တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ) ၂ – ၃ – ၂၀၂၀။

ကယားပြည်နယ် ဖရူဆိုမြို့အရှေ့ဘက်ခြမ်းဒေသက ကျေးရွာတွေမှာ ရေမလုံလောက်တဲ့ပြဿနာတွေကို နွေးဦးစချိန်မှာပဲ စတင်ကြုံတွေ့နေပြီဖြစ်တာကြောင့် ရေအလှူရှင်တွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ရေနက်ဆိပ်ကမ်း၊ လေယာဉ်ကွင်းစတဲ့ အကြီးစားစီမံကိန်းတွေ ဝင်ရောက်လာမှာကို ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင် ၅ဝ လောက်ဟာ စစ်တွေမြို့ကို ထပ်မံထွက်ပြေးခိုလှုံလာကြတယ်လို့ သိရပါတယ်။

ZawGyi



