ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၅၆)

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးတရားစွဲဆို အကျဉ်းချခံခဲ့ရတဲ့ ကရင်နီလူငယ်တွေဟာ ၂၀၁၉ ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြန်လွတ်လာခဲ့ကြပါတယ်။ ကရင်နီပြည်သူတွေကတော့ ဒီဖြစ်ရပ်တွေ ဖြစ် ရ တာဟာ ပြည်နယ်အစိုးရရော၊ ပြည်ထောင်စုအစိုးရရောကပါ တိုင်းရင်းသားတွေရဲ့ မတူကွဲပြားမှုတွေကို လက်မခံနိုင်တာကြောင့်လို့ ဆိုပါတယ်။ ကရင်နီလူငယ်ခေါင်းဆောင် ၆ ဦးကို ဖမ်းဆီးထောင်ချခဲ့တာဟာ ကရင်နီလူထုတစ်ရပ်လုံးရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာမှု ဒီမိုကရေစီရဲ့ စံချိန် စံနှုန်းဖြစ်တဲ့ ပြောရေးဆိုခွင့်ကိုလည်း လိုက်လံပိတ်ပင်ခဲ့တာဖြစ်ကြောင်း၊ အရှိတရား အမှန်တရား တွေ ကို ပြည်သူတွေ မမြင်အောင် မျက်စိလိုက်ပိတ်ခဲ့တာဖြစ်ကြောင်း ကရင်နီ တက်ကြွလှုပ်ရှားသူတွေ က ပြောဆိုခဲ့ပါတယ်။ လူမျိုးကြီးဝါဒ အသွင်ဆောင်နေတာကြောင့် လက်ရှိအစိုးရအနေနဲ့ သတိချပ်ဖို့ လိုအပ် တယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။ ဒီအမျိုးသားအစွန်းရောက်မှု၊ လူမျိုးကြီးဝါဒကို ကျင့်သုံးနေတာ ဟာ တိုင်းရင်းသားအချင်းချင်းကြား ယုံကြည်မှုတွေကို ပျက်ပြားစေတာကြောင့် တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးကိုလည်း ထိခိုက်စေတယ်လို့ ဆိုပါတယ်။

ဒီအကြောင်းအရာ အခြေအနေတွေကို စုစည်းတင်ဆက်ထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ၈း၁၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို တနလာင်္နေ့ မနက် – ၉း၄၅၊ ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅ ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။