လိုင်စင်မဲ့ ငါးဖမ်းမှုများ အရေးယူနိုင်ရန် ဆောင်ရွက်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ (၁၀) ရက်။

မွန်ပြည်နယ်နှင့်ဆက်စပ်နေသောပင်လယ်ရေပိုင်နက်တွင်လိုင်စင်မဲ့ငါးဖမ်းလုပ်ငန်းများအများအပြားလုပ်ကိုင်လျက်ရှိသဖြင့်အရေးယူသွားမည်ဖြစ်ကြောင်းမွန်ပြည်နယ်အစိုးရကပြောသည်။

ကမ်းနီးရော ကမ်းဝေးရော ပြဿနာတွေ အများကြီးရှိပါတယ်။ ဒီကိစ္စအားလုံးကို ကျနော်တို့  ပြည်နယ် ငါးလုပ် ငန်းဦးစီးဌာန၊ ပြည်နယ်ငါးလုပ်ငန်းကော်မတီ ပင်လယ်ပြင်က အချက်အလက် အခြေအနေအမှန်ကို ကောက် ယူပါတယ်။ ရရှိလာတဲ့အချက်အလက်ကို ပြည်နယ်အစိုးရကို တင်ပြမယ်။ ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက လွှတ်တော်တွင် မေးခွန်းများ ဖြေကြားရာတွင် ပြောဆိုခဲ့သည်။ 

ပြည်နယ်အစိုးရဲ့ ဆုံးဖြတ်ချက်နဲ့ လိုင် စင်မဲ့ငါးဖမ်းလှေတွေ စည်းကမ်းမလိုက်နာတဲ့ ငါးဖမ်းလှေတွေကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ် ဟု ဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

ကျင်းပလျက်ရှိသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၅ ကြိမ်မြောက်အစည်းအဝေး၌ မွန်ပြည်နယ်  ရေပိုင်နက်အတွင်းရှိ လိုင်စင်မဲ့ ငါးဖမ်းလှေများအား မည်ကဲ့သို့  ဆောင်ရွက်သွားမည်ဆိုသည့် ရေးမြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်၏ မေးမြန်းမှုအပေါ် ဝန်ကြီးက ထိုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊မွန်ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တို့သည်မွန်ပြည်နယ်ငါးဖမ်းကွက်သို့ဇန္နဝါရီလအတွင်းကသွားရောက်စစ်ဆေးမှုပြုလုပ်ခဲ့ရာငါးဖမ်းကွက်၃ကွက်မှာပင်ကျားဖောင်၁၂၀၀ကျော်ရှိနေသည်ကိုစစ်ဆေးတွေ့ရှိရသည်ဟုပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနကပြောသည်။

ထို့အပြင် အထောက်အထားတစ်စုံတစ်ရာမရှိပဲ ဧရာဝတီတိုင်းဒေသကြီးမှ မွန်ပြည်နယ်  ရေပိုင်နက်ထဲ  ကျော် လွန်လုပ်ကိုင်နေကြသည့် အင်္ဂလန်ကျားဖောင် ၁၀၀၀ ကျော် လုပ်ကိုင်နေသည်ကိုလည်း စစ်ဆေးတွေ့ရှိသည်။

မွန်ပြည်နယ်ရေပိုင်နက်အတွင်း ကမ်းဝေးငါးဖမ်းလုပ်ကွက်များတွင် ခွင့်ပြုလိုင်စင်ဖြင့် လုပ်ကိုင်နေသည့် ဂရံ ကြီးလှေ ၉ စီးအပါအဝင် ငါးဖမ်းလှေ ၃၂၀ စီး ရှိသည်။

မွန်ပြည်နယ်၏ ၃၅၁ မိုင်ရှည်လျားသော ကမ်းရိုးတန်းတစ်လျှောက်တွင် ပင်လယ်ပြင် ၁၀ မိုင်အထိသာ လိုင်စင် ကိုင်ခွင့်ရှိသည့် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ကမ်းနီးငါးဖမ်းလှေ စုစုပေါင်း ၁၂၄၄ စီးရှိသည်။

ငါးလုပ်ငန်းရှင်များသည် ငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်ထား သည့် လှေအစီးရေထက်  လှေအစီးပေါင်းများစွာနှင့် လိုင်စင်မဲ့လုပ်ကိုင်နေကြသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင် က ပြောသည်။

ရေလုပ်ငန်း လုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေ ငါးဦးစီးဌာနမှာ ခွင့်ပြုလိုင်စင်  ပြုလုပ်တဲ့နေရာမှာ လှေ တစ် စီးသာ ခွင့်ပြုလိုင်စင် တောင်းခံပြီးတော့ လှေအစီးပေါင်းများစွာ လိုင်စင်မဲ့နဲ့ လုပ်နေကြတာတွေ့ရှိ ရပါတယ် ဟု ပြောသည်။

အဆိုပါ မွန်ပြည်နယ်ရေပိုင်နက်အတွင်းက တရားမဝင် ငါးဖမ်းလှေကိစ္စနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ တွင် ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ပြုလုပ်သွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာအေးဇံက ပြော သည်။