ရခိုင်စစ်ရှောင်များ ထောက်ပံ့ရေး အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇန္နဝါရီလ ၂၈ ရက်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ထောက်ပံ့ကူညီမှုများ အလွန်နည်းပါးနေခြင်း၊ စစ်ရှောင် များ၏ လုံခြုံရေးနှင့် အသစ်ထပ်မံရောက်ရှိလာကြသည့် စစ်ဘေးရှောင်ပြည်သူများအတွက် နေရာထိုင်ခင်း မရှိခြင်းများကြောင့် အခက်အခဲအများအပြားနှင့် ကြုံနေရသည်ဟု စစ်ရှောင်များနှင့် အရပ်ဘက်အဖွဲ့ အစည်းများက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြားက တိုက်ပွဲများကြောင့် ထွက်ပြေး နေသည့် စစ်ဘေးရှောင်သည် ဇန္နဝါရီလအထိ စာရင်းမှာ တစ်သိန်းကျော်ရှိပြီဖြစ်ပြီး စားနပ်ရိက္ခာ အခက် အခဲများ ရှိနေသည်ဟု ပြောသည်။

“ဒီစားနပ်ရိက္ခာက လော လောဆယ် တိုက်ပွဲတွေဖြစ်လာပြီးတော့မှ တချို့စာရင်းဇယားတွေက အစိုးရ အဖွဲ့ဆီမှာမရောက်သေး တာလား၊ ပြင်ဆင်နေတုန်းကာလမို့လို့လားတော့ မသိဘူး ပြင်ဆင်နေတုန်းအချိန်မှာ တချို့စခန်းတွေမှာ ထောက်ပံ့မှုတွေ မရရှိတာတွေ ကြားနေရတယ်။” ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။ “နောက်တစ်ခုကတော့ တိုက်ပွဲတွေက ရခိုင်ပြည်နယ်ရဲ့ တောင်ပိုင်းအထိကို ကူးစက်ပျံ့ နှံ့လာတဲ့အခါကြတော့ ကူညီထောက်ပံ့ရတဲ့သူတွေမှာ တော်တော်လေးကို လက်လှမ်းမမှီတဲ့ အခြေအနေမှာ ရှိတာပေါ့လေနော်။ ကြာလည်းကြာလာတော့ ကူညီထောက်ပံ့မှုတွေက မနိုင်တဲ့ အနေအထားဖြစ်နေတာပေါ့” ဟု ဆက်ပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ၏ ဇန္နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ချက်အရ ရခိုင် ပြည်နယ်အတွင်း စစ်ရှောင်ပြည်သူ တစ်သိန်းကျော် (၁၀၆၆၁၄) ဦး ရှိပြီဖြစ်သည်ဟု သိရသည်။ ၎င်းတို့ အနက် အများစုမှာ နေရာထိုင်ခင်း အခက်အခဲဖြစ်နေသည်ဟု ကိုဇော်ဇော်ထွန်းက ဆက်ပြောသည်။

“နောက်တစ်ခုကတော့ ဒီအသစ်ရောက်လာတဲ့ စစ်ဘေးရှောင်စခန်းတွေက ဒီမြေနေရာတွေက အကန့်အ သတ်ရှိတယ်။ နေရာထိုင်ခင်းမရှိတော့ အဆင်ပြေသလို နေရာတွေမှာ နေကြရတယ်။ မိသားစု၊ တခြားဆွေ မျိုးတွေအိမ်မှာ၊ အသိမိတ်ဆွေတွေ အိမ်မှာ နေကြရတယ်။ တချို့နည်းနည်းပါးပါး အဆင်ပြေတဲ့ လူတွေဆို ရင်လည်း အိမ်ငှားပြီးနေနေကြရတယ်။ စစ်တွေမြို့ထဲအထိ အဲ့လိုအခြေအနေတွေရှိနေပါတယ်။ မြေနေရာ အခက်အခဲပေါ့။ အဲ့ထဲမှာမှ တချို့နေရာတွေက တပ်ဖက်က လုံခြုံရေးအရ ဒီနေရာမှာ နေခွင့်မရှိဘူးဆိုပြီးမှ လာပြီး တားမြစ်တာတွေလည်းရှိတယ်။”

၎င်းတို့၏ ထုတ်ပြန်ချက်အရ စခန်းပြင်ပ စစ်ဘေးရှောင်ဦးရေမှာ စစ်ရှောင်စခန်းရောက် စစ်ဘေးရှောင် လူဦး ရေထက် ၂ ဆ ခန့် များပြားနေသည်။ စခန်းပြင်ပ စစ်ဘေးရှောင်လူဦးရေမှာ ၆၉၄၁၂ ဦးရှိပြီး စစ်ရှောင် စခန်းရောက် စစ်ဘေးရှောင်လူဦးရေမှာ ၃၇၂၀၂ ဦး ရှိသည်ဟု ထုတ်ပြန်ထားသည်။

နယ်မြလုံခြုံရေးနှင့် ခရီးသွားလာမှုများတွင် စစ်ဆေးမေးမြန်းဖမ်းဆီးခံနေရမှုများ ရှိနေသောကြောင့် စစ်ဘေး ရှောင်များအား ကူညီပံ့ပိုးမှုများ ပိုမိုနည်းပါးလားသည်ဟု အကူအညီပေးရေးအဖွဲ့များက ပြောသည်။

ကျောက်တော်မြို့ ဒေသခံ ဦးကျော်လှမြင့်က “စခန်းတွေကိုတော့ မရောက်တာကြာပြီ။ အခုနောက်ပိုင်း ပစ် လားခတ်လားဆိုတော့ စစ်ဆေးတာတွေ၊ ဖမ်းတာတွေများလာတော့ သွားဖို့လာဖို့ အခက်အခဲဖြစ်တာပေါ့။ ဒီနေ့လည်း ကျောက်တော်မြို့ အဝိုင်းနားမှာလည်း စစ်ဆေးတာတွေလုပ်တယ်။ ဒီလထဲမှာပဲ ကျောက်တော် မြို့ ထဲရော၊ ရန်ကုန်-စစ်တွေလမ်းမရော၊ လမ်းဆုံတွေရော၊ ဒီကစ္စပ္ပနီဒီတံတားနားမှာရော စစ်ဆေးတာတွေ လုပ်တယ်။ အခုနောက်ပိုင်းက စစ်ရှောင်တွေဆီကို အသွားအလာက နည်းသွားပြီ။ ကျနော်တို့တောင် မသွားရဲတော့ဘူး” ဟု ပြောသည်။

မြောက်ဦးမြို့က စစ်ရှောင်များအား ကူညီပေးနေသည့် အမည်မဖော်လိုသူ ဒေသခံ ပရဟိတသမား တစ်ဦး ကလည်း “ဒေသခံတွေတောင်မှပဲ ကျေးရွာတစ်ခုကနေ တစ်ခု ကိုသွားတဲ့ အခါမှာ စစ်ဆေးမှုတွေ အရမ်း များတယ်။ နောက်ပြီးတော့မှ မှတ်ပုံတင်တွေကအစ ဆောင် သွား ရတာတွေရှိတယ်။ မပါသွားရင်လည်း ဖမ်းဆီးအရေးယူတာတွေ ခံနေရတဲ့ အနေအ ထားမျိုးတွေရှိတဲ့ အခါ ကြတော့ အချိန်မရွေးဖမ်းဆီးခံနိုင်ရတဲ့ အခြေအနေမျိုးတွေ ရှိနေပါတယ်။ နောက်တစ်ခါကြတော့ ရခိုင် မဟုတ်တဲ့ ဗမာတို့၊ ချင်းတို့ စတဲ့ တခြား တိုင်းရင်းသားတွေလည်း AA ဘက်က ဖမ်းဆီးမလားဆိုတာမျိုးတွေ စိုးရိမ်ရတဲ့ အနေအထားမျိုး ရှိနေပါ တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဇန္နဝါရီလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ပြည်နယ်အတွင်းက ပုဏ္ဏားကျွန်း၊ ကျောက် တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ကျေးရွာများသို့ လုံခြုံရေးအရ နိုင်ငံတ ကာ အဖွဲ့အစည်းများ၊ NGOs များအား ခရီးသွားလာခွင့်များ မပြုလုပ်ရန် ညွန်ကြားပြီးနောက် ပိုမိုခက်ခဲလာ သည်ဟု REC က ပြောသည်။

“အခု ပြီးခဲ့တဲ့ တစ်ပတ် ဆယ်ရက်လောက်က အာဏာပိုင်တွေက စာတစ်စောင်ထုတ်ပါတယ်။ နယ်လုံ ဝန်ကြီးက ဥက္ကဋ္ဌ၊ ထွေအုပ်ပါတယ်၊ လူကယ်ပြန်ကပါတယ် အဲ့စာထုတ်ပြန်တာ။ အဲ့စာက အထူးသဖြင့် နိုင်ငံတကာ အဖွဲ့အစည်းတွေကို ရည်ရွယ်တာပါ။ အဲ့ဒီမှာ NGOs အဖွဲ့အစည်းတွေအနေနဲ့ မြို့ပေါ်လောက်ပဲ သွားခွင့်ရှိမယ်။ ကျေးလက်တွေ နယ်ဘက်က စခန်းတွေကို သွားလာခွင့်မပြုတော့ဘူးဆိုပြီး ထုတ်ပြန် တာ ဖြစ်ပါတယ်။ အဲ့ထုတ်ပြန်ချက်မှာ နိုင်ငံတကာ ဝန်ထမ်းတွေရော၊ ဒေသခံဝန်ထမ်းတွေရော မသွားလာရဘူး ဆိုပြီး ထုတ်ပြန်ထားတာရှိပါတယ်။ ဒီထုတ်ပြန်ချက်ထုတ်ပြန်ပြီးနောက် အကူအညီပေးနေတဲ့ အဖွဲ့အစည်း တွေလည်း တော်တော်လေးကို စိုးရိမ်တဲ့ အပိုင်းတွေရှိနေပါတယ်။”

ရခိုင်ပြည်နယ်ရှိ ပလက်ဝ၊ မြေပုံနှင့် ရသေ့တောင်မြို့နယ် တို့တွင်လည်း ယခုလ ၂၄ ရက်နေ့ နှင့် ၂၅ ရက် နေ့အထိ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည် ဟု AA က ထုတ်ပြန်ထားသည်။ အဆိုပါနေရာများမှ ဒေသခံပြည်သူများလည်း စစ်ဘေးလွတ်ရာ ထွက်ပြေး တိန်းရှောင်နေရသည်ဟု အကူအညီပေးရေး အဖွဲ့များက ပြောသည်။

လက်နက်ကိုင်ပဋိပက္ခများအကြား ဒုက္ခရောက်နေရသည့် ပြည်သူများ၏ အရေအတွက်နှင့် အခက်အခဲများ၊ ဒုက္ခများကို အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့သိရှိပြီး ပြည်သူအား မထိခိုက်သော နည်းလမ်းများဖြင့် ဆွေးနွေးအဖြေရှာစေလိုကြောင်း၊ ပြည်သူက တင်မြှောက်ထားသော အစိုးရအနေဖြင့် လည်း ပြည်သူကို ကာကွယ်စောင့်ရှောက်စေလိုကြောင်း၊ စစ်ရှောင်များအား အစိုးရ၊ ပြည်တွင်းပြည်ပက အဖွဲ့အစည်းများ ဝိုင်းဝန်းကူညီထောက်ပံ့မှုများ ပေးစေလိုသည်ဟု REC က ပြောသည်။