တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ) ၁၇ – ၂ – ၂၀၂၀။

ကချင်ပြည်နယ်အနောက်ဘက် တနိုင်းမြို့နယ်မှာ ဒေသခံတွေနဲ့ လူထုမူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ဘိန်းစိုက်ခင်းဖျက်ဆီးရေးလုပ်ငန်းတွေကို အခုနှစ်ဆန်းပိုင်းက စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ၅ ခုမှာ အင်တာနက်လိုင်းတွေ ထပ်မံအပိတ်ခံထားရတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မှာတော့ စစ်အစိုးရက သိမ်းပိုက်ဖြိုချဖျက်ဆီးပြီး ဟိုတယ်တည်ဆောက်ထားတဲ့ ကျိုင်းတုံဟော်နန်းမြေနေရာကို နှစ် ၇၀ အတွင်း မူလပိုင်ရှင်ကို ပြန်လည်မအပ်နှံနိုင်သေးဘူးလို့ ပြောပါတယ်။

ZawGyi



