ရှမ်းမြောက်တွင် ပြန်ပေးစွဲရာမှ ပစ်ခတ်မှုဖြစ်ပွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ပြန်ပေးဆွဲရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့သည်။
ကွတ်ခိုင်မြို့နယ်အတွင်းရှိ မိုင်းယုလေးကျေးရွာတွင် မူးယစ်ဆေးသုံးစွဲ ရောင်းချသူ အမျိုးသမီးတစ်ဦးကို လက် နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျပ်သိန်း ၃၀ ဖြင့် လာရွေး ရန် ပြောဆိုလာပြီးနောက် မရွေးနိုင်သည့်အတွက် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူ၏ မိသားစုဝင်များက ရွေးရန်ငွေကြေးမရှိသောကြောင့် အမျိုးသမီးအား ဖမ်းဆီးသွားခဲ့သော လက်နက်ကိုင်အဖွဲ့အစည်းမှ နိုဝင်ဘာလ ၅ ရက်နေ့တွင် အဆိုပါ အမျိုးသမီး၏ မိသားစုဝင်တစ်ဦးအား သေနတ်ဖြင့် လာရောက်ပစ်ခတ် သွားသည့်အတွက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု အမည် မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။
“အခုသူက ရွှေလီ ပေါ့နော်၊ ရွှေလီ ဆေးရုံမှာ ဆေးကုသနေတယ်။ သူရဲ့ဒဏ်ရာအခြေအနေကတော့ အခုလောလောဆယ် အရကတော့ သိပ်ပြောလို့မရတဲ့ အခြေအနေပဲရှိသေးတာပေါ့နော်။”
ဒဏ်ရာရသူကို နမ့်ဖတ်ကာ ဆေးရုံမှ တဆင့် မူဆယ်ဆေးရုံ၊ မူဆယ်ဆေးရုံမှ တရုတ်နယ်စပ် ရွှေလီဆေးရုံသို့ အဆင့်ဆင့် ပို့ဆောင်ခဲ့ရပြီး လမ်းတွင် အချိန် ကြာသွားခဲ့သည်ဟု ဒေသခံက ပြောသည်။
“ဒီနေ့မနက်အခြေအနေထိတော့ ဆရာ ခွဲစိတ်မယ်ဆိုတောင်မှ သူက ခွဲစိတ်ရမယ့်အချိန် လွန်သွား တာမျိုးပေါ့ နော်။ လူနာက သွေးထွက်လွန်သွားတဲ့ အခါကျတော့ သွေးပေါင် မငြိမ်တာမျိုး မနေ့ညက အဲလိုမျိုးတွေ ဖြစ်သွား တော့ ချက်ချင်းပြန်ပြောပြီး ခွဲစိတ်လို့ မရဘူးပေါ့။”
ဖမ်းဆီးခံထားရသည့် အမျိုးသမီးမှာလည်း ယနေ့အချိန်ထိ ပြန်လည်လွတ်လာခြင်း မရှိသေးဘူးဟု ဒေသခံ များနှင့် မိသားစုဝင်များက ပြောသည်။
သေနတ်ဖြင့် အပစ်ခံရသူမှာ လက်နက်ကိုင် အဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသည့် အမျိုးသမီး၏ ခဲအိုဖြစ်ပြီး လည်ပင်းတွင် သေနတ်ဒဏ်ရာ ထိမှန်ခဲ့သည်ဟု ဆိုသည်။ အိမ်ထဲတွင် ရှိနေစဉ် လက်နက်ကိုင် အဖွဲ့အစည်းက လာရောက်ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။
“ဒီအခု ပစ်ခတ်ခံရတဲ့ သူရဲ့ ညီရဲ့ အမျိုးသမီးက အဲ့လိုမျိုးပေါ့နော် သောက်လည်းသောက်တယ် ရောင်းလည်းရောင်းတယ်။ အဲလိုမျိုးပေါ့ အဲ့လူကို အဖွဲ့အစည်းကနေပြီးမှ လာဖမ်းသွားတယ်။ ဖမ်းသွားပြီးမှ သူ့အမျိုးသား ဖြစ်တဲ့လူကျတော့ သူလည်း အဲ့လိုမျိုး သောက်သောက်စားစား ဖြစ်တဲ့ အခါကျတော့ တာဝန်မယူနိုင်ဘူးပေါ့။ အဲ့လိုမျိုး ဖြစ်တဲ့ အခါကျတော့ အဲ့အစ်ကိုဖြစ်တဲ့သူကိုပေါ့ သူ့ခယ်မကို ငွေ သိန်း ၃၀ နဲ့လာ ရွေးခိုင်းတဲ့ သဘောပေါ့” ဟု လုံခြုံရေးအရ အမည်အဖော်လိုသူ မိသားစုဝင် တစ်ဦးက ပြောသည်။
သေနတ်ပစ်ခံရသည့် သူမှာဈေးဆိုင်၊ ခေါက်ဆွဲဆိုင် ဖွင့်ထားသော်လည်း သာမန်ပြည်သူ တစ်ယောက်သာဖြစ်ပြီး ငွေပိုငွေလျှံမရှိသောကြောင့် လက်နက်ကိုင် အဖွဲ့အစည်းက တောင်းသည့် ငွေပမာဏကို မပေးနိုင်ဟု အဆိုပါ မိသားစုဝင် တစ်ဦးက ဆက်ပြောသည်။
“ဒီဘက်က ပြန်ပြောလိုက်တာက ငွေလည်းမရှိတဲ့ အတွက်ကြောင့်မို့ပေါ့နော် သွားရွေးဖို့ သာမန် လုပ်စားတစ် ယောက်အနေနဲ့ သိန်း ၃၀ ဆိုတဲ့ဟာက ဘယ်က သွားယူမလဲ။ သူတို့တောင်းတဲ့ဟာလည်း များတယ်။ အဲဒါကြောင့်မို့လို့ အဲ့ဒဏ်ငွေကိုလည်း သူကမပေးနိုင်ဘူးပေါ့။”
သို့သော် အမျိုးသမီးအား ဖမ်းဆီးခေါ်ဆောင်သွားသည့် လက်နက်ကိုင် အဖွဲ့အစည်းအမည်ကို သတင်းနှင့် မီဒီ ယာကွန်ရက်က မေးမြန်းရာတွင် အဆိုပါ မိသားစုဝင်က ထုတ်ဖော်ပြောဆို ခဲ့ခြင်းမရှိပေ။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် လက်နက်ကိုင် အဖွဲ့အစည်းများက ဒေသခံများမှာ အပေါ် လူ့အခွင့်အရေး အမျိုးမျိုး ချိုးဖောက်မှုကို ကျူးလွန်နေသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။
ထို့အပြင် ယခုနောက်ပိုင်းတွင် ဒေသခံ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်လာသည့် သဘောမျိုးကို တွေ့ နေရသည့်အတွက် ဒေသခံပြည်သူများမှာ စိုးရိမ် ထိတ်လန့်စိတ်များနှင့် မလုံခြုံမှုကို ခံစားနေရသည်ဟု ဒေသ ခံများက ပြောသည်။
Zawgyi…
ရွမ္းေျမာက္တြင္ ျပန္ေပးစြဲရာမွ ပစ္ခတ္မႈျဖစ္ပြား
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ႏို၀င္ဘာလ ၇ ရက္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႔တြင္ ျပန္ေပးဆြဲရာမွ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီး လူတစ္ဦး ျပင္းထန္စြာ ဒဏ္ရာ ရရွိသြားခဲ့သည္။
ကြတ္ခိုင္ၿမိဳ ့နယ္အတြင္းရွိ မိုင္းယုေလးေက်းရြာတြင္ မူးယစ္ေဆးသံုးစြဲ ေရာင္းခ်သူ အမ်ိဳးသမီးတစ္ဦးကို လက္ နက္ကိုင္ အဖြဲ႔အစည္းတစ္ခုမွ ဖမ္းဆီးေခၚေဆာင္သြားၿပီး က်ပ္သိန္း ၃၀ ျဖင့္ လာေရြး ရန္ ေျပာဆိုလာၿပီးေနာက္ မေရြးႏုိင္သည့္အတြက္ ပစ္ခတ္မႈတစ္ခုျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
ဖမ္းဆီးေခၚေဆာင္ခံရသူ၏ မိသားစု၀င္မ်ားက ေရြးရန္ေငြေၾကးမရွိေသာေၾကာင့္ အမ်ဳိးသမီးအား ဖမ္းဆီးသြားခဲ့ေသာ လက္နက္ကိုင္အဖြဲ႔အစည္းမွ ႏို၀င္ဘာလ ၅ ရက္ေန႔တြင္ အဆိုပါ အမ်ိဳးသမီး၏ မိသားစု၀င္တစ္ဦးအား ေသနတ္ျဖင့္ လာေရာက္ပစ္ခတ္ သြားသည့္အတြက္ ျပင္းထန္စြာ ဒဏ္ရာရရွိခဲ့သည္ဟု အမည္ မေဖာ္လိုသူ ေဒသခံ တစ္ဦးက ေျပာသည္။
“အခုသူက ေရႊလီ ေပါ့ေနာ္၊ ေရႊလီ ေဆးရံုမွာ ေဆးကုသေနတယ္။ သူရဲ ႔ဒဏ္ရာအေျခအေနကေတာ့ အခုေလာေလာဆယ္ အရကေတာ့ သိပ္္ေျပာလို ့မရတဲ့ အေျခအေနပဲရွိေသးတာေပါ့ေနာ္။”
ဒဏ္ရာရသူကို နမ့္ဖတ္ကာ ေဆးရံုမွ တဆင့္ မူဆယ္ေဆးရံု၊ မူဆယ္ေဆးရံုမွ တရုတ္နယ္စပ္ ေရႊလီေဆးရံုသို႔ အဆင့္ဆင့္ ပို႔ေဆာင္ခဲ့ရၿပီး လမ္းတြင္ အခ်ိန္ ၾကာသြားခဲ့သည္ဟု ေဒသခံက ေျပာသည္။
“ဒီေန ့မနက္အေျခအေနထိေတာ့ ဆရာ ခြဲစိတ္မယ္ဆိုေတာင္မွ သူက ခြဲစိတ္ရမယ့္အခ်ိန္ လြန္သြား တာမ်ိဳးေပါ့ ေနာ္။ လူနာက ေသြးထြက္လြန္သြားတဲ့ အခါက်ေတာ့ ေသြးေပါင္ မၿငိမ္တာမ်ိဳး မေန ့ညက အဲလိုမ်ိဳးေတြ ျဖစ္သြား ေတာ့ ခ်က္ခ်င္းျပန္ေျပာၿပီး ခြဲစိတ္လို႔ မရဘူးေပါ့။”
ဖမ္းဆီးခံထားရသည့္ အမ်ိဳးသမီးမွာလည္း ယေန႔အခ်ိန္ထိ ျပန္လည္လြတ္လာျခင္း မရွိေသးဘူးဟု ေဒသခံ မ်ားႏွင့္ မိသားစုဝင္မ်ားက ေျပာသည္။
ေသနတ္ျဖင့္ အပစ္ခံရသူမွာ လက္နက္ကိုင္ အဖြဲ႔အစည္းက ဖမ္းဆီးေခၚေဆာင္သြားျခင္း ခံရသည့္ အမ်ိဳးသမီး၏ ခဲအိုျဖစ္ၿပီး လည္ပင္းတြင္ ေသနတ္ဒဏ္ရာ ထိမွန္ခဲ့သည္ဟု ဆိုသည္။ အိမ္ထဲတြင္ ရွိေနစဥ္ လက္နက္ကိုင္ အဖြဲ႔အစည္းက လာေရာက္ပစ္ခတ္သြားခဲ့ျခင္း ျဖစ္သည္။
“ဒီအခု ပစ္ခတ္ခံရတဲ့ သူရဲ႕ ညီရဲ႕ အမ်ိဳးသမီးက အဲ့လိုမ်ိဳးေပါ့ေနာ္ ေသာက္လည္းေသာက္တယ္ ေရာင္းလည္းေရာင္းတယ္။ အဲလိုမ်ိဳးေပါ့ အဲ့လူကို အဖြဲ႔အစည္းကေနၿပီးမွ လာဖမ္းသြားတယ္။ ဖမ္းသြားၿပီးမွ သူ႔အမ်ိဳးသား ျဖစ္တဲ့လူက်ေတာ့ သူလည္း အဲ့လိုမ်ိဳး ေသာက္ေသာက္စားစား ျဖစ္တဲ့ အခါက်ေတာ့ တာ၀န္မယူႏိုင္ဘူးေပါ့။ အဲ့လိုမ်ိဳး ျဖစ္တဲ့ အခါက်ေတာ့ အဲ့အစ္ကိုျဖစ္တဲ့သူကိုေပါ့ သူ ့ခယ္မကို ေငြ သိန္း ၃၀ နဲ ့လာ ေရြးခိုင္းတဲ့ သေဘာေပါ့” ဟု လံုၿခံဳေရးအရ အမည္အေဖာ္လိုသူ မိသားစု၀င္ တစ္ဦးက ေျပာသည္။
ေသနတ္ပစ္ခံရသည့္သူမွာ ေစ်းဆိုင္၊ ေခါက္ဆြဲဆိုင္ ဖြင့္ထားေသာ္လည္း သာမန္ျပည္သူ တစ္ေယာက္သာျဖစ္ၿပီး ေငြပိုေငြလွ်ံမရွိေသာေၾကာင့္ လက္နက္ကိုင္ အဖြဲ႔အစည္းက ေတာင္းသည့္ ေငြပမာဏကို မေပးႏိုင္ဟု အဆိုပါ မိသားစု၀င္ တစ္ဦးက ဆက္ေျပာသည္။
“ဒီဘက္က ျပန္ေျပာလိုက္တာက ေငြလည္းမရွိတဲ့ အတြက္ေၾကာင့္မို႔ေပါ့ေနာ္ သြားေရြးဖို ့ သာမန္ လုပ္စားတစ္ ေယာက္အေနနဲ ့ သိန္း ၃၀ ဆိုတဲ့ဟာက ဘယ္က သြားယူမလဲ။ သူတို ့ေတာင္းတဲ့ဟာလည္း မ်ားတယ္။ အဲဒါေၾကာင့္မို႔လို႔ အဲ့ဒဏ္ေငြကိုလည္း သူကမေပးႏိုင္ဘူးေပါ့။”
သို႔ေသာ္ အမ်ိဳးသမီးအား ဖမ္းဆီးေခၚေဆာင္သြားသည့္ လက္နက္ကိုင္ အဖြဲ႔အစည္းအမည္ကို သတင္းႏွင့္ မီဒီ ယာကြန္ရက္က ေမးျမန္းရာတြင္ အဆိုပါ မိသားစု၀င္က ထုတ္ေဖာ္ေျပာဆို ခဲ့ျခင္းမရွိေပ။
ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ တိုက္ပြဲမ်ားေၾကာင့္ လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားက ေဒသခံမ်ားမွာ အေပၚ လူ႔အခြင့္အေရး အမ်ိဳးမ်ိဳး ခ်ိဳးေဖာက္မႈကို က်ဴးလြန္ေနသည္ဟု လူ႔အခြင့္အေရး လႈပ္ရွားသူမ်ားက ေျပာသည္။
ထို႔အျပင္ ယခုေနာက္ပိုင္းတြင္ ေဒသခံ ျပည္သူမ်ားကို ပစ္မွတ္ထား တိုက္ခိုက္လာသည့္ သေဘာမ်ိဳးကို ေတြ႕ ေနရသည့္အတြက္ ေဒသခံျပည္သူမ်ားမွာ စိုးရိမ္ ထိတ္လန္႔စိတ္မ်ားႏွင့္ မလံုျခဳံမႈကို ခံစားေနရသည္ဟု ေဒသ ခံမ်ားက ေျပာသည္။