ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၅၂)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်၊ အစိုးရငြိမ်းချမ်းကိုယ်စားလှယ်တွေနဲ့ အပစ်ရပ် ၁၀ ဖွဲ့တို့က အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေ လက်မှတ်ထိုးကြဖို့ အဖက်ဖက်က တိုက်တွန်းနေပေမယ့် ဒီနေ့အချိန်ထိ NCA မှာ ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပါဘူး။
NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာကြောင့် အပေါင်းလက္ခာဆောင်တဲ့ အပြောင်းအလဲတချို့ ဖြစ်ပေါ်ခဲ့ပေမယ့် အတိတ်ကာလက လူ့အခွင့်အရေးချိုးဖောက်မှုတွေကတော့ ဒေသခံပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေမှာ သက်ရောက်မှုတွေ ဆက်ပြီးရှိနေဆဲလို့ ထောက်ပြထားတာတွေလည်း ရှိနေပါတယ်။ တဖက်မှာလည်း အစိုးရနဲ့ တပ်မတော်တို့ အနေနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်ဖော်ဆောင်မှုတွေကို ကောင်းမွန်စွာ ဖော်ဆောင်မှ၊ အကောင်အထည်ဖော်မှုတွေ အောင်မြင်မှ၊ စာချုပ်ပါ အချက်တွေကို လိုက်နာမှသာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေလည်း စာချုပ်မှာ ပါဝင်လက်မှတ်ထိုးလာလိမ့်မယ် လို့ ထောက်ပြထားကြပါတယ်။ ဒီအကြောင်းစုံကို တင်ဆက်ပေးပါ့မယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ရး၄၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို တနလာၤနေ့ မနက် – ၉း၄၅၊ ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅ ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။