံစားစေဆိုပြီး ချမှတ်လိုက်တယ် ဟုတ်တယ်။ အခု သူတို့ ချုပ်ရက်တွေထုတ်နှုတ်လိုက်ရင်တော့ လာမယ့် ဒီဇင်ဘာလ ၂၁ ရက်၊ ၂၀၁၉ ဆိုရင်တော့ ၆ လပြည့်ပြီပေါ့” ဟု သတင်းနှင့်မီဒီယာကွန်ရက် ကို ပြောသည်။
ဥပဒေအရ တရားသူကြီးက အနိမ့်ဆုံး ပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ကရင်နီ လူငယ်များ၏ ရှေ့နေက ပြောသည်။
“တဖက်ကနေ ပြန်ကြည့်မယ်ဆိုရင်တော့ လူငယ်တွေက ဒီစာကို ထုတ်တယ်ဆိုတာက သူတို့ ရဲ့ ကတိကဝတ် ဖောက်ဖျက်ခံရတဲ့ ဒီကတိပေးထားတဲ့ အပေါ်မှာ ချိုးဖောက်ခံရတယ်ဆိုပြီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) အရ သူတို့က သူတို့ရဲ့ နိုင်ငံသားအခွင့်အရေးကို အသုံးချပြီးမှ ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးကို ထောက်ပြတယ်ဆိုပြီးမှ လုပ်တာပေါ့။”
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုး မိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး (သို့) ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိတို့၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ရှိသည်စု ပြဋ္ဌာန်းထားသည့်ဥပဒေရ ကရင်နီလူငယ် (၆) ဦး က ထောက်ပြခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
အလုပ်နှင့် ထောင်ဒဏ် (၆) လစီ ချမှတ်ခံလိုက်ရသည့် ကရင်နီလူငယ် (၆) ဦးမှာ ခွန်းသောမတ်စ်၊ ခူးကြူးဖဲကေး(ခ)ဂူးဂူ၊ ပျားလေး၊ ကိုဒီးဒီ၊ ခူးရီဒူးနှင့် မျိုးလှိုင်ဝင်းတို့ ဖြစ်ကြသည်။
“တဖက်ကနေကြည့်မယ်ဆိုရင်လည်း နိုင်လွတ်လုံဥပဒေကို ကြည့်မယ်ဆိုရင်လည်း အရှင်းကြီးပါ၊ နိုင်ငံ သားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုနဲ့ လွတ်လပ်ခွင့်ဆိုတော့ နိုင်ငံသားတစ် ဦးတစ်ယောက်ချင်း စီအတွက် ပြောတာဖြစ်တယ်။ ဒါပေမယ့် အခုအမှုက ဘာဖြစ်လဲဆိုတော့ ပြည်နယ်အစိုးရကိုယ်စားဆိုပြီး ဆွဲထားတာမျိုးပေါ့၊ ဒါက ဥပဒေအရ လွဲမှားတယ်လို့ ဥပဒေရဲ့ ပြဌာန်းထားတဲ့ ရည်ရွယ်ချက်တွေကို သွေဖီတယ်လို့ သုံးသပ်တယ်” ဟု ရှေ့နေ စောခူးတလေက ထောက်ပြသည်။
ကရင်နီလူငယ်များမှာ ဇွန်လ ၂၁ ရက်နေ့ ၁၄၄ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားအပြီးတွင် အဖမ်းခံခဲ့ခြင်းဖြစ်ပြီး ထောင်မှ ထွက်လာသည့်အခါတွင်လည်း ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ဆက်လက်လုပ်ဆောင်သွားမည်ဟု ကရင်နီလူငယ် ၆ ဦးက သတင်းထောက်များအား ပြောသည်။
ကရင်နီလူငယ် ခွန်းသောမတ်စ် ကတော့ စီရင်ချက်ဟာ တရားမျှတမှု မရှိဘူး ဟု သတင်းထောက်များကို ပြောသည်။
“ကျနော်တို့ ပြောချင်တာ တစ်ခုက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ၊ ထုတ်ဖော်ရေးသားခွင့်တွေဆိုတော့ ဒီမိုကရေစီရဲ့ စံ အခြေခံ သဘောတရားတွေ ဖြစ်ပါတယ်။ ဆိုတော့ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားကို ကျနော်တို့က ကျင့်သုံးတဲ့အခါမှာ ဒီလို အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေက လိုသလိုဆွဲတဲ့ပုံစံလိုမျိုး ဥပဒေတွေကို အသုံးချပြီးတော့ ကျနော်တို့လူငယ်ထုတွေကို ဖိနှိပ်တာက မမျှတဘူးလို့ ကျနော်တို့ ယူဆတယ်”
ကရင်နီလူငယ်များအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်ရခြင်းမှာ ပုဂ္ဂိုလ်ရေးအရ မုန်းတီးခြင်း၊ မနာလိုခြင်းများကြောင့်မဟုတ်ပဲ ကရင်နီအမျိုးသား သမိုင်း၊ တန်ဖိုးနှင့် ဂုဏ်သိက္ခာများအား တန်ဖိုးထားသည့်အတွက် ကန့်ကွက်ရခြင်းသာဖြစ်သည်ဟု ပြောသည်။
ထို့အပြင် ကရင်နီလူငယ် (၆) ဦးအနေဖြင့် တည်ဆဲဥပဒေများကို ချိုးဖောက်ခြင်းမရှိသည့်အပြင် သက်သေခိုင်လုံမှုမရှိပဲ ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခံရခြင်းသည် နိုင်ငံရေးအရ မတရားသည့် လုပ်ရပ်သာဖြစ်သည်ဟု ထောက်ပြခဲ့ကြသည်။
“ကျနော်တို့တွေဟာ ထောင်ဒဏ်ချရမယ့် ပုဂ္ဂိုလ်တွေမဟုတ်ပါဘူး။ ဖမ်းဆီးရမယ့် ပုဂ္ဂိုလ်တွေလည်း မဟုတ်ပါဘူး။ ကျနော်တို့ကို ဖမ်းရအောင် ခိုင်လုံတဲ့ သက်သေတွေလည်း မရှိပါဘူး။ သို့သော် အနေအထားအရ ဒီမိုကရေစီနိုင်ငံသွားပါတယ်လို့ ဘယ်လောက်ပဲပြောပြော လက်ရှိကျင့်သုံးနေတဲ့ ပုံစံက အာဏာရှင်ပုံစံမျိုးပဲ ရှိနေသေးတယ်ဆိုတာ ဒီကနေ့ ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ်မှာ သက်သေပြတာ ဖြစ်ပါတယ်။” ထောင်ဒဏ် ချမှတ်ခံရသည့် ကရင်နီလူငယ် ခွန်းသောမတ်စ် က ဆက်ပြောသည်။
ကရင်နီလူငယ် ၆ ဦး က ကယားပြည်နယ် ဝန်ကြီးချုပ်၊ စီမံရေးနှင့် ဘဏ္ဍာရေးဝန်ကြီးတို့အပြင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီတို့ကြောင့် တိုင်းရင်းသားများ အချင်းချင်းကြားနှင့် ဒေသအတွင်းရှိ ဌာနေတိုင်းရင်းသားများအကြား စည်းလုံးညီညွတ်ရေးကို ပြိုကွဲစေသည်သာမက ကရင်နီသမိုင်းအား ပျက်ပြားစေကြောင်း ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခဲ့သည့် စာကြောင့် ဖမ်းဆီးတရားစွဲခံခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်တို့က ၎င်းတို့၏ ဂုဏ်သိက္ခာကို ညိုးနွမ်းမှု၊ ထိခိုက်မှုရှိသည်ဟု ဆိုကာ ကရင်နီလူငယ် (၆) ဦးကို နိုင်ငံသားများ၏ ပုဂ္ဂိိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး (နိုင်လွတ်လုံ) ဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
Zawgyi…
ကရင္နီလူငယ္မ်ား အလုပ္ႏွင့္ ေထာင္ဒဏ္ ၆ လ ခ်မွတ္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၇ ရက္။
ဗိုလ္ခ်ဳပ္ေၾကးရုပ္ကိစၥႏွင့္ ဆက္စပ္၍ ကယားျပည္နယ္အစိုးရ၏ ဖမ္းဆီးတရားစြဲဆိုခံထားရသည့္ ကရင္နီ လူငယ္ (၆) ဦးကို တရားရံုးမွ အလုပ္ႏွင့္ ေထာင္ဒဏ္ ၆ လစီ က်ခံရန္ အမိန္႔ ခ်လိုက္ သည္။
လိြဳင္ေကာ္ၿမိဳ႕နယ္ တရားရံုးက ႏိုဝင္ဘာလ ၇ ရက္ေန႔ (ယေန႔) ၁၈ ႀကိမ္ေျမာက္ရံုးခ်ိန္းတြင္ အၿပီးသတ္အမိန္႔ခ်မွတ္လိုက္ျခင္း ျဖစ္သည္ဟု ၎တို႔၏ အမႈအား လိုက္ပါေဆာင္ရြက္ေပးေနသည့္ ေရွ႕ေန က ေျပာသည္။
ကရင္နီလူငယ္ ၆ ဦး အမႈအား လိုက္ပါေဆာင္ရြက္ေပးေနသည့္ ေရွ႕ေန ေစာခူးတေလ က “အလုပ္နဲ႔ေထာင္ဒဏ္ ၆ လ စီ က်ခံေစ၊ ေနာက္ ခ်ဳပ္ရက္ေတြ ထုတ္ႏႈတ္ခံစားေစဆိုၿပီး ခ်မွတ္လုိက္တယ္ ဟုတ္တယ္။ အခု သူတို႔ ခ်ဳပ္ရက္ေတြထုတ္ႏႈတ္လိုက္ရင္ေတာ့ လာမယ့္ ဒီဇင္ဘာလ ၂၁ ရက္၊ ၂၀၁၉ ဆိုရင္ေတာ့ ၆ လျပည့္ၿပီေပါ့” ဟု သတင္းႏွင့္မီဒီယာကြန္ရက္ ကို ေျပာသည္။
ဥပေဒအရ တရားသူႀကီးက အနိမ့္ဆံုး ျပစ္ဒဏ္ကို ခ်မွတ္ခဲ့ျခင္း ျဖစ္သည္ဟု ကရင္နီ လူငယ္မ်ား၏ ေရွ႔ေနက ေျပာသည္။
“တဖက္ကေန ျပန္ၾကည့္မယ္ဆုိရင္ေတာ့ လူငယ္ေတြက ဒီစာကို ထုတ္တယ္ဆိုတာက သူတို႔ ရဲ႕ ကတိကဝတ္ ေဖာက္ဖ်က္ခံရတဲ့ ဒီကတိေပးထားတဲ့ အေပၚမွာ ခ်ိဳးေဖာက္ခံရတယ္ဆုိၿပီးမွ ဖြဲ႕စည္းပံုအေျခခံဥပေဒ ပုဒ္မ ၃၅၄ (က) အရ သူတို႔က သူတို႔ရဲ႕ ႏုိင္ငံသားအခြင့္အေရးကို အသံုးခ်ၿပီးမွ ဝန္ႀကီးခ်ဳပ္နဲ႔ စီမံဘ႑ာဝန္ႀကီးကို ေထာက္ျပတယ္ဆိုၿပီးမွ လုပ္တာေပါ့။”
ဖြဲ႕စည္းပံုအေျခခံဥပေဒ ပုဒ္မ ၃၅၄ (က) တြင္ ႏိုင္ငံသားတိုင္းသည္ ႏိုင္ငံေတာ္လံုၿခံဳေရး၊ တရားဥပေဒစိုး မိုးေရး၊ ရပ္ရြာေအးခ်မ္းသာယာေရး (သို႔) ျပည္သူတုိ႔၏ ကိုယ္က်င့္တရား အက်ိဳးငွာ ျပ႒ာန္းထားသည့္ ဥပေဒမ်ားႏွင့္ မဆန္႔က်င္လ်ွင္ မိမိတို႔၏ ယံုၾကည္ခ်က္၊ ထင္ျမင္ယူဆခ်က္မ်ားကို လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိခြင့္၊ ေရးသားျဖန္႔ေဝခြင့္ရွိသည္စု ျပ႒ာန္းထားသည့္ဥပေဒရ ကရင္နီလူငယ္ (၆) ဦး က ေထာက္ျပခဲ့ျခင္းျဖစ္သည္ဟု ေျပာသည္။
အလုပ္ႏွင့္ ေထာင္ဒဏ္ (၆) လစီ ခ်မွတ္ခံလိုက္ရသည့္ ကရင္နီလူငယ္ (၆) ဦးမွာ ခြန္းေသာမတ္စ္၊ ခူးၾကဴးဖဲေကး(ခ)ဂူးဂူ၊ ပ်ားေလး၊ ကိုဒီးဒီ၊ ခူးရီဒူးႏွင့္ မ်ိဳးလိႈင္ဝင္းတို႔ ျဖစ္ၾကသည္။
“တဖက္ကေနၾကည့္မယ္ဆုိရင္လည္း ႏိုင္လြတ္လံုဥပေဒကို ၾကည့္မယ္ဆုိရင္လည္း အရွင္းႀကီးပါ၊ ႏုိင္ငံ သားမ်ား၏ ပုဂၢိဳလ္ေရးဆိုင္ရာ လံုၿခံဳမႈနဲ႔ လြတ္လပ္ခြင့္ဆိုေတာ့ ႏုိင္ငံသားတစ္ ဦးတစ္ေယာက္ခ်င္း စီအတြက္ ေျပာတာျဖစ္တယ္။ ဒါေပမယ့္ အခုအမႈက ဘာျဖစ္လဲဆိုေတာ့ ျပည္နယ္အစိုးရကိုယ္စားဆုိၿပီး ဆြဲထားတာမ်ိဳးေပါ့၊ ဒါက ဥပေဒအရ လြဲမွားတယ္လို႔ ဥပေဒရဲ႕ ျပဌာန္းထားတဲ့ ရည္ရြယ္ခ်က္ေတြကို ေသြဖီတယ္လို႔ သံုးသပ္တယ္” ဟု ေရွ႕ေန ေစာခူးတေလက ေထာက္ျပသည္။
ကရင္နီလူငယ္မ်ားမွာ ဇြန္လ ၂၁ ရက္ေန႔ ၁၄၄ ႀကိမ္ေျမာက္ ကရင္နီအမ်ိဳးသားေန႔ အခမ္းအနားအၿပီးတြင္ အဖမ္းခံခဲ့ျခင္းျဖစ္ၿပီး ေထာင္မွ ထြက္လာသည့္အခါတြင္လည္း ဗိုလ္ခ်ဳပ္ေၾကးရုပ္ကိစၥ ဆက္လက္လုပ္ေဆာင္သြားမည္ဟု ကရင္နီလူငယ္ ၆ ဦးက သတင္းေထာက္မ်ားအား ေျပာသည္။
ကရင္နီလူငယ္ ခြန္းေသာမတ္စ္ ကေတာ့ စီရင္ခ်က္ဟာ တရားမွ်တမႈ မရွိဘူး ဟုု သတင္းေထာက္မ်ားကို ေျပာသည္။
“က်ေနာ္တုိ႔ ေျပာခ်င္တာ တစ္ခုက လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ေတြ၊ ထုတ္ေဖာ္ေရးသားခြင့္ေတြဆုိေတာ့ ဒီမိုကေရစီရဲ႕ စံ အေျခခံ သေဘာတရားေတြ ျဖစ္ပါတယ္။ ဆုိေတာ့ ဒီမိုကေရစီရဲ႕ အေျခခံသေဘာတရားကို က်ေနာ္တုိ႔က က်င့္သံုးတဲ့အခါမွာ ဒီလို အာဏာရွိတဲ့ ပုဂၢိဳလ္ေတြက လိုသလိုဆြဲတဲ့ပံုစံလိုမ်ိဳး ဥပေဒေတြကို အသံုးခ်ၿပီးေတာ့ က်ေနာ္တုိ႔လူငယ္ထုေတြကို ဖိႏွိပ္တာက မမ်ွတဘူးလို႔ က်ေနာ္တုိ႔ ယူဆတယ္”
ကရင္နီလူငယ္မ်ားအေနျဖင့္ ဗုိလ္ခ်ဳပ္ေအာင္ဆန္းျမင္းစီးေၾကးရုပ္ကိစၥႏွင့္ ပတ္သက္၍ ကန္႔ကြက္ရျခင္းမွာ ပုဂၢိဳလ္ေရးအရ မုန္းတီးျခင္း၊ မနာလိုျခင္းမ်ားေၾကာင့္မဟုတ္ပဲ ကရင္နီအမ်ိဳးသား သမိုင္း၊ တန္ဖိုးႏွင့္ ဂုဏ္သိကၡာမ်ားအား တန္ဖိုးထားသည့္အတြက္ ကန္႔ကြက္ရျခင္းသာျဖစ္သည္ဟု ေျပာသည္။
ထို႔အျပင္ ကရင္နီလူငယ္ (၆) ဦးအေနျဖင့္ တည္ဆဲဥပေဒမ်ားကို ခ်ိဳးေဖာက္ျခင္းမရွိသည့္အျပင္ သက္ေသခိုင္လံုမႈမရွိပဲ ယခုကဲ့သို႔ ေထာင္ဒဏ္ခ်မွတ္ခံရျခင္းသည္ ႏုိင္ငံေရးအရ မတရားသည့္ လုပ္ရပ္သာျဖစ္သည္ဟု ေထာက္ျပခဲ့ၾကသည္။
“က်ေနာ္တုိ႔ေတြဟာ ေထာင္ဒဏ္ခ်ရမယ့္ ပုဂိၢဳလ္္ေတြမဟုတ္ပါဘူး။ ဖမ္းဆီးရမယ့္ ပုဂၢိဳလ္ေတြလည္း မဟုတ္ပါဘူး။ က်ေနာ္တုိ႔ကို ဖမ္းရေအာင္ ခိုင္လံုတဲ့ သက္ေသေတြလည္း မရွိပါဘူး။ သို႔ေသာ္ အေနအထားအရ ဒီမိုကေရစီႏုိင္ငံသြားပါတယ္လို႔ ဘယ္ေလာက္ပဲေျပာေျပာ လက္ရွိက်င့္သံုးေနတဲ့ ပံုစံက အာဏာရွင္ပံုစံမ်ိဳးပဲ ရွိေနေသးတယ္ဆိုတာ ဒီကေန႔ ေထာင္ဒဏ္ခ်မွတ္လိုက္တဲ့အေပၚမွာ သက္ေသျပတာ ျဖစ္ပါတယ္။” ေထာင္ဒဏ္ ခ်မွတ္ခံရသည့္ ကရင္နီလူငယ္ ခြန္းေသာမတ္စ္ က ဆက္ေျပာသည္။
ကရင္နီလူငယ္ ၆ ဦး က ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ စီမံေရးႏွင့္ ဘ႑ာေရးဝန္ႀကီးတို႔အျပင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျမင္းစီး ေၾကးရုပ္ျဖစ္ေျမာက္ေရး ေကာ္မတီတုိ႔ေၾကာင့္ တိုင္းရင္းသားမ်ား အခ်င္းခ်င္းၾကားႏွင့္ ေဒသအတြင္းရွိ ဌာေနတုိင္းရင္းသားမ်ားအၾကား စည္းလံုးညီညြတ္ေရးကို ၿပိဳကြဲေစသည္သာမက ကရင္နီသမိုင္းအား ပ်က္ျပားေစေၾကာင္း ၿပီးခဲ့သည့္ မတ္လ ၂၅ ရက္ေန႔က လက္မွတ္ေရးထိုးကာ ထုတ္ျပန္ခဲ့သည့္ စာေၾကာင့္ ဖမ္းဆီးတရားစြဲခံခဲ့ရျခင္းျဖစ္သည္။
ထို႔ေၾကာင့္ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရိႈႏွင့္ စီမံကိန္း ႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးေမာ္ေမာ္တို႔က ၎တို႔၏ ဂုဏ္သိကၡာကို ညိဳးႏြမ္းမႈ၊ ထိခိုက္မႈရွိသည္ဟု ဆိုကာ ကရင္နီလူငယ္ (၆) ဦးကို ႏုိင္ငံသားမ်ား၏ ပုဂိၢိဳလ္္ေရးဆိုင္ရာ လြတ္လပ္မႈႏွင့္ လံုၿခံဳမႈကို ကာကြယ္ေပးေရး (ႏိုင္လြတ္လံု) ဥပေဒ ပုဒ္မ ၁၀ ျဖင့္ တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။