မြစ်ကြီးနားတွင် လူငယ်များအတွက် စီးပွားရေး အမြင်ဖွင့်ဟောပြောပွဲ ကျင်းပ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ (၂၀) ရက်။

ကချင်လူငယ်များအတွက် စီးပွားရေး အမြင်ဖွင့် ဟောပြောပွဲ တပ်ရပ်ကို မြစ်ကြီးနားမြို့တွင် ဇန္နဝါရီ ၁၈ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့သည်။

ကချင်လူငယ်များ စီးပွားရေး ဗဟုသုတ အမြင်ရှိလာစေရန်နှင့် လူငယ်စီးပွားရေး လုပ်ငန်းရှင် များ ပိုမိုပေါ် ထွန်းလာစေရန် စီတာပူရပ်ကွက် မနောင်ကွင်းအတွင်းရှိ မဂျွယ်ခန်းမတွင် ကချင်လူငယ်များအဖွဲ့ကွန်ရက် Kachin National Youth Network (KNYN) က ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ပွဲဖြစ်မြောက်ရေးအဖွဲ့တွင် ပါဝင်သည့် လဘန်နူးနူးအောင်က ကချင်ပြည်နယ်ကို အကျိုးပြုသည့်သူများ ပေါ်ထွက်လာစေရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောသည်။

“ကချင်ပြည်နယ်မှာ စီးပွားရေး လုပ်ငန်း လုပ် ဆောင်ဖို့အတွက် နေရာတွေရှိတယ် ဒါပေမယ့် သူတို့ အနေနဲ့ လူငယ်တွေဆီမှာ အကြံညာဏ် ကောင်းတွေရှိ တယ် ဒါပေမယ့် သူတို့ လက်တွေ့ မလုပ်ဆောင်နိုင်ဘူး သူတို့ဆီမှာ အရင်းအမြစ်တွေပေါ့နော ပိုက်ဆံ စတဲ့ အရင်းအမြစ်တွေ မရှိတဲ့အခါကျတော့ သူတို့အတွက် ခွန် အားတစ်ခု ဖြစ်စေမယ် ပြီးတော့ ဒီအရင်းအမြစ်မ ရှိရင်တောင် ကျမတို့ ဘယ်လို စဉ်းစားတွေးခေါ်ထား တဲ့အရာ ကို အကောင်အထည် ဖော်နိုင် မလဲဆိုတဲ့အရာ အထိ သွားနိုင်အောင်အတွက် မျှော်လင့်တယ်ပေါ့နော”

ကချင်ပြည်နယ်တွင် အလုပ်အကိုင် ရှားပါးသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများကို လူငယ်များ အနေ ဖြင့် ကိုယ်တိုင်ဖန်တီး လုပ်ဆောင်တတ်ရန်နှင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများဖြင့် မိသားစုကို အလုပ်ကျွေးပြု တတ်ရန်အပြင် ပြည်နယ်အတွက် အကျိုးရှိသည့် စီးပွားရေး လုပ်ငန်းရှင် လူငယ်များ ဖြစ်လာစေရန် ရည်ရွယ် သည်ဟု ပွဲဖြစ်မြောက်ရေးအဖွဲ့က ဆိုသည်။

ယခုပြုလုပ်သည့် စီးပွားရေး နှင့် ပတ်သက်သည့် အမြင်ဖွင့် ဟောပြောပွဲတစ်ဆင့် ကချင်လူငယ်များ၏ စီးပွား ရေးလုပ်ငန်း အပေါ်ထားရှိသည့် သဘောထားအမြင်များကို ပြောင်းလဲစေချင်သည်ဟု ပွဲဖြစ်မြောက်ရေး အဖွဲ့တွင် ပါဝင်သူလည်းဖြစ် Lusha Foods ၏ Operation Director လည်းဖြစ်သည့် ကိုဆိုင်းနွယ်အောင် က ပြောသည်။

“လူငယ် တွေ က လုပ်ချင်စိတ်တော့ ရှိလာပေမယ့် ဘယ်လိုမျိုးလုပ်ရမယ်ဆိုတဲ့ နည်းလမ်းက မသိဘူးဖြစ် နေတယ် အဲလို မျိုး အနေအထားမှာ ဒီဟာက ပလက်ဖောင်းတစ်ခု ဖြစ်လာနိုင်တယ်ဆိုတဲ့ ဖြစ်လည်း ဖြစ်သင့် တယ်လို့ ခံယူပြီးမှ ကျ နော်ပါဝင်ဖြစ်တာပေါ့။”

ကချင်လူငယ်များအတွက် စီးပွားရေးနှင့် ပတ်သက်သည့် ဟောပြောပွဲကို ယခုအကြိမ်တွင် ပထမပိုင်း အဖြစ် စတင်လုပ်ဆောင် လာကြပြီး နောက်ထပ် ဟောပြောပွဲများကိုလည်း ဒုတိယပိုင်း၊ တတိယပိုင်း အစရှိသဖြင့် ဆက်လက်လုပ်ဆောင် သွား ရန်ရှိသည်ဟု ပွဲဖြစ်မြောက်ရေးအဖွဲ့ တာဝန်ရှိ သူများက ပြော သည်။