မူးယစ်ပြဿနာ ဖြေရှင်းရေး ရှမ်းအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၁၅ ရက်နေ့။

ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေး သုံးစွဲမှု လျော့ကျစေရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ကမကထ ပြု၍ ပြည်တွင်းပြည်ပ ရှမ်းလူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲ ရလာဒ်များကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ လူမှုရေး ကဏ္ဍတွင် ထည့်သွင်းဆွေးနွေးကာ မူဝါဒ တစ်ရပ် ဖြစ်ပေါ်လာအောင် ကြိုးပမ်းသွားမည်ဟု RCSS က ပြောသည်။

ပြည်သူများအကြား တဖြည်းဖြည်းကြီးထွားလာနေသည့် ပြဿနာ ဖြေရှင်းရန် ခုလို ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း RCSS မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန တာဝန်ခံ ဒု-ဗိုလ်မှူးကြီး စိုင်းဟန်က သတင်းနှင့် မီဒီယာ ကွန်ရက်ကို ပြောပြသည်။

ရှမ်းပြည်နယ်အတွင်း မူယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု များပြားလာခြင်းအား ဖြေရှင်းနိုင်ရန်အတွက် မူဝါဒတစ်ခုရရှိဆောင်ရွက်နိုင်ရေး ပြည်တွင်း ပြည်ပရှိ ရှမ်းလူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခဲ့သည်။

“ဒီ အိမ်ထောင်စု တစ်ခုအတွင်းမှာ ဒါမှမဟုတ် ဒီ ရပ်ထဲရွာထဲမှာ တကယ့် အကြီးကြီး ပြဿနာလို ဖြစ်နေပါတယ်။ သုံးစွဲသူတွေလည်း များပြားလာတယ်၊ မူးယစ်ဆေးဝါး ပြန့်နှံ့မှုကလည်း များနေတယ်၊” ဟု သတင်းမီဒီယာများကို ပြောဆိုသည်။

ဇန္နဝါရီလ ၁၃ ရက်မှစတင်သည့် သုံးရက်ကြာ ဆွေးနွေးပွဲအတွင်း ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်းရေးအတွက် မူဝါဒ တစ်ရပ် ပေါ်ထွန်းစေရန် နှင့် သုံးစွဲသူများနှင့် ဘိန်းတောင်သူများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် အပါအဝင် နည်းလမ်းများကို ဆွေးနွေးအဖြေရှာခဲ့ကြသည်ဟု RCSS က ပြောသည်။

ဗိုလ်ကြီး စိုင်းပီးသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ထိန်းချုပ်နယ်မြေအတွင်းဖြစ်သည့် မိုးနဲ၊ မောက်မယ်၊ မိုင်းကိုင်၊ မိုင်းပန်၊ လဲချား၊ ပင်လုံ၊ နမ့်စန် ဒေသများတွင် မူးယစ်ဆေးဝါး အသိပညာပေး နှင့် တားဆီးကာကွယ် နိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူ ဖြစ်သည်။ သူက “ခပ်များများက စိတ်ကြွဆေးပြား ရာမ တွေ သုံးစွဲရောင်းဝယ်တာ ကြုံရတယ်၊ ဘိန်းဖြူ ဘိန်းမဲ လည်းပါတယ်။ အဲ့ဒီ သုံးမျိုးကတော့ ခပ်များများ ကြုံတယ်။” ဟု ပြောသည်။

RCSS သည် ၂၀၁၁ ခုနှစ် ကုန်ပိုင်း မြန်မာ့တပ်မတော်နှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုုပ်ဆိုပြီးသည်မှ စ၍ ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေး အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ဟု ပြောသည်။ ၂၀၁၂ ခုနှစ်တွင် အစိုးရနှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ရုံး UNODC တို့နှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ပူးတွဲ အကောင်အထည်ဖော်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့သည်။

ဒုတိယ ဗိုလ်မှူးကြီး စိုင်းဟန် က မူးယစ်ဆေးဝါး ပြဿနာမှာ သက်ဆိုင်သူ အသီးသီး ပူးပေါင်းညှိုနှိုင်းဆောင်ရွက်မှ ဖြေရှင်းနိုင်မည်ဟု ပြောသည်။

“EAO နဲ့ အစိုးရ အကြား ဒါမှမဟုတ် သက်ဆိုင်ရာ ခုနပြောသလိုမျိုး ဘိန်းစိုက်တောင်သူတွေရော ဆိုင်ရာ ဆိုင်ရာ ဒါမှမဟုတ် ဒေသခံ အားလုံး CBO/CSO အားလုံး ပူးပေါင်းပါဝင်ပြီး လုပ်ဆောင်မယ် ဆိုရင်တော့ ပိုပြီးတော့ ထိရောက်မယ်လို့ မြင်ပါတယ်။”

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၀ ဖွဲ့တွင် တစ်ဖွဲ့ အပါအဝင် ဖြစ်သည်။

ZawGyi

မူးယစ္ျပႆနာ ေျဖရွင္းေရး ရွမ္းအဖြဲ႔အစည္းမ်ား ေတြ႔ဆံုေဆြးေႏြး

သတင္းႏွင့္မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဇႏၷဝါရီလ ၁၅ ရက္ေန႕။

ရွမ္းျပည္နယ္အတြင္း မူးယစ္ေဆး သံုုးစြဲမႈ ေလ်ာ့က်ေစရန္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS က ကမကထ ျပဳ၍ ျပည္တြင္းျပည္ပ ရွမ္းလူမႈအဖြဲ႔အစည္းမ်ားနွင့္ ေတြ႔ဆံုုေဆြးေႏြးခဲ့သည္။

ေဆြးေႏြးပြဲ ရလာဒ္မ်ားကိုု ျပည္ေထာင္စုု ၿငိမ္းခ်မ္းေရး ညီလာခံ လူမႈေရး က႑တြင္ ထည့္သြင္းေဆြးေႏြးကာ မူ၀ါဒ တစ္ရပ္ ျဖစ္ေပၚလာေအာင္ ၾကိဳးပမ္းသြားမည္ဟုု RCSS က ေျပာသည္။

ျပည္သူမ်ားအၾကား တျဖည္းျဖည္းႀကီးထြားလာေနသည့္ ျပႆနာ ေျဖရွင္းရန္ ခုုလိုု ေဆြးေႏြးပြဲ က်င္းပရျခင္းျဖစ္ေၾကာင္း RCSS မူးယစ္ေဆး၀ါး တိုုက္ဖ်က္ေရးဌာန တာ၀န္ခံ ဒုု-ဗိုုလ္မွဴးႀကီး စိုုင္းဟန္က သတင္းႏွင့္ မီဒီယာ ကြန္ရက္ကိုု ေျပာျပသည္။

ရွမ္းျပည္နယ္အတြင္း မူယစ္ေဆးဝါး ေရာင္း၀ယ္သံုးစြဲမွဳ မ်ားျပားလာျခင္းအား ေျဖရွင္းႏိုင္ရန္အတြက္ မူဝါဒတစ္ခုရရွိေဆာင္ရြက္ႏိုင္ေရး ျပည္တြင္း ျပည္ပရွိ ရွမ္းလူမွဳအဖြဲ႕အစည္းမ်ား ေတြ႕ဆံုေဆြးေႏြးခဲ့သည္။

“ဒီ အိမ္ေထာင္စု တစ္ခုအတြင္းမွာ ဒါမွမဟုတ္ ဒီ ရပ္ထဲရြာထဲမွာ တကယ့္ အႀကီးႀကီး ျပႆနာလို ျဖစ္ေနပါတယ္။ သံုးစြဲသူေတြလည္း မ်ားျပားလာတယ္၊ မူးယစ္ေဆးဝါး ျပန္႕ႏွံ႕မွဳကလည္း မ်ားေနတယ္၊” ဟု သတင္းမီဒီယာမ်ားကို ေျပာဆိုသည္။

ဇႏၷ၀ါရီလ ၁၃ ရက္မွစတင္သည့္ သံုုးရက္ၾကာ ေဆြးေႏြးပြဲအတြင္း ရွမ္းျပည္နယ္အတြင္း မူးယစ္ေဆး၀ါး ျပႆနာ ေျဖရွင္းေရးအတြက္ မူ၀ါဒ တစ္ရပ္ ေပၚထြန္းေစရန္ ႏွင့္ သံုုးစြဲသူမ်ားႏွင့္ ဘိန္းေတာင္သူမ်ား၏ အခက္အခဲမ်ားကိုု ေျဖရွင္းေပးႏိုုင္ရန္ အပါအ၀င္ နည္းလမ္းမ်ားကိုု ေဆြးေႏြးအေျဖရွာခဲ့ၾကသည္ဟုု RCSS က ေျပာသည္။

ဗိုုလ္ႀကီး စိုုင္းပီးသည္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS ထိန္းခ်ဳပ္နယ္ေျမအတြင္းျဖစ္သည့္ မိုးနဲ၊ ေမာက္မယ္၊ မိုင္းကိုင္၊ မိုင္းပန္၊ လဲခ်ား၊ ပင္လံု၊ နမ့္စန္ ေဒသမ်ားတြင္ မူးယစ္ေဆးဝါး အသိပညာေပး ႏွင့္ တားဆီးကာကြယ္ နိမ္နင္းေရးလုုပ္ငန္းမ်ား ေဆာင္ရြက္ေနသူ ျဖစ္သည္။ သူက “ခပ္မ်ားမ်ားက စိတ္ႂကြေဆးျပား ရာမ ေတြ သံုးစြဲေရာင္း၀ယ္တာ ၾကံဳရတယ္၊ ဘိန္းျဖဴ ဘိန္းမဲ လည္းပါတယ္။ အဲ့ဒီ သံုးမ်ိဳးကေတာ့ ခပ္မ်ားမ်ား ၾကံဳတယ္။” ဟု ေျပာသည္။

RCSS သည္ ၂၀၁၁ ခုႏွစ္ ကုန္ပိုင္း ျမန္မာ့တပ္မေတာ္ႏွင့္ ပဏာမ အပစ္အခတ္ရပ္စဲေရး စာခ်ဳပ္ခ်ုဳပ္ဆိုၿပီးသည္မွ စ၍ ထိန္းခ်ဳပ္နယ္ေျမအတြင္း မူးယစ္ေဆး အသိပညာေပးေရးႏွင့္ တားဆီးကာကြယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ခဲ့သည္ဟု ေျပာသည္။ ၂၀၁၂ ခုႏွစ္တြင္ အစိုးရႏွင့္ ကုလသမဂၢ မူးယစ္ေဆး၀ါး ထိန္းခ်ဳပ္ေရး ရံုး UNODC တို႔ႏွင့္ မူးယစ္ေဆး၀ါး တားဆီးကာကြယ္ႏွိမ္နင္းေရး လုပ္ငန္းမ်ား ပူးတြဲ အေကာင္အထည္ေဖာ္ရန္ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုခဲ့သည္။

ဒုတိယ ဗိုလ္မွဴးႀကီး စိုင္းဟန္ က မူးယစ္ေဆး၀ါး ျပႆနာမွာ သက္ဆိုုင္သူ အသီးသီး ပူးေပါင္းညိႈႏိႈင္းေဆာင္ရြက္မွ ေျဖရွင္းနိုုင္မည္ဟုု ေျပာသည္။

“EAO နဲ႕ အစိုးရ အၾကား ဒါမွမဟုတ္ သက္ဆိုင္ရာ ခုနေျပာသလိုမ်ိဳး ဘိန္းစိုက္ေတာင္သူေတြေရာ ဆိုင္ရာ ဆိုင္ရာ ဒါမွမဟုတ္ ေဒသခံ အားလံုး CBO/CSO အားလံုး ပူးေပါင္းပါ၀င္ၿပီး လုပ္ေဆာင္မယ္ ဆိုရင္ေတာ့ ပိုၿပီးေတာ့ ထိေရာက္မယ္လို႕ ျမင္ပါတယ္။”

ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS အဖြဲ႕သည္ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မွဳ ရပ္စဲေရး သေဘာတူစာခ်ဴပ္ NCA လက္မွတ္ေရးထိုးထားၾကသည့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕ ၁၀ ဖြဲ႕တြင္ တစ္ဖြဲ႔ အပါအ၀င္ ျဖစ္သည္။