စ်ရှူးငှက်ပျော ဆိုင်ရာ တရားစွဲဆိုမှုများကို အစိုးရမှ ဖြေရှင်းပေးရန် ဒေသခံများ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်။

စ်ရှူးငှက်ပျောစိုက်ခင်း ကုမ္ပဏီနှင့် ဒေသခံတို့အကြား  မြေယာအငြင်းပွားမှု ဆိုင်ရာ တရားစွဲဆိုမှုများကို အစိုးရ တာဝန် ရှိသူများမှ လာရောက်ဖြေရှင်းပေးပါရန် ဒေသခံများက တောင်းဆို လိုက် သည်။

ဝိုင်းမော်မြို့နယ်၊ နန့်ဝါကျေးရွာအုပ်စု၊ မုတ်ကျိတ်ကျေးရွာမှ ဒေသခံများနှင့် တစ်ရှူးငှက်ပျော ကုမ္ပဏီတို့ကြား ဖြစ်ပွားနေသည့် တရားစွဲဆိုမှုများနှင့်ပတ်သက်၍ လာရောက်ဖြေရှင်းပေးရန်  ဖေဖော်ဝါရီလ ၂၅ ရက်နေ့ (ယမန်နေ့)က  မြစ်ကြီးနားမြို့ရှိ AGAPE HOTEL တွင် ဒေသခံများက သတင်းစာရှင်းလင်းပွဲ  ပြုလုပ်ခဲ့ကာ  တောင်းဆို ခြင်းဖြစ်သည်။

မြေ ၃ ဧကကျော် ဖျက်ဆီးခြင်းခံရသည့် တောင်သူတစ်ဦးဖြစ်သူ ဒေါ်လေးခက်အေး က “ကျမတို့ တောင်သူ ပါ။ ကျမတို့က သူများလို တောင်သူဆိုတော့ ဒီအပင်စိုက်ရင် ဒီအပင်ရှင်မယ်။ ဒါကိုပဲ သိတယ် ကျမတို့က တရားရုံးမှာ သူများလိမ်လှည်ပြီးမှ ဘယ်လိုလုပ်သလဲတော့ မသိဘူးနော်။ ကျမတို့က တရားရုံးမှာ အဲလိုမျိုး  ရောက်တဲ့အထိ ပြေလည်အောင်ဆိုတာ ကျမတို့က မလုပ်တတ်ဘူး အထက်လူကြီးတွေ ကျမတို့ကိုငှဲ့ ညာ  သောအားဖြင့် စဉ်းစားပေးပါ နယ်မြေကိုလည်း ကွင်းဆင်းပြီးမှ လာကြည့်ပေးပါ။”

ဒေသခံများနှင့် မြေယာအငြင်းပွားမှု ဖြစ်ပွားနေသည့် ကုမ္ပဏီမှာစ်ရှူးငှက်ပျော စိုက် ပျိုးသည့် မျိုးဆက်ကြယ်ပွင့် ကုမ္ပဏီဖြစ်သည်ဟု သိရသည်။

က်ရှိတွင် ကုမ္ပဏီနှင့် ဒေသခံတို့အကြား မြေယာ အငြင်းပွားမှု ပြနာကြောင့် လုပ်ငန်းခွင် ရပ်နားထားရ ပြီး တရားမမှုဖြင့် နစ်နာကြေး သိန်းပေါင်း တစ်သောင်းနှစ်ထောင် လျော်ကြေးငွေ ပေးဆောင်ရန် ကုမ္ပဏီ ဖက်ကလည်း ဒေသခံများကို ပြည်နယ်တရားရုံးတွင် ပြန်လည် တရားစွဲဆိုထားသည်။

“ဒီ သိန်းပေါင်းတစ်သောင်းကျော်ဆိုတာ ကျမတို့က ပေးစရာဆိုတာ တစ်သိန်းတောင် မှ မိသားစုမှာ တစ် နေ့ ကို တစ်သိန်းတောင်မှ တစ်နေ့လုံးကိုတစ်သိန်းတောင်မှ ဝင်ငွေဆိုတာ မရှိဘူး။ အဲဒါကြောင့်မို့လို့ အဲဒါ ကို ဘယ်လိုလုပ်မလဲဆိုတာ ငှဲ့ညာပြီးမှ စဉ်းစားပြီးမှ ဖြေရှင်း ပေးကြပါလို့ အနူးအညွတ် အသနားခံချင် တယ်ပေါ့” ဟု ဒေါ်လေးခက်အေး က ဆက်ပြောသည်။

ဒေသခံတစ်ဦးဖြစ်သူ ဦးဒေါင်ဇယ် က ဒေသခံများက ငှက်ပျော ပျိုးဘောင်များ ဖျက်ဆီးသည်ဟု စွပ်စွဲထားကြောင်း ပြောသည်။

“အဲဒီတရားမမှုတိုင်တာကျတော့ အဲဒီပျိုးဘောင်တွေကို ဖျက်ဆီးတယ်။  နောက်တစ်ခုက အဲဒီစီမံကိန်းကို ရပ်တန့်အောင် လုပ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီစီမံကိန်း မလုပ်ရတဲ့ အတွက်ကြောင့်မို့လို့ နစ်နာတယ် ဆိုတဲ့ အဲဒီ ၂ ချက်ပေါ့လေ အဲဒီ ၂ ချက်နဲ့ ပတ်သက်ပြီးတော့ သိန်းပေါင်း တစ်သောင်းနှစ် ထောင် ကို အလျော် တောင်းတာပေါ့လေ” ဟု ပြောသည်။

အဆိုပါ ပြောဆိုမှုမှာ မဟုတ်မမှန်သည့် ပြောဆိုမှုသာဖြစ်ကြောင်း၊ ကုမ္ပဏီ၏ ငှက်ပျောပျိုးပင်များကို ဖျက်ဆီးခဲ့ခြင်း မရှိသလို ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုကို ရပ်တန့်အောင် လုပ်ဆောင်ခြင်း တစ်စုံတစ်ရာ မရှိဟု ဒေသခံများက ပြောသည်။

“အဲဒီစီမံကိန်း ရပ်နားတယ်ဆိုတာကလည်း အစိုးရရဲ့ အရေးယူဆောင်ရွက်မှု အနေနဲ့ သူတို့က တရားမဝင် လုပ်ကိုင်တယ် စိုက်ပျိုးတဲ့ ကုမ္ပဏီဖြစ်တဲ့အတွက် ကြောင့်မို့လို့ ဒါအစိုးရက တားမြစ်လိုက်တဲ့ အနေအထားပဲ ဖြစ်ပါတယ်။ ကျနော်တို့ တားမြစ်ထားတာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ သဘောထား ကျနော်တို့ရဲ့ ဆန္ဒကို ကျနော်တို့ ဥပဒေကြောင်းအရ အခွင့်အရေးအရ ကျနော်တို့ စာရေးပြီးမှ အစိုးရကို တင်ပြ လိုက်တာပဲ ဖြစ် တယ်။ အဲကြောင့် ကျနော်တို့ရဲ့ တင်ပြချက်အရ အစိုးရကနေပြီး တော့မှ ညွှန်ကြားချက်အမိန့် ထုတ်ပြီးတော့ အစိုးရက တားမြစ်လိုက်တဲ့ ကိစ္စပဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က အဲဒီဟာကို ကျနော်တို့ကြောင့် ရပ်တန့်ပြီး တော့မှ လျော်ဖို့လိုတယ်ဆိုတာ ကျနော်တို့ ဘယ်လိုမှ လက်မခံပါဘူး ဆိုတာ ပြောချင်ပါတယ်။”

ကုမ္ပဏီနှင့် မြေယာ အငြင်းပွားနေသည့် မြေနေရာများတွင် ဒေသခံများ၏ မြေဧက ၃၀၀ ကျော်ပါဝင်နေပြီး အဆိုပါမြေနေရာများတွင် အသင်းတော်၏ မြေနေရာများလည်း ပါနေသည်ဟု ဆိုသည်။

စ်ရှူးငှက်ပျော စိုက်ပျိုးရန် မြေနေရာများ ရှင်းလင်းရာတွင် ဘုရားကျောင်းမြေနေရာများလည်း ပါဝင်သည့် အတွက် ကုမ္ပဏီအား ဒေသခံများဖက်မှ ပြန်လည်တရားစွဲဆို ထားခြင်းများလည်း ရှိသည်ဟု မုတ်ကျိတ် နှစ်  ခြင်း ခရစ်ယာန်အသင်းတော်၏ သင်းအုပ်ဆရာ ဦးလနော့လွမ်းဒေါင် က ပြောသည်။

“ကျနော်တို့လည်း သူတို့ကို တရားစွဲထားတာ ရှိတယ်။ အခု ကျနော်တို့ရဲ့ အသင်းတော်ခြံကို ဖျက်ဆီးတဲ့ အနေနဲ့ တရားစွဲထားတာ ရှိတယ်။ နောက်ပြီးမှ ဒေသခံပြည်သူတွေက ဒီခြံပေါင်းများစွာ ဒီပိုင်ရှင်များစွာပါတဲ့ ရွာကနေလည်း တရားစွဲထားတာ တစ်ခုရှိတယ်။”

ကုမ္ပဏီဖက်မှလည်း ဒေသခံများအား တရားစွဲဆိုထားသည်အမှု ၂ ခုရှိပြီး အဆိုပါ တရားစွဲမှုများကို တရား ဥပဒေလမ်းကြောင်းအရ ရင်ဆိုင်သွားမည်ဟု သင်းအုပ်ဆရာ ဦးလနော့လွမ်းဒေါင် က ဆက်ပြောသည်။

“ကျနော်တို့ ဒေသခံအနေနဲ့ကျတော့ ဒါက နိုင်ငံတော် တရားဥပဒေစိုးမိုးရေး ကို ကျနော်တို့ ပိုပြီးမှ အားကိုး တာပေါ့နော်။ ကျနော်တို့ နိုင်ငံတော်မှာ ဒီလိုမတရားမှု အနေနဲ့ ကျနော်တို့ တရားစွဲဆိုခံထားရတဲ့အပေါ်မှာ ကျနော်တို့က ရင်ဆိုင်ရမယ့် အခက်အခဲတွေက အများကြီးတော့ ရှိမှာပဲ။ ဒါပေမယ့် ကျနော်တို့က ဥပဒေ စိုးမိုးနိုင်ဖို့ရန် မှန်ကန်တဲ့ တရားလမ်းကြောင်းကို ကျနော်တို့ အဖြေရဖို့ရန် ကျနော်တို့ အစီရင်ခံ သွားရမှာ ဖြစ်ပါတယ်။”

မြေယာ အငြင်းပွားမှု ပြနာကြောင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီလကတည်းက စတင်ကာ ကုမ္ပဏီမှ ဒေသခံ ၇ ဦးကို အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇ ဖြင့် အမှုဖွင့်ခဲ့သည်။

အဆိုပါအမှုကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ဝိုင်းမော်မြို့နယ် တရားရုံးက ဒေသခံတောင်သူ ၇ ဦးအား   ထောင်ဒဏ် ၆ လ သို့မဟုတ် ငွေဒဏ် ကျပ် ၅ သောင်းပေးဆောင်ရန် အမိန့်ချခဲ့သည်။

သို့ရာတွင် ဒေသခံများက ဝိုင်းမော်မြို့နယ် တရားရုံး၏ တရားစီရင်ချက်ကို ကန့်ကွက်သည့် အနေဖြင့်   မြစ်ကြီးနား ခရိုင်တရား ရုံးသို့ အယူခံတင်ထားသည်ဟု ဆိုသည်။