ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် ပထမဆုံး အကြိမ် ဘွဲ့နှင်းသဘင် အခန်းအနားကျင်းပ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၁ ရက်။
ကချင်လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ်သည့် ဧရိယာတွင် ပထမဆုံးအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ကချင်လွတ်လပ်ရေး KIO ထိန်းချုပ်ရာ ဒေသဖြစ်သည့် မိုင်ဂျာယာန်တွင် မိုင်ဂျာယာန်ကောလိပ်တွင် ကျောင်းသား ၈၀ ကျော်ကို ပထမဆုံး အကြိမ် ဘွဲ့ပေးအပ်သည့် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၂၉ ရက် ယနေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်ဂျာယာန်ကောလိပ်တွင် နိုင်ငံရေး သိပ္ပံဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည့် မဘောက်ခေါန်က ဘွဲ့ရရှိခဲ့သည့် အပေါ် သူမ၏ ခံစားချက်ကို ယခုလိုပြောသည်။
“အရမ်းပျော်ပြီး အရမ်းလည်း ပီတိဖြစ်မိတယ် ဘာဖြစ်လို့လဲဆိုတော့ ကချင်မှာ ဆိုလို့ရှိရင် ကိုယ့်လူမျိုး ကိုယ်တိုင်ထူထောင်တဲ့ ကျောင်းမှာ ပထမဆုံးအကြိမ်ဘွဲ့ပေးတာ ဖြစ်တယ်ပေါ့နော အဲဒါကို ခံယူရတဲ့အတွက် အရမ်းကို ပီတိဖြစ်မိတယ် ဘာဖြစ်လို့လဲဆိုဒီဟာက သမိုင်းမှာလည်း ကျန်ရစ်ခဲ့တဲ့ တစ်ခုဖြစ်တယ်ပေါ့နော အဲဒါကြောင့် အရမ်းကို ဂုဏ်ယူပြီးတော့ ပျော်ရွှင်မိပါတယ်” ဟုပြောသည်။
အင်္ဂလိပ်စာသာဘာရပ်ဖြင့် ဘွဲ့ရရှိသည့် မဂျာတောင် ကလည်း “ကျမကကျတော့ KIO/ KIA ကဖွင့်တဲ့ စတိတ်ကျောင်းမှာ တက်ပြီးတော့ ဒီမှာ လာတက်တာဖြစ်တယ်။ ကိုယ်က ဘွဲ့ရတစ်ယောက်ဖြစ်ပြီဆိုတော့ စိတ်ထဲမှာ အရမ်းဝမ်း လည်းဝမ်းသာသလို ပီတိလည်း ဖြစ်တယ်” ဟုပြောသည်။
မိုင်ဂျာယာန်ကောလိပ်တွင်၊ Bacherlor of Arts in Development Studies (ဖွံ့ဖြိုးတိုးတက်မှု ဘာသာရပ်) ၊ Bacherlor of Arts in English (အင်္ဂလိပ်စာ) ၊ Bacherlor of Arts in Politics (နိုင်ငံရေးသိပ္ဗံ) ၊ Bachelor of Science in Computer (ကွန်ပြူတာ သိပ္ဗံ)၊ Bachelor of Science in Environmental Management (သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု) စသည့် ဘာသာရပ်များကို သင်ကြားပေးခဲ့သည်ဟု မိုင်ဂျာယာန်ကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာလုလုအောင်က ပြောသည်။
“မနှစ်ကနေစပြီးမှ ကျမတို့ ဂျာနယ်လစ်ဇင်ကို ဒီပလိုမာပေးနေတာရှိတယ် ကျမတို့ ဆယ်လသင်တန်းပေါ့နော အဲဒါ ဂျာနယ်လစ်ဇင် ကျောင်းသားတွေရှိတယ် အဲဒါက နောက်မှ ထပ်ဖြည့်လိုက်တဲဘာသာရပ်ပေါ့နော။ ကျမ တို့ အနေနဲ့လည်း ဒီကျောင်းကိုအခု မေဂျာ ၅ ခုနှင့် သွားနေတယ် အဲတော့ လာမယ့် အချိန်မှာ ဆိုလို့ရှိရင် ဒေသအ တွင်း လိုအပ်ချက်တွေအပေါ်မှာ မူတည်ပြီးမှ ပြီးလို့ရှိရင် ကျမတို့ ကမ္ဘာနှင့်တန်းတူ ရှိတဲ့ ပညာရေး တွေနဲ့ ရင်ဘောင်တန်းနိုင်အောင် ချိတ်ဆက်နိုင်အောင် လိုအပ်တဲ့ ပညာရေးတွေကို ဆိုလိုရှိရင်လည်း ကလေး တွေရဲ့ စိတ်ဝင်စားမှုအပေါ်မူတည်ပြီးတော့ ကျမတို့ ထပ်ပြီးမှ ဖြည့်စွတ်သွားမယ့်ဟာတွေလည်း ရှိပါသေး တယ်” ဟုပြောသည်။
ပထမဆုံးအကြိမ်ပြုလုပ်သည့် မိုင်ဂျာယာန်ကောလိပ်၏ ဘွဲ့နှင်းသဘင်တွင် ဖွံ့ဖြိုးတိုးတက်မှုဘာသာရပ် တွင် ၂၅ ဦး၊ အင်္ဂလိပ်စာ မေဂျာ ၂၀ ဦး ၊ နိုင်ငံရေး သိပ္ဗံ ၁၄ ဦး၊ ကွန်ပြူတာ သိပ္ဗံ ၁၉ ဦး ၊ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု ၄ ဦး စုစုပေါင်း ကျောင်းသူ/သား ၈၂ ဦးကို ဘွဲ့အပ်နှင်းခဲ့သည်။
မိုင်ဂျာယာန်ကောလိပ်ကို ကချင်လွတ်လပ်ရေး အဖွဲ့ KIO ၏ အထက်တန်းကျောင်းတွင် အောင်မြင်သည့် သူများ သာမက မြန်မာအစိုးရကျောင်းများတွင် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အောင်သူများလည်း တက် ရောက် ကြသည်ဟု ဆိုသည်။
မြန်မာအစိုးရ အထက်တန်းကျောင်းတွင် အောင်မြင်ပြီး မိုင်ဂျာယာန်ကောလိပ်တွင် လာရောက် တက်ရောက်ရ သည့် အကြောင်းအရင်းနှင့် ပတ်သက်၍ မဘောက်ခေါန်က ယခုလိုပြောသည်။
“ကျမတို့က ဆယ်တန်းကတော့ မြန်မာကျောင်းမှာ အောင်ခဲ့တာပေါ့။ ဒါပေမယ့် အဲဒီမှာ ဗမာကျောင်းမှာဆို ရင် တော့ တက္ကသိုလ်မှာဆိုရင်လည်း ဒီအတိုင်းပဲ ကျောင်းသွားလိုက် ပြီးရင် ပြန်လာလိုက် ပြီးလို့ရှိရင် လက်တွေ့မှာ သုံးမယ့် ပညာရပ်တွေပေါ့နော ပြီးလို့ရှိရင် သင်ယူလို့ မရဘူး အဲလိုမျိုးခံစားရတယ် ပြီးလို့ရှိရင် ဒီမှာ ကိုယ်သင် ယူချင်တဲ့ ဘာသာရယ် ပြီးလို့ရှိရင် ဘယ်လိုပြောမလဲ တကယ့် အပြင်လက်တွေ့မှာပေါ့နော သုံးသွားတဲ့ ပညာ ရပ်တွေ ကောင်းမွန်တဲ့ ပညာရပ်တွေ ကမ္ဘာ့အဆင့်မှီတဲ့ ပညာရပ်တွေကို သင်ယူနိုင်မယ် ပြီးလို့ရှိရင် ကိုယ့်လူ မျိုးနဲ့ ပတ်သက်တဲ့ အကြောင်းတွေပေါ့နော သင်ယူရမယ်ဆိုတော့ အဲဒီ အားသာ ချက်တွေကြောင့် ဒီကျောင်းကို တက် ဖြစ်သွားတာပါ” ဟုပြောသည်။
၂၀၁၁ ခုနှစ်တွင် ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA နှင့် အစိုးရ တပ်မတော်တို့ တစ်ကျော့ပြန်ဖြစ် ပွားခဲ့သည့် တိုက်ပွဲများကြောင့် KIO ထိန်းချုပ်ရာ နယ်မြေမှ ကျောင်းသား/သူများမှာ အစိုးရဖက်တွင် ကျောင်း တက်၍ မရတော့သည့် အခြေအနေသို့ ရောက်ရှိလာသည့်အတွက် လိုအပ်ချက်အရ မိုင်ဂျာယာန်ကောလိပ်ကို ဖွင့်လှစ်ခဲ့ရ သည်ဟု ဒေါက်တာလုလုအောင်က ပြောသည်။
“KIO ခေါင်းဆောင်တွေနဲ့ ကချင်အမျိုးသား ပညာရေးကို စိတ်ဝင်စားတဲ့ မြန်မာပြည်မှာရှိတဲ့ ကျမတို့ ကချင် တိုင်းရင်းသားတွေရယ် ပြီးတော့ ပြည်ပမှာ ရှိတဲ့ ကချင်တိုင်းရင်းသားတွေရယ် ပူးပေါင်းပြီးမှ အစည်းအဝေး စပြီးတော့မှ စခဲ့တယ်။ အကုန်လုံးက ကချင်တစ်မျိုးသားလုံးက ကျမတို့ ကချင်ကောလိပ်တက္ကသိုလ်က လိုအပ်နေပြီးဆိုပြီးတော့မှ သူတို့ သဘောတူညီတဲ့အတွက်ကြောင့်မို့လို့ ကျောင်းဖွင့်မယ့် အစည်းအဝေးပေါ့ တရားဝင်အစည်းအဝေးကို စထိုင်ခဲ့တယ် ထိုင်ပြီးမှ ၃ လအကြာမှာ ကျမတို့ မိုင်ဂျာယာန် ကောလိပ်ကို စပြီးမှ ဖွင့်လှစ်ခဲ့တယ် ၂၀၁၅ ခုနှစ် ဂျူလိုင်လမှာ အစည်းအဝေးစထိုင်ပြီးမှ ၂၀၁၅ ခုနှစ် စက်တင် ဘာလမှာ ကျောင်း ကိုဖွင့်လှစ်လိုက်တယ် အဲတော့အခြေအနေအရ ဖွင့်လှစ်လိုက်တဲ့ ကျောင်းတစ်ခုလို့ ပြောလို့ ရပါတယ်။”
လက်ရှိတွင် မိုင်ဂျာယာန်ကောလိပ်တွင် ဘာသာရပ် ၅ ခုအပြင် သတင်းပညာနှင့် ပတ်သက်သည့် ဂျာနယ်လစ် ဇင်ဘာသာရပ်ကိုလည်း ဖွင့်လှစ်သင်ကြားပေးနေသည်ဟု ဆိုသည်။ ဂျာနယ်လစ်ဇင်ဘာသာရပ်ကို ဒီပလိုမာ လက်မှတ် ပေးအပ်မှာဖြစ်ပြီး ၁၀ လတာ တက်ရောက်ရသည်ဟု သိရသည်။
မိုင်ဂျာယာန်ကောလိပ်၏ ဘွဲ့နှင်းသဘင် အခမ်းအနားသို့ ဘွဲ့ရကျောင်းသား/သူများနှင့်အတူ ကျောင်းသားမိဘ များ၊ ဆရာ/ဆရာမ များ၊ KIO ဗဟို ပညာ ရေးဌာနမှ တာဝန်ရှိသူများ၊အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများနှင့် ဒေသခံများ စုစုပေါင်း လူဦးရေ ထောင်ချီ တက်ရောက်ခဲ့သည်။