မိုင်ဂျာယာန်ကောလိပ်၏ ပထမဆုံးအကြိမ် ဘွဲ့နှင်းသဘင် ( သတင်းဓာတ်ပုံ)
ကချင်လွတ်လပ်ရေး KIO ထိန်းချုပ်ရာ ဒေသဖြစ်သည့် မိုင်ဂျာယာန်တွင် မိုင်ဂျာယာန်ကောလိပ်တွင် ကျောင်းသား ၈၀ ကျော်ကို ပထမဆုံး အကြိမ် ဘွဲ့ပေးအပ်သည့် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၂၉ ရက် ယနေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပထမဆုံးအကြိမ်ပြုလုပ်သည့် မိုင်ဂျာယာန်ကောလိပ်၏ ဘွဲ့နှင်းသဘင်တွင် ဖွံ့ဖြိုးတိုးတက်မှုဘာသာရပ် တွင် ၂၅ ဦး၊ အင်္ဂလိပ်စာ မေဂျာ ၂၀ ဦး ၊ နိုင်ငံရေး သိပ္ဗံ ၁၄ ဦး၊ ကွန်ပြူတာ သိပ္ဗံ ၁၉ ဦး ၊ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု ၄ ဦး စုစုပေါင်း ကျောင်းသူ/သား ၈၂ ဦးကို ဘွဲ့အပ်နှင်းခဲ့သည်။
မိုင်ဂျာယာန်ကောလိပ်၏ ဘွဲ့နှင်းသဘင် အခမ်းအနားသို့ ဘွဲ့ရကျောင်းသား/သူများနှင့်အတူ ကျောင်းသားမိဘ များ၊ ဆရာ/ဆရာမ များ၊ KIO ဗဟို ပညာ ရေးဌာနမှ တာဝန်ရှိသူများ၊အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများနှင့် ဒေသခံများ စုစုပေါင်း လူဦးရေ ထောင်ချီ တက်ရောက်ခဲ့သည်။