ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၅၇)
ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးဆိုတာဟာ လွတ်လပ်ရေးရဲ့ အဓိကရည်ရွယ်ချက်ဖြစ်ကြောင်းနဲ့ နိုင်ငံရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးဟာလည်း တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်တယ်လို့ ကချင်ပြည် နယ်နေ့ အခမ်းအနားမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံက ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ ပတ်သက်ပြီး ပြောဆိုနေချိန်မှာပဲ လက်တွေ့ မှာ ပြည်နယ်အစိုးရကိုတောင် လုပ်ပိုင်ခွင့် တစ်စုံတစ်ရာ မပေးပဲ အစစအရာရာ ဗဟိုကပဲ ကိုင်တွယ်ဖြေရှင်းနေတာဟာ အပြောနဲ့ လက် တွေ့ ကွာခြားနေတယ်လို့လည်း ကချင်အရပ်ဘက် အဖွဲ့အစည်းတချို့နဲ့ ကချင်နိုင်ငံ ရေးပါတီ တချို့က ထောက်ပြထားနေကြပါတယ်။
အခုနှစ်ကျင်းပခဲ့တဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်အတိုင်ပင်ခံရဲ့ မိန့်ခွန်းထဲမှာ ပြောကြားခဲ့တဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးဆိုတဲ့ အချက်တွေဟာ မဖြစ်နိုင်သေးသလို ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့်အပြည့်အဝရှိတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဟာ မလွယ်ကူသေးဘူးလို့ ဆိုကြပါတယ်။
“ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်” အစီအစဉ်ကနေ ဒီအကြောင်းအရာတွေကို တင်ဆက်ပေးထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ ည ၈း၁၅ မှာ အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့်ပေး နေပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်ကို တနလာင်္နေ့ မနက် – ၉း၄၅၊ ဗုဒ္ဓဟူးနေ့ နေ့လည် – ၂း၁၅ ကြာသာပတေးနေ့ – ည ၁၀း၄၅ တို့မှာ Mizzima TV ကနေ ပြန်လည် ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။