ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၅၀)
အောက်တိုဘာလ ဒုတိယအပတ်တုန်းက ကျင်းပခဲ့တဲ့ NCA အပစ်ရပ် ဆယ်ဖွဲ့ရဲ့ အစည်းအဝေးအပြီး မှာလည်း တစ်နှစ်နီးပါးလောက် ရပ်တန့်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို တရားဝင်ပြန်လည်စတင်နိုင်ဖို့ မူအားဖြင့် သဘောတူညီခဲ့ကြပြီးနောက် NCA လေးနှစ်ပြည့် အခမ်းအနားသွားရောက်ဖို့ ခရီးစဉ်ကိစ္စနဲ့ပတ်သက်ပြီး RCSS နဲ့ တပ်မတော်အကြေား အဆင်မပြေမှုတွေ ပြန်လည်ဖြစ်လာခဲ့ပါတယ်။ တပ်မတော်ရဲ့ ဟန့်တားမှုကြောင့် RCSS ခေါင်းဆောင်တွေ မတက်နိုင်ခဲ့တာကြောင့် JICM နဲ့ PPST အစည်းအဝေးကိုလည်း ယာယီရပ်ဆိုင်းထားလိုက်ရပြီး တပ်မတော်မနေနဲ့ အခုလိုမျိုး ဟန့်တားတာဟာ NCA စာချုပ်ကို ချိုးဖောက်ရုံသာမက ဖျက်သိမ်းလိုတဲ့ လက္ခဏာတွေပါ ပြနေတာဖြစ်တယ်လို့လည်း RCSS/SSA က စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို တင်ဆက်ထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို တနလာၤနေ့ မနက် – ၉း၄၅၊ ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅ ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။