ရှမ်း လူမှု အဖွဲ့အစည်းများက နှစ် နှစ်ဆယ်ကျော်က စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်း ဗီဒီယို ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ် ဇန္နဝါရီလ ၂၂ ရက်။

ရှမ်းပြည်နယ်အတွင်း မြန်မာအစိုးရတပ်မတော်က ၁၉၉၆ မှ ၁၉၉၉ ခုနှစ်များအတွင်း ဖြတ် ၄ ဖြတ်စီမံကိန်း နဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအတွင်း လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုများကို မှတ်တမ်းတင်ထားသည့် “ဖြတ် ၄ ဖြတ်” ဟု အမည်ပေးထားသော ရုပ်သံမှတ်တမ်းကို ရှမ်းလူမှုအဖွဲ့အစည်းများက ထုတ်ဖော် ပြသလိုက်သည်။

မြန်မာနိုင်ငံကို အပြည်ပြည် ဆိုင်ရာ တရားရုံးတွင် ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်သည်ဟု ဆိုကာ ကန့်သတ်ချက်များ ချမှတ်ရန်နှင့် အပြစ်ပေး အရေးယူရန် ဂမ်ဘီယာ နိုင်ငံက တောင်းဆိုထားပြီး မနက်ဖြန် ဇန္နဝါရီလ ၂၃ ရက်တွင် ICJ က ကန့်သတ်မှုများနှင့် ပတ်သက်သည့် အမိန့်ချမှတ်ရန် ရှိနေချိန်တွင် ဤမှတ်တမ်း ထွက်ပေါ် လာခြင်းဖြစ်သည်။

ရှမ်းလူမှု အဖွဲ့အစည်းများ၏ ပြောရေး ဆိုခွင့်ရှိသူ စိုင်းလျန်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇန္နဝါရီလ ၂၁ ရက်နေ့ည ၈ နာရီက အဖွဲ့အစည်းအသီးသီး နဲ့ သတင်းမီဒီယာများကို ဖိတ်ခေါ်ပြသရသည့် ရည်ရွယ်ချက်ကို ပြောပြခဲ့သည်။

အဲ့ဒါက စစ်တပ် စစ်တပ်ချင်း တိုက်တာနော်၊ တော်လှန်ရေး နဲ့ စစ်တပ်နဲ့ တိုက်တယ်ဆိုတာ ဒါ လက်နက်ကိုင် သူ အချင်းချင်း တိုက်တာ ဒါကတော့ သဘာ၀ ကျပါတယ်နော်၊ ဒါပေမယ့် အခု ဒီဥစ္စာ တွေက အဲ့ဒီလိုမျိုး ပုံစံမျိုးတင်မကပဲနဲ့ ပြည်သူလူထုကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ကြောက်ရွံ့သွားအောင် ထိခိုက်သွားအောင်လို့ လုပ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ သူတို့ လုပ်တယ်ဆိုတာကို ကမ္ဘာကသိသွားအောင် နောက် ဗမာပြည်လူထုတွေလည်း တကယ်အမှန်တရားကို သိသွားအောင် ဒီ VDO ကို တင်ဆက်တယ်လို့ ပြောချင်ပါတယ်။

ဖြတ် ၄ ဖြတ် ဟု အမည်ပေးထားသော ဒီရုပ်သံမှတ်တမ်းတွင် ရှမ်းပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေး ဖြတ်လေးဖြတ် စီမံကိန်းကြောင့် ရပ်ရွာနေအိမ်များနှင့် လယ်ယာခြံမြေများကို ဒေသခံ ပြည်သူများ စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ အခြေအနေများ၊ စစ်တပ်မှ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုများ အပါအဝင် ဒေသခံ ပြည်သူများ သတ်ဖြတ်နှိပ်စက်ခံရမှုများကို ကိုယ်တိုင်ကြုံတွေ့ရသူများနှင့် မျက်မြင်သက်သေများကို မေးမြန်းတင်ပြထားခြင်း ဖြစ်သည်။

ယမန်နေ့က နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ရှမ်းလူမှု အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် တပ်မတော်ဘက်မှ ရပ်တည်ပြီး လူမျိုးသုဉ်း သတ်ဖြတ်ခြင်း မဟုတ်ကြောင်း၊ အကြမ်းဖက်သမားများ သို့မဟုတ် သောင်းကျန်းသူ လက်နက်ကိုင် အဖွဲ့များကို တပ်မတော်က ရှင်းလင်းခြင်း သာဖြစ်ကြောင်း ကာကွယ်ပြောဆိုထားခြင်းကို ထောက်ပြထားသည်။

ထို့အပြင် ယခု ထုတ်ပြန်သော ဗီဒီယို မှတ်တမ်းအတွင်းတွင် ၁၉၉၆ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာ ကွန်ဟိန်းမြို့နယ် ဆိုင်းခေါင်ကျေးရွာအုပ်စုက ကျေးရွာအားလုံးကို ကွန်ဟိန်းမြို့အနီးကို အဓမ္မပြောင်းရွှေ့ခိုင်းခံရချိန်တွင် ရွာသူရွာသားများက ကျန်ရစ်သော ဆန်များကို နွားလှည်းများဖြင့် သွားပြန်သယ်ချိန်တွင် အမျိုးသမီးတစ်ဦး နဲ့ ကလေးငယ် တစ်ဦးသာ ပြန်လည်လွတ်မြောက်လာပြီး ကျန်သော ရွာသား ၂၇ ယောက်လုံး အသတ်ခံခဲ့ရကြောင်းကိုလည်း ဒေသခံရွာသားတစ်ဦးက ရှမ်းဘာသာနဲ့ ဖြစ်ပျက်ခဲ့တဲ့ နေရာကို ပြသပြောဆိုထားသည်။

နောက် လူ ၂၇ ယောက်ပါ ကျေးရွာသားတစ်စုကိုလည်း ဆိုင်းခေါင်ရွာနားမှာပဲ ပစ်သတ်ခဲ့ကြပါတယ်၊ အဲ့ဒီအနက်မှ သားအမိ ၂ ယောက်ပဲ လွတ်သွားပါတယ်၊ နေ့အတိအကျတော့ ကျနော် မမှတ်မိပါဘူး၊ ၁၉၉၆ တုန်းကပေါ့၊ ကျနော်တို့ ၃-၄ ယောက် အတူတူလာတာ၊ ဗမာတပ်ကနေ လူတွေကို အစုလိုက် အပြုံလိုက် သတ်ထားတယ်ဆိုလို့၊ သတ်ခံရတဲ့သူတွေက ဆာလာရွာသူရွာသားတွေ၊ ဒီရေတံခွန်ရဲ့ အောက်ဘက်နားမှာရှိတယ်၊ သူတို့က သူတို့ရွာကိုပြန်လာပြီး ဆန်တွေ၊ စပါးတွေ ပြန်ယူဖို့ လာကြတာလေ။ လူအင်အား ၃၀ လောက်ရှိမယ်၊ ဗမာစစ်သားတွေ သူတို့ကိုတားပြီး ဒီလမ်းကြားထဲမှာ သတ်ပစ်တာ၊ အဲ့ဒီတုန်းက ဒီနားလေးတွေမှာ အလောင်း ၁၉ လောင်းတွေ့တယ်၊ အလောင်းတွေက ဒီအပင်နားတွေမှာ သေနေတာ ငုတ်တုတ်၊ ရိုက်တယ်၊ ပစ်သတ်တယ်၊ အဲ့လိုပုံစံတွေနဲ့ ဘဲတွေ့ရတယ် လူသေအလောင်းတွေ။

တဆက်တည်းမှာပင် ၁၉၉၆ ခုနှစ်မှ ၁၉၉၈ ခုနှစ် အတွင်း ရှမ်းပြည်တောင်ပိုင်း နဲ့ အရှေ့ပိုင်းက မြို့နယ်တချို့အပါအဝင် မြို့နယ် ၁၅ ခုက ကျေးရွာပေါင်း ၁၈၀၀ ကျော်ရှိ လူဦးရေ လေးသိန်းလောက် ထိခိုက်နစ်နာခံရပြီး ရှမ်းပြည်သူလူထု တစ်ထောင်ကျော် ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခံကြရသကဲ့သို့ စစ်တမ်းကောက်ယူချက်များအရ အမျိုးသမီး ၆၂၅ ဦး မုဒိန်းကျင့် သတ်ဖြတ်ခံခဲ့ကြရကြောင်းလည်း ထုတ်ပြန်ထားသည်။

ရှမ်းလူမှုအဖွဲ့အစည်းများသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် မြန်မာအစိုးရ စစ်တပ်အား အပြည်ပြည်ဆိုင်ရာ ဥပဒေအရ အရေးယူမှုကို ထောက်ခံကြောင်း နဲ့ တိုင်းရင်းသား လူမျိုးများအပေါ် ဆယ်စုနှစ်များစွာကြာအောင် ရက်စက်ကြမ်းကြုတ်စွာ ပြုကျင့်နေသော မြန်မာစစ်ခေါင်းဆောင်များအား တရားမျှတမှု ဖော်ထုတ်ပေးရန် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

ZawGyi

ရွမ္း လူမႈ အဖြဲ႕အစည္းမ်ားက ႏွစ္ ႏွစ္ဆယ္ေက်ာ္က စစ္တပ္၏ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမွတ္တမ္း ဗီဒီယို ထုတ္ျပန္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္ ဇႏၷဝါရီလ ၂၂ ရက္။

ရွမ္းျပည္နယ္အတြင္း ျမန္မာအစိုးရတပ္မေတာ္က ၁၉၉၆ မွ ၁၉၉၉ ခုႏွစ္မ်ားအတြင္း ျဖတ္ ၄ ျဖတ္စီမံကိန္း နဲ႔ နယ္ေျမရွင္းလင္းမႈ စစ္ဆင္ေရးမ်ားအတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္ခဲ့မႈမ်ားကို မွတ္တမ္းတင္ထားသည့္ “ျဖတ္ ၄ ျဖတ္” ဟု အမည္ေပးထားေသာ ႐ုပ္သံမွတ္တမ္းကို ရွမ္းလူမႈအဖြဲ႕အစည္းမ်ားက ထုတ္ေဖာ္ ျပသလိုက္သည္။

ျမန္မာႏိုင္ငံကို အျပည္ျပည္ ဆိုင္ရာ တရား႐ုံးတြင္ ရခိုင္ျပည္နယ္ရွိ မြတ္စလင္မ်ားအေပၚ လူမ်ိဳးသုဥ္း သတ္ျဖတ္မႈ က်ဴးလြန္သည္ဟု ဆိုကာ ကန႔္သတ္ခ်က္မ်ား ခ်မွတ္ရန္ႏွင့္ အျပစ္ေပး အေရးယူရန္ ဂမ္ဘီယာ ႏိုင္ငံက ေတာင္းဆိုထားၿပီး မနက္ျဖန္ ဇႏၷဝါရီလ ၂၃ ရက္တြင္ ICJ က ကန႔္သတ္မႈမ်ားႏွင့္ ပတ္သက္သည့္ အမိန႔္ခ်မွတ္ရန္ ရွိေနခ်ိန္တြင္ ဤမွတ္တမ္း ထြက္ေပၚ လာျခင္းျဖစ္သည္။

ရွမ္းလူမႈ အဖြဲ႕အစည္းမ်ား၏ ေျပာေရး ဆိုခြင့္ရွိသူ စိုင္းလ်န္းက ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွာ ဇႏၷဝါရီလ ၂၁ ရက္ေန႔ည ၈ နာရီက အဖြဲ႕အစည္းအသီးသီး နဲ႔ သတင္းမီဒီယာမ်ားကို ဖိတ္ေခၚျပသရသည့္ ရည္႐ြယ္ခ်က္ကို ေျပာျပခဲ့သည္။

အဲ့ဒါက စစ္တပ္ စစ္တပ္ခ်င္း တိုက္တာေနာ္၊ ေတာ္လွန္ေရး နဲ႔ စစ္တပ္နဲ႔ တိုက္တယ္ဆိုတာ ဒါ လက္နက္ကိုင္ သူ အခ်င္းခ်င္း တိုက္တာ ဒါကေတာ့ သဘာ၀ က်ပါတယ္ေနာ္၊ ဒါေပမယ့္ အခု ဒီဥစၥာ ေတြက အဲ့ဒီလိုမ်ိဳး ပုံစံမ်ိဳးတင္မကပဲနဲ႔ ျပည္သူလူထုကို စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာေရာ ေၾကာက္႐ြံ႕သြားေအာင္ ထိခိုက္သြားေအာင္လို႔ လုပ္ခ်င္တဲ့ ရည္႐ြယ္ခ်က္နဲ႔ သူတို႔ လုပ္တယ္ဆိုတာကို ကမာၻကသိသြားေအာင္ ေနာက္ ဗမာျပည္လူထုေတြလည္း တကယ္အမွန္တရားကို သိသြားေအာင္ ဒီ VDO ကို တင္ဆက္တယ္လို႔ ေျပာခ်င္ပါတယ္။

ျဖတ္ ၄ ျဖတ္ ဟု အမည္ေပးထားေသာ ဒီ႐ုပ္သံမွတ္တမ္းတြင္ ရွမ္းျပည္နယ္အတြင္း နယ္ေျမရွင္းလင္းေရး ျဖတ္ေလးျဖတ္ စီမံကိန္းေၾကာင့္ ရပ္႐ြာေနအိမ္မ်ားႏွင့္ လယ္ယာၿခံေျမမ်ားကို ေဒသခံ ျပည္သူမ်ား စြန႔္ခြာ ထြက္ေျပးခဲ့ရတဲ့ အေျခအေနမ်ား၊ စစ္တပ္မွ အမ်ိဳးသမီးမ်ားအေပၚ အဓမၼျပဳက်င့္မႈမ်ား၊ ႐ြာလုံးကြၽတ္ မီးရႈိ႕ဖ်က္ဆီးခံရမႈမ်ား အပါအဝင္ ေဒသခံ ျပည္သူမ်ား သတ္ျဖတ္ႏွိပ္စက္ခံရမႈမ်ားကို ကိုယ္တိုင္ႀကဳံေတြ႕ရသူမ်ားႏွင့္ မ်က္ျမင္သက္ေသမ်ားကို ေမးျမန္းတင္ျပထားျခင္း ျဖစ္သည္။

ယမန္ေန႔က ေန႔စြဲျဖင့္ ထုတ္ျပန္ခဲ့သည့္ ရွမ္းလူမႈ အဖြဲ႕အစည္းမ်ား၏ ထုတ္ျပန္ခ်က္တြင္ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂိုလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၁၁ ရက္ေန႔က လူမ်ိဳးသုဥ္း သတ္ျဖတ္မႈနဲ႔ ပတ္သက္၍ အျပည္ျပည္ဆိုင္ရာ တရား႐ုံး ICJ တြင္ တပ္မေတာ္ဘက္မွ ရပ္တည္ၿပီး လူမ်ိဳးသုဥ္း သတ္ျဖတ္ျခင္း မဟုတ္ေၾကာင္း၊ အၾကမ္းဖက္သမားမ်ား သို႔မဟုတ္ ေသာင္းက်န္းသူ လက္နက္ကိုင္ အဖြဲ႕မ်ားကို တပ္မေတာ္က ရွင္းလင္းျခင္း သာျဖစ္ေၾကာင္း ကာကြယ္ေျပာဆိုထားျခင္းကို ေထာက္ျပထားသည္။

ထို႔အျပင္ ယခု ထုတ္ျပန္ေသာ ဗီဒီယို မွတ္တမ္းအတြင္းတြင္ ၁၉၉၆ ခုႏွစ္ ဇြန္လ ၁၆ ရက္ေန႔မွာ ကြန္ဟိန္းၿမိဳ႕နယ္ ဆိုင္းေခါင္ေက်း႐ြာအုပ္စုက ေက်း႐ြာအားလုံးကို ကြန္ဟိန္းၿမိဳ႕အနီးကို အဓမၼေျပာင္းေ႐ႊ႕ခိုင္းခံရခ်ိန္တြင္ ႐ြာသူ႐ြာသားမ်ားက က်န္ရစ္ေသာ ဆန္မ်ားကို ႏြားလွည္းမ်ားျဖင့္ သြားျပန္သယ္ခ်ိန္တြင္ အမ်ိဳးသမီးတစ္ဦး နဲ႔ ကေလးငယ္ တစ္ဦးသာ ျပန္လည္လြတ္ေျမာက္လာၿပီး က်န္ေသာ ႐ြာသား ၂၇ ေယာက္လုံး အသတ္ခံခဲ့ရေၾကာင္းကိုလည္း ေဒသခံ႐ြာသားတစ္ဦးက ရွမ္းဘာသာနဲ႔ ျဖစ္ပ်က္ခဲ့တဲ့ ေနရာကို ျပသေျပာဆိုထားသည္။

ေနာက္ လူ ၂၇ ေယာက္ပါ ေက်း႐ြာသားတစ္စုကိုလည္း ဆိုင္းေခါင္႐ြာနားမွာပဲ ပစ္သတ္ခဲ့ၾကပါတယ္၊ အဲ့ဒီအနက္မွ သားအမိ ၂ ေယာက္ပဲ လြတ္သြားပါတယ္၊ ေန႔အတိအက်ေတာ့ က်ေနာ္ မမွတ္မိပါဘူး၊ ၁၉၉၆ တုန္းကေပါ့၊ က်ေနာ္တို႔ ၃-၄ ေယာက္ အတူတူလာတာ၊ ဗမာတပ္ကေန လူေတြကို အစုလိုက္ အၿပဳံလိုက္ သတ္ထားတယ္ဆိုလို႔၊ သတ္ခံရတဲ့သူေတြက ဆာလာ႐ြာသူ႐ြာသားေတြ၊ ဒီေရတံခြန္ရဲ႕ ေအာက္ဘက္နားမွာရွိတယ္၊ သူတို႔က သူတို႔႐ြာကိုျပန္လာၿပီး ဆန္ေတြ၊ စပါးေတြ ျပန္ယူဖို႔ လာၾကတာေလ။ လူအင္အား ၃၀ ေလာက္ရွိမယ္၊ ဗမာစစ္သားေတြ သူတို႔ကိုတားၿပီး ဒီလမ္းၾကားထဲမွာ သတ္ပစ္တာ၊ အဲ့ဒီတုန္းက ဒီနားေလးေတြမွာ အေလာင္း ၁၉ ေလာင္းေတြ႕တယ္၊ အေလာင္းေတြက ဒီအပင္နားေတြမွာ ေသေနတာ ငုတ္တုတ္၊ ႐ိုက္တယ္၊ ပစ္သတ္တယ္၊ အဲ့လိုပုံစံေတြနဲ႔ ဘဲေတြ႕ရတယ္ လူေသအေလာင္းေတြ။

တဆက္တည္းမွာပင္ ၁၉၉၆ ခုႏွစ္မွ ၁၉၉၈ ခုႏွစ္ အတြင္း ရွမ္းျပည္ေတာင္ပိုင္း နဲ႔ အေရွ႕ပိုင္းက ၿမိဳ႕နယ္တခ်ိဳ႕အပါအဝင္ ၿမိဳ႕နယ္ ၁၅ ခုက ေက်း႐ြာေပါင္း ၁၈၀၀ ေက်ာ္ရွိ လူဦးေရ ေလးသိန္းေလာက္ ထိခိုက္နစ္နာခံရၿပီး ရွမ္းျပည္သူလူထု တစ္ေထာင္ေက်ာ္ ညႇင္းပမ္းႏွိပ္စက္သတ္ျဖတ္ခံၾကရသကဲ့သို႔ စစ္တမ္းေကာက္ယူခ်က္မ်ားအရ အမ်ိဳးသမီး ၆၂၅ ဦး မုဒိန္းက်င့္ သတ္ျဖတ္ခံခဲ့ၾကရေၾကာင္းလည္း ထုတ္ျပန္ထားသည္။

ရွမ္းလူမႈအဖြဲ႕အစည္းမ်ားသည္ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၉ ရက္ေန႔တြင္ ျမန္မာအစိုးရ စစ္တပ္အား အျပည္ျပည္ဆိုင္ရာ ဥပေဒအရ အေရးယူမႈကို ေထာက္ခံေၾကာင္း နဲ႔ တိုင္းရင္းသား လူမ်ိဳးမ်ားအေပၚ ဆယ္စုႏွစ္မ်ားစြာၾကာေအာင္ ရက္စက္ၾကမ္းၾကဳတ္စြာ ျပဳက်င့္ေနေသာ ျမန္မာစစ္ေခါင္းေဆာင္မ်ားအား တရားမွ်တမႈ ေဖာ္ထုတ္ေပးရန္ လက္မွတ္ေရးထိုး ထုတ္ျပန္ခဲ့သည္။