ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၅၁)

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM နဲ့ PPST အစည်းအဝေးတွေ ပြန်လည် ကျင်းပနိုင်ရန်ကိစ္စရပ်များ၊ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ နေပြည်တော် ခရီးစဉ်ပျက်ပြယ်ခဲ့တဲ့ ကိစ္စရပ်များ၊ ယုံကြည်မှု တည်ဆောက်မှု ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနဲ့ နိုင်ငံတကာမှာ အစိုးရရဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေကို အစိုးရ၏ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တို့ နိုဝင်ဘာအတွင်းက တွေ့ဆုံဆွေးနွေးခဲ့ရာ ညှိုနှိုင်း ပြေလည်မှုတွေ ရရှိခဲ့တယ်လို့ နှစ်ဖက်ခေါင်းဆောင်တွေက ပြောပြခဲ့ကြပါတယ်။ တိုင်းရင်းသားတွေနဲ့ အစိုးရ၊ တပ်မတော်တို့အကြား NCA ထိုးပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နေကြပေမယ့် လိုအပ်ချက်တွေနဲ့အတူ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလထဲမှာပဲ အပစ်ရပ် ၁၀ ဖွဲ့ထဲက မွန်ပြည်သစ်ပါတီနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/တောင်ပိုင်းရှမ်းပြည်တပ်မတော်တို့နဲ့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေပါတယ်။ ဒီအကြောင်းတွေကို တင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို တနလာၤနေ့ မနက် – ၉း၄၅၊ ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅ ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။