တိုင်ကြားမှု၏ ၁ ရာနှုန်းကျော်သာ စုံစမ်းစစ်ဆေးနိုင်ခဲ့ကြောင်း အဂတိတိုက်ဖျက်ရေးကော်မရှင်ကပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်။

မွန်ပြည်နယ်တွင် နှစ်နှစ်အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ ပေးပို့ခဲ့သော တိုင်ကြားစာ အစောင်ရေ ၈၀၀ ကျော်အနက် ၉ စောင်ကိုသာ စုံစမ်းစစ်ဆေးမှု လုပ်နိုင်ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် က ပြောသည်။

တိုင်ကြားစာများအနက်မှ ၂၀၁၈ ခုနှစ်တွင် ၁ စောင် စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တိုင်စာ ၈ စောင်ကို စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးပို့ခဲ့သည့် တိုင်ကြားစာ ၈၄ စောင်ရှိသည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့က ပြောသည်။

“၂၀၁၈ ခုနှစ်မှာ တိုင်ကြားစာပေါင်း ၄၈၅ စောင်ရှိတဲ့အနက် စုံစမ်းစစ်ဆေးခြင်း ၁ စောင်၊ ပြည်နယ်အစိုးရ အဖွဲ့ထံ လွှဲပြောင်းပေးပို့တဲ့ တိုင်ကြားစာပေါင်း ၄၃ စောင်ဖြစ်တယ်၊၂၀၁၉ ခုနှစ်မှာ တိုင်ကြားစာပေါင်း ၃၉၈ စောင်ရှိပြီး စုံစမ်းစစ်ဆေးခြင်း ၈ စောင်၊ ပြည်နယ်အစိုးရအဖွဲ့ထံ လွှဲပြောင်းပေးပို့တဲ့ တိုင်ကြားစာ ၄၁ စောင်တို့ဖြစ်တယ်” ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးမျိုးမြင့်က ပြောကြား ခဲ့ဖြစ်သည်။

မွန်ပြည်နယ်မှ ၂၀၁၈ ခုနှစ်တွင် တိုင်ကြားစာပေါင်း ၄၈၅ စောင်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တိုင်ကြားစာပေါင်း ၃၉၈ စောင်ရှိသည်ဟု ဒီဇင်ဘာ ၉ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက် ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဦးမျိုးမြင့်က ပြောကြားခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ကော်မရှင်နှင့်အတူ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဌာနဆိုင်ရာအဖွဲ့ အစည်းများအပြင် အများပြည်သူတို့အနေဖြင့်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း အဂတိ လိုက်စားမှုတိုက် ဖျက်ရေး ကော်မရှင် အဖွဲ့ဝင် ဦးမျိုးမြင့်က တိုက်တွန်းထားသည်။

အဂတိလိုက်စားမှုရှိနေသ၍ ကောင်းမွန်သည့် အုပ်ချုပ်မှုတစ်ရပ် မဖြစ်လာနိုင်ကြောင်းလည်း မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ ဒေါက်တာအောင်နိုင်ဦး က ပြောသည်။

“ကျနော့် အမြင်ကတော့ ကာကွယ်မှုကို ပိုပြီး စောင်းပေးစေချင်တယ်။ မဖြစ်ခင် ဖြစ်လာမယ့် အဂတိကို ကြိုတင် ကာကွယ်တာက ပိုကောင်းတယ် ဖြစ်လာမှ အရေးယူတာက နောက်ကောက်ကျတာပေါ့” ဟု ဒေါက်တာအောင်နိုင်ဦး က ပြောသည်။

အဂတိတိုက်ဖျက်ရေးေကော်မရှင်သည် ပြည်သူလူထုမှ ပေးပို့သော တိုင်ကြားစာများကို စိစစ်သုံးသပ်ပြီး အရေးယူဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်၂၀၁၈ ခုနှစ်တွင် တိုင်ကြားစာပေါင်း ၁၀၅၄၃ စောင် လက်ခံရရှိပြီး တရားစွဲဆိုတင်ပို့မှု ၃၁ မှု လူဦးရေ ၄၆ ဦးရှိသည်ဟု သိရသည်။

ထို့အတူ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ တိုင်ကြားစာပေါင်း ၉၃၅၉ စောင် ရရှိပြီး တရားစွဲတင်ပို့မှု ၈၆ မှု လူဦးရေ ၇၄ ဦးကို တရားစွဲတင်ပို့နိုင်ခဲ့သည်ဟု အဂတိတိုက်ဖျက်ရေးေကော်မရှင်အဖွဲ့တာဝန်ရှိသူများက ပြောသည်။

Zawgyi…

တိုင္ၾကားမႈ၏ ၁ ရာႏႈန္းေက်ာ္သာ စံုစမ္းစစ္ေဆးႏိုင္ခဲ့ေၾကာင္း အဂတိတိုက္ဖ်က္ေရးေကာ္မရွင္ကေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၁၀ ရက္။

မြန္ျပည္နယ္တြင္ ႏွစ္ႏွစ္အတြင္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ထံ ေပးပို႔ခဲ့ေသာ တုိင္ၾကားစာ အေစာင္ေရ ၈၀၀ ေက်ာ္အနက္ ၉ ေစာင္ကိုသာ စံုစမ္းစစ္ေဆးမႈ လုပ္ႏိုင္ခဲ့ေၾကာင္း အဂတိလိုက္စားမႈ တုိက္ဖ်က္ေရးေကာ္မရွင္ က ေျပာသည္။

တိုင္ၾကားစာမ်ားအနက္မွ ၂၀၁၈ ခုႏွစ္တြင္ ၁ ေစာင္ စံုစမ္းစစ္ေဆးမႈျပဳလုပ္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္တြင္ တိုင္စာ ၈ ေစာင္ကို စံုစမ္းစစ္ေဆးမႈျပဳလုပ္ခဲ့ၿပီး ျပည္နယ္အစိုးရအဖြဲ႔ထံ လႊဲေျပာင္းေပးပို႔ခဲ့သည့္ တိုင္ၾကားစာ ၈၄ ေစာင္ရွိသည္ဟု အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္အဖြဲ႔က ေျပာသည္။

“၂၀၁၈ ခုႏွစ္မွာ တိုင္ၾကားစာေပါင္း ၄၈၅ ေစာင္ရွိတဲ့အနက္ စံုစမ္းစစ္ေဆးျခင္း ၁ ေစာင္၊ ျပည္နယ္အစိုးရ အဖြဲ႔ထံ လႊဲေျပာင္းေပးပို႔တဲ့ တိုင္ၾကားစာေပါင္း ၄၃ ေစာင္ျဖစ္တယ္၊၂၀၁၉ ခုႏွစ္မွာ တိုင္ၾကားစာေပါင္း ၃၉၈ ေစာင္ရွိၿပီး စံုစမ္းစစ္ေဆးျခင္း ၈ ေစာင္၊ ျပည္နယ္အစိုးရအဖြဲ႔ထံ လႊဲေျပာင္းေပးပို႔တဲ့ တိုင္ၾကားစာ ၄၁ ေစာင္တို႔ျဖစ္တယ္” ဟု အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ အဖြဲ႔ဝင္ ဦးမ်ဳိးျမင့္က ေျပာၾကား ခဲ့ျဖစ္သည္။

မြန္္ျပည္နယ္မွ ၂၀၁၈ ခုႏွစ္တြင္ တိုင္ၾကားစာေပါင္း ၄၈၅ ေစာင္ရွိခဲ့ၿပီး ၂၀၁၉ ခုႏွစ္တြင္ တိုင္ၾကားစာေပါင္း ၃၉၈ ေစာင္ရွိသည္ဟု ဒီဇင္ဘာ ၉ ရက္ေန႔တြင္ က်ေရာက္ေသာ အျပည္ျပည္ဆိုင္ရာ အဂတိလိုက္စားမႈတိုက္ ဖ်က္ေရးေန႔ အထိမ္းအမွတ္ အခမ္းအနားတြင္ ဦးမ်ဳိးျမင့္က ေျပာၾကားခဲ့သည္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးကို ေကာ္မရွင္ႏွင့္အတူ အမ်ဳိးသားေရးတာဝန္တစ္ရပ္အျဖစ္ ဌာနဆိုင္ရာအဖြဲ႔ အစည္းမ်ားအျပင္ အမ်ားျပည္သူတို႔အေနျဖင့္လည္း ပူးေပါင္းပါဝင္ ေဆာင္ရြက္ေပးေစလိုေၾကာင္း အဂတိ လိုက္စားမႈတိုက္ ဖ်က္ေရး ေကာ္မရွင္ အဖြဲ႔ဝင္ ဦးမ်ဳိးျမင့္က တိုက္တြန္းထားသည္။

အဂတိလိုက္စားမႈရွိေနသ၍ ေကာင္းမြန္သည့္ အုပ္ခ်ဳပ္မႈတစ္ရပ္ မျဖစ္လာႏိုင္ေၾကာင္းလည္း မြန္ျပည္နယ္လႊတ္ေတာ္ ဒု-ဥကၠဌ ေဒါက္တာေအာင္ႏိုင္ဦး က ေျပာသည္။

“က်ေနာ့္ အျမင္ကေတာ့ ကာကြယ္မႈကို ပိုၿပီး ေစာင္းေပးေစခ်င္တယ္။ မျဖစ္ခင္ ျဖစ္လာမယ့္ အဂတိကို ႀကိဳတင္ ကာကြယ္တာက ပိုေကာင္းတယ္ ျဖစ္လာမွ အေရးယူတာက ေနာက္ေကာက္က်တာေပါ့” ဟု ေဒါက္တာေအာင္ႏိုင္ဦး က ေျပာသည္။

အဂတိတိုက္ဖ်က္ေရးေေကာ္မရွင္သည္ ျပည္သူလူထုမွ ေပးပို႔ေသာ တိုင္ၾကားစာမ်ားကို စိစစ္သံုးသပ္ၿပီး အေရးယူေဆာင္ရြက္လ်က္ရွိရာ တစ္ႏုိင္ငံလံုးအတိုင္းအတာအေနျဖင့္၂၀၁၈ ခုႏွစ္တြင္ တိုင္ၾကားစာေပါင္း ၁၀၅၄၃ ေစာင္ လက္ခံရရွိၿပီး တရားစြဲဆိုတင္ပို႔မႈ ၃၁ မႈ လူဦးေရ ၄၆ ဦးရွိသည္ဟု သိရသည္။

ထို႔အတူ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလအထိ တိုင္ၾကားစာေပါင္း ၉၃၅၉ ေစာင္ ရရွိၿပီး တရားစြဲတင္ပို႔မႈ ၈၆ မႈ လူဦးေရ ၇၄ ဦးကို တရားစြဲတင္ပို႔ႏိုင္ခဲ့သည္ဟု အဂတိတိုက္ဖ်က္ေရးေေကာ္မရွင္အဖြဲ႔တာဝန္ရွိသူမ်ားက ေျပာသည္။