ငြိမ်းချမ်းရေးအတွက်ဖက်ဒရယ် အပိုင်း (၅၅)

အပစ်ခတ်ရပ်စဲရေးက ကရင်ဒုက္ခသည်တွေအတွက်မဟုတ်ဘူး နိုင်ငံထဲမှာ ရှိတဲ့ ပြည်သူအားလုံးအတွက်က အရေးကြီးဆုံးပဲ စစ်ပွဲကြောင့်မို့လို့ ကျေးရွာတွေ ပျက်စီးရတယ်။ လူတွေဒုက္ခရောက်တယ် အဲဒီအပေါ်မှာက ဒီလိုတိုက်ပွဲနေ့တိုင်းဖြစ်နေခဲ့မယ်ဆိုရင် ကိုယ့်လူထုလို့ ကိုယ်ပြောပြီးတော့ ကိုယ့်လူထုအတွက် မကြည့်ခဲ့ ဘူး ဆိုရင် အဲဒါကတော့စဉ်းစားစရာပဲ ဒါကြောင့်မို့ လက်ရှိ အုပ်စိုးနေတဲ့ အစိုးရက အဲဒါကို ချင့်ချင့်ချိန်ချိန်နဲ့ စာနာမှုအပြည့်နဲ့ အပစ်ခတ်ရပ်စဲရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော် ပါလို့ ပြောချင်တယ်။ စောအယ်ကလူ တွဲဖက်အတွင်းရေးမှူး ကရင်ဒုက္ခသည်ကော်မတီ KRC

အစိုးရ၊ တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ကြား ချုပ်ဆိုထားတဲ့ NCA စာချုပ်ကြောင့် ဒေသအတွင်းနဲ့ ကရင်ဒုက္ခသည်တွေအတွက် ဘာတွေက အပြောင်းအလဲဖြစ်လာပြီလဲ၊ တကယ်ပဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနေပြီလား၊ ဒီမိုကရေနဲ့ ဖက်ဒရယ်စနစ် အသွင်ကူးပြောင်းရေးသွားနေပြီလား၊ ဘယ်အချက်တွေမှာ တစ်ဆို့မှုတွေဖြစ်နေသေးတာလဲ၊ နေစပ်ဒေသက စစ်ရှောင်စခန်းတွေမှာ ကျန်ခဲ့တဲ့ စစ်ရှောင်တွေရဲ့ လက်ရှိစိန်ခေါ်မှုတွေက ဘာလဲ၊ နေရပ်ပြန်သွားတဲ့ စစ်ရှောင်တွေမှာ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလဲ။

ဒီတပတ်မှာ တင်ဆက်ပေးပါ့မယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ၈း၁၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို တနလာင်္နေ့ မနက် – ၉း၄၅၊ ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅ ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။