မွန်စခန်းကို ပြန်ပေးရန် တပ်မတော်အား မွန်အရပ်ဖက်အဖွဲ့များ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်။

မွန်ပြည်သစ်ပါတီ စခန်းကို ပြန်ပေးရန်နှင့် ပဋိပက္ခကို နှစ်ဖက်တွေ့ဆုံဆွေးနွေးဖြေရှင်းပေးရန် မွန်အရပ်ဘက်အဖွဲ့များက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ တောင်းဆိုလိုက်သည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ မွန်ပြည်သစ်ပါတီ တပ်တည်နေရာစခန်းသို့ ထိုင်း-မြန်မာနယ်စပ် နယ်နိ မိတ်ကို စစ်ဆေးရန်ဆိုကာ တပ်မတော်နှင့် BGF စစ်ကြောင်းတို့က ခွင့်ပြုချက်မရှိပဲ ဝင်ရောက်လာခြင်း သည် NCA စာချုပ်ပါ အချက်ကို ချိုးဖောက်ရာရောက်သည်ဟု မွန်အရပ်ဖက်လူမှုအဖွဲ့အစည်း က ပြောထားသည်။

မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် မွန်စာရေးဆရာများအသင်းမှ နိုင်ကသုမွန် က “ဒီလိုဖြစ်တဲ့ကိစ္စမှာတော့ တပ်မတော်အနေနဲ့ NCA ကို ချိုးဖောက်တယ်လို့ ကျနော်တို့ သုံးသပ်တယ်၊ ရှေ့ ဆက်ထပ်ဖြစ်ရင်လည်း ငြိမ်းချမ်းရေးက အခက်အခဲဖြစ်လာနိုင်စရာရှိတယ်” ဟု ပြောသည်။

NCA စာချုပ်ပါ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မကိုက်ညီသည့် ပြုမူဆောင်ရွက်ခဲ့မှုများအား ထပ်မံမဖြစ်ပွားရေးအတွက် သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များအား ထိန်းသိမ်းကြီးကြပ်ပေးရန်နှင့် နယ်မြေတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် သိမ်းယူထားသည့် မွန်ပြည်သစ်ပါတီ တပ်စခန်းကို မွန်ပြည်သစ်ပါတီထံ ပြန်လည်အပ်နှံပေးရန်လည်း မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းတို့က တောင်းဆိုထားသည်။

နှစ်ဖက် ပြေလည်မှုရရှိစေရေးအတွက် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးညှိနှိုင်းပေးရန် မွန်အရပ်ဖက်လူမှုအဖွဲ့ အစည်းများက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဒီဇင်ဘာလ ၁ ရက်နေ့က စာပေးပို့တောင်း ဆိုလိုက်ခြင်းဖြစ်သည်။

ထို့အပြင် ရရှိနှင့်ပြီးသော တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေနိုင်ပြီး တိုင်းရင်းသားလူမျိုးများအကြား အထင်အမြင်လွဲမှားမှုနှင့် ပဋိပက္ခအသွင် ထိပ်တိုက်ရင်ဆိုင်မှုကို ဦးတည်စေနိုင်သော မည်သည့်လုပ်ရပ်မျိုးကိုမှ မပြုလုပ်မိစေရန်အတွက် ထိန်းကျောင်းတည့်မတ်ပေးရန် တိုက်တွန်းထားသည်။

မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့ နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းခန့်က ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ နယ် ဂျပန်ရေတွင်းကျေးရွာရှိ မွန်ပြည်သစ်ပါတီအခြေစိုက်တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး အဆိုပါ မွန်ပြည်သစ်ပါတီတပ်စခန်းနေရာကို တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်နေရာယူထားခဲ့သည်။

တပ်စခန်းနေရာတွင် တပ်မတော်မှ ဝင်ရောက်နေရာယူထားသည့်ကိစ္စနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂ ရက်နေ့က မွန်ပြည်သစ်ပါတီနှင့် အရှေ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တွေ့ ဆုံဆွေးနွေးခဲ့ကြသလို ဒီဇင်ဘာ ၃ ရက်နေ့က မွန်ပြည်သစ်ပါတီနှင့် တပ်မတော်ခေါင်းဆောင်တို့က ဘုရားသုံးဆူမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးပြီးနောက် မွန်ပြည်သစ်ပါတီ ဂျပန်ရေတွင်းစခန်းမှ တပ်မတော် ဆုတ်ခွာသွားခဲ့သော် လည်း အဆိုပါဂိတ်နှင့် ကိုက် ၃၀၀ အကွာခန့်ရှိ ဟင်္သာဂိတ်ဆိုသည့် နေရာတွင် တပ်မတော်က ဆက်လက်တည်ရှိနေဆဲဟု မွန်ပြည်သစ်ပါတီ အမှတ် ၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး M စိုက်ချမ်းက ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့်နှင့် မွန်ပြည်သစ်ပါတီတပ်စခန်းတည်နေရာ ကျေးရွာအတွင်း တပ်မတော်နှင့် BGF တပ်သားတို့ ဝင်ရောက်တပ်စွဲထားသည့်အတွက် ဂျပန်ရေတွင်းကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကြံတောရွာ၊ တပ်ရင်း (၃) ရွာတို့မှ ဒေသခံ ၈၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Zawgyi…

မြန္စခန္းကို ျပန္ေပးရန္ တပ္မေတာ္အား မြန္အရပ္ဖက္အဖြဲ႔မ်ား ေတာင္းဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၁၀ ရက္။

မြန္ျပည္သစ္ပါတီ စခန္းကို ျပန္ေပးရန္ႏွင့္ ပဋိပကၡကို ႏွစ္ဖက္ေတြ႔ဆံုေဆြးေႏြးေျဖရွင္းေပးရန္ မြန္အရပ္ဘက္အဖြဲ႔မ်ားက တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ထံ ေတာင္းဆိုလိုက္သည္။

ထိုင္း-ျမန္မာနယ္စပ္ ဘုရားသံုးဆူၿမိဳ႕ မြန္ျပည္သစ္ပါတီ တပ္တည္ေနရာစခန္းသို႔ ထိုင္း-ျမန္မာနယ္စပ္ နယ္နိ မိတ္ကို စစ္ေဆးရန္ဆိုကာ တပ္မေတာ္ႏွင့္ BGF စစ္ေၾကာင္းတို႔က ခြင့္ျပဳခ်က္မရွိပဲ ဝင္ေရာက္လာျခင္း သည္ NCA စာခ်ဳပ္ပါ အခ်က္ကို ခ်ဳိးေဖာက္ရာေရာက္သည္ဟု မြန္အရပ္ဖက္လူမႈအဖြဲ႔အစည္း က ေျပာထားသည္။

မြန္အရပ္ဖက္လူမႈအဖြဲ႔အစည္းတစ္ခုျဖစ္သည့္ မြန္စာေရးဆရာမ်ားအသင္းမွ ႏိုင္ကသုမြန္ က “ဒီလိုျဖစ္တဲ့ကိစၥမွာေတာ့ တပ္မေတာ္အေနနဲ႔ NCA ကို ခ်ဳိးေဖာက္တယ္လို႔ က်ေနာ္တို႔ သံုးသပ္တယ္၊ ေရွ႕ ဆက္ထပ္ျဖစ္ရင္လည္း ၿငိမ္းခ်မ္းေရးက အခက္အခဲျဖစ္လာႏိုင္စရာရွိတယ္” ဟု ေျပာသည္။

NCA စာခ်ဳပ္ပါ လိုက္နာေဆာင္ရြက္ရမည့္အခ်က္မ်ားႏွင့္ မကိုက္ညီသည့္ ျပဳမူေဆာင္ရြက္ခဲ့မႈမ်ားအား ထပ္မံမျဖစ္ပြားေရးအတြက္ သက္ဆိုင္ရာ တပ္ရင္း၊ တပ္ဖြဲ႔မ်ားအား ထိန္းသိမ္းႀကီးၾကပ္ေပးရန္ႏွင့္ နယ္ေျမတည္ျငိမ္ေရးႏွင့္ ျငိမ္းခ်မ္းေရးကို ေရွး႐ႈေသာအားျဖင့္ သိမ္းယူထားသည့္ မြန္ျပည္သစ္ပါတီ တပ္စခန္းကို မြန္ျပည္သစ္ပါတီထံ ျပန္လည္အပ္ႏွံေပးရန္လည္း မြန္အရပ္ဖက္လူမႈအဖြဲ႔အစည္းတို႔က ေတာင္းဆိုထားသည္။

ႏွစ္ဖက္ ေျပလည္မႈရရွိေစေရးအတြက္ ႏွစ္ဦးႏွစ္ဖက္ ေတြ႔ဆံုေဆြးေႏြးၫွိႏႈိင္းေပးရန္ မြန္အရပ္ဖက္လူမႈအဖြဲ႔ အစည္းမ်ားက တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ထံ ဒီဇင္ဘာလ ၁ ရက္ေန႔က စာေပးပို႔ေတာင္း ဆိုလိုက္ျခင္းျဖစ္သည္။

ထိ္ု႔အျပင္ ရရွိႏွင့္ၿပီးေသာ တည္ၿငိမ္ေအးခ်မ္းမႈကို ပ်က္ျပားေစႏိုင္ၿပီး တိုင္းရင္းသားလူမ်ဳိးမ်ားအၾကား အထင္အျမင္လြဲမွားမႈႏွင့္ ပဋိပကၡအသြင္ ထိပ္တိုက္ရင္ဆိုင္မႈကို ဦးတည္ေစႏိုင္ေသာ မည္သည့္လုပ္ရပ္မ်ဳိးကိုမွ မျပဳလုပ္မိေစရန္အတြက္ ထိန္းေက်ာင္းတည့္မတ္ေပးရန္ တိုက္တြန္းထားသည္။

မြန္ျပည္သစ္ပါတီႏွင့္ တပ္မေတာ္၊ BGF ပူးေပါင္းအဖြဲ႔တို႔ ႏိုဝင္ဘာ ၂၇ ရက္ေန႔ နံနက္ပိုင္းခန္႔က ထိုင္း-ျမန္မာနယ္စပ္ ဘုရားသံုးဆူၿမိဳ႕ နယ္ ဂ်ပန္ေရတြင္းေက်းရြာရွိ မြန္ျပည္သစ္ပါတီအေျခစိုက္တပ္စခန္းတြင္ တိုက္ပြဲျဖစ္ပြားခဲ့ၾကၿပီး အဆိုပါ မြန္ျပည္သစ္ပါတီတပ္စခန္းေနရာကို တပ္မေတာ္၊ BGF ပူးေပါင္းအဖြဲ႔တို႔က ဝင္ေရာက္ေနရာယူထားခဲ့သည္။

တပ္စခန္းေနရာတြင္ တပ္မေတာ္မွ ဝင္ေရာက္ေနရာယူထားသည့္ကိစၥႏွင့္ ပတ္သက္ၿပီး ဒီဇင္ဘာ ၂ ရက္ေန႔က မြန္ျပည္သစ္ပါတီႏွင့္ အေရွ႕ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ႏွင့္ ေတြ႕ ဆံုေဆြးေႏြးခဲ့ၾကသလို ဒီဇင္ဘာ ၃ ရက္ေန႔က မြန္ျပည္သစ္ပါတီႏွင့္ တပ္မေတာ္ေခါင္းေဆာင္တို႔က ဘုရားသံုးဆူၿမိဳ႕တြင္ ေတြ႔ဆံုေဆြးေႏြးခဲ့ၾကသည္။

ထိုသို႔ ေတြ႔ဆံုေဆြးေႏြးၿပီးေနာက္ မြန္ျပည္သစ္ပါတီ ဂ်ပန္ေရတြင္းစခန္းမွ တပ္မေတာ္ ဆုတ္ခြာသြားခဲ့ေသာ္ လည္း အဆိုပါဂိတ္ႏွင့္ ကိုက္ ၃၀၀ အကြာခန္႔ရွိ ဟသၤာဂိတ္ဆိုသည့္ ေနရာတြင္ တပ္မေတာ္က ဆက္လက္တည္ရွိေနဆဲဟု မြန္ျပည္သစ္ပါတီ အမွတ္ ၅ တပ္ရင္းမွဴး ဒုဗိုလ္မွဴးႀကီး M စိုက္ခ်မ္းက ေျပာသည္။

မြန္ျပည္သစ္ပါတီႏွင့္ တပ္မေတာ္၊ BGF ပူးေပါင္းအဖြဲ႔တို႔ ျဖစ္ပြားခဲ့သည့္ တိုက္ပြဲေၾကာင့္ႏွင့္ မြန္ျပည္သစ္ပါတီတပ္စခန္းတည္ေနရာ ေက်းရြာအတြင္း တပ္မေတာ္ႏွင့္ BGF တပ္သားတို႔ ဝင္ေရာက္တပ္စြဲထားသည့္အတြက္ ဂ်ပန္ေရတြင္းေက်းရြာအပါအဝင္ အနီးပတ္ဝန္းက်င္ရွိ ႀကံေတာရြာ၊ တပ္ရင္း (၃) ရြာတို႔မွ ေဒသခံ ၈၀၀ ေက်ာ္ ထိုင္းႏိုင္ငံဘက္ျခမ္းသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။