ပြည်မပညာရေးအတွက် အကြုံးဝင်အောင်ဖွင့်ခဲ့တဲ့ ကျောင်းမဟုတ်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ ဒေသဖြစ်တဲ့ မိုင်ဂျာယာန်မှာ မိုင်ဂျာယာန်ကောလိပ်ရဲ့ ပထမဆုံးအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ မိုင်ဂျာယာန် ကောလိပ်ကို ဖွင့်လှစ်ဖို့ ဘယ်လိုအကြောင်းအရင်းတွေက တွန်းပို့ခဲ့တာလဲ၊ ဒီကောလိပ်မှာ ဘယ်သူတွေ သင်ကြားပေးနေတာလဲ၊ ဒီမှာရှိတဲ့ သင်ကြားမှုပုံစံနဲ့ ပြည်မကသင်ကြားမှုပုံစံ ဘယ်လိုကွာနေတာလဲ စတဲ့အကြောင်းအရာတွေကို မိုင်ဂျာယာန် ကောလိပ်ရဲ့ ကျောင်းအုပ်ကြီး ဒေါက်တာလုလုအောင်က ပြောပြထားတာကို အပိုင်း ၁ အဖြစ် တင်ဆက်ပေးထားပါတယ်။