UWSP ထိန်းချုပ်နယ်မြေ ရွေးကောက်ပွဲ ကျင်းပရေး ညှိုနှိုင်းစရာများ ရှိနေသေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၄ ရက်။

UWSP/UWSA “ဝ” ပြည်သွေးစည်းညီညွှတ်ရေးပါတီက ၎င်းတို့ ထိန်းချုပ်ရာဒေသတွင် ရွေးကောက်ပွဲ ကျင်း ပနိုင်ရန် အစိုးရနှင့်ဆက်လက် ညှိနှိုင်းစရာများစွာ ရှိနေသေး သည်ဟု UWSP က ပြောသည်။

“ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေး UWSP/UWSA ထိပ်ပိုင်း ခေါင်း ဆောင်များနှင့် ရွေးကောက်ပွဲကော်မရှင်တို့ ဖေဖော်ဝါရီလကုန်ပိုင်းက ပန်ဆန်း (ပန်ခန်း) မြို့တွင် တွေ့ဆုံခဲ့ ကြသည်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက “ဖြေရှင်းဖို့ ဆိုတာ ကတော့ ဖြေရှင်းဖို့ကိစ္စက ဒီမှတ်ပုံတင်ကိစ္စတွေ၊ အိမ်ထောင်စုစာရင်းတွေ၊ လူဦးရေ ဒါတွေပေါ့နော်။ အဲ့ဒါ တွေ အရင်ဖြေရှင်းဖို့ပေါ့နော်။ ကျန်တဲ့အပိုင်းတွေကလည်း ဆက်လက်ညှိနှိုင်းဖို့တွေ၊ ပြင်ဆင်ဖို့တွေ လိုပါ သေးတယ်။ ဆွေးနွေးဖို့တွေ လိုပါသေးတယ်နော်” ဟု ပြောသည်။

ရွေးကောက်ပွဲကျင်းပနိုင်ရေး ကော်မရှင်က လာရောက်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း လက်တွေ့တွင် အမှန် တကယ်ကျင်းပနိုင်ရေး ဆက်လက်ဆွေးနွေးရန် ကိစ္စရပ်များ ရှိနေသေးသည်ဟု ဦးညီရန်းက ဆက်ပြော သည်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း ဟိုပန်ခရိုင်နှင့် မက်မန်း ခရိုင်ဆိုသည့် ခရိုင် ၂ ခရိုင်ရှိရာ မြို့နယ် ၆ မြို့နယ်ထဲမှ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်း နှင့် နားဖန်းမြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပနိုင် ရေး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း က UWSP အနေဖြင့် ပူးပေါင်းပါဝင်နိုင်ရေး ပြောကြားခဲ့သည်ဟု ဦးညီရန်း က ဆက်ပြောသည်။

“ပြီးခဲ့တဲ့လကုန် ၂၇ ရက်နေ့တုန်းက လကုန်ဝန်းကျင် ဒီ ၂၇ ရက်နေ့တုန်းက ကျနော်တို့ ဌာနချုပ်မှာတွေ့ တာ။ အဓိကက ကျနော်တို့ “ဝ” ပြည်နယ်မှာ ကျန်ရှိနေတဲ့ မြိုနယ် လေးမြို့နယ်မှာ ဒီရွေးကောက်ပွဲကျင်းပ နိုင်ဖို့ ဆွေးနွေး ခဲ့ကြတာပေါ့နော်။ အဲ့ဒါပဲ။ ကျနော်တို့ ဒု-ဥက္ကဋ္ဌ တက်ရောက်တယ်ပေါ့နော်။ ဒီက ဘာ တောင်း ဆိုမလဲဆိုတော့ အကယ်လို့ လုပ်မယ်ဆိုရင်တော့ လုပ်နိုင်တဲ့အခြေအနေ ပေးတယ် ဆိုရင်တော့ အဘက်ဘက်အတွက် အကျိုးပြုမယ်ဆိုရင်တော့ ဒါကတော့ ကျနော်တို့အနေနဲ့ ပူးပေါင်းမယ် ဆိုတဲ့ သဘောထားတော့ ပေးခဲ့တယ်ပေါ့နော်။ ဒါပါပဲ။”

ဖေဖော်ဝါရီလ ၂၇ရက်နေ့ နံနက်ပိုင်းတွင် UWSP ၏ ဒု-ဥက္ကဋ္ဌ ဦးရှောက်မင်လျံ ၊ ဒု-စစ်သေနာပတိ ချုပ် ဦးကျောက်ကျုံးတန်း၊ ဒု-အထွေထွေအတွင်းရေးမှုးချုပ် ဦးပေါက်ယူရိ ၊ ဒု-ဥက္ကဋ္ဌ ဦးကျောက်ကော်အန်းနှင့် ဗ ဟိုကော်မတီဝင်ခေါင်းဆောင်များက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များကို ပန်ခမ်းမြို့ ဗဟိုရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

UWSP/UWSA ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် မြို့နယ်လေးခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ ရွေး ကောက်ပွဲ ကိုယ်စားလှယ်များ ရွေးချယ်ရေး၊ ၂၀၂၀ အထွေထွေရွေး ကောက်ပွဲတွင် ပါဝင်ရေးနှင့် မဲပေး နိုင်ရေး ကိစ္စရပ်တွေကို ကော်မရှင်ဘက်က ရှင်းပြခဲ့သည်ဟုလည်း သိရသည်။

ယခုကဲ့သို့ ရွေးကောက်ပွဲကော်မရှင်နှင့် UWSP ထိပ်ပိုင်းခေါင်းဆောင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆွေး နွေးမှု ကောင်းမွန်သည့် တွေ့ဆုံမှုဖြစ်ကြောင်း သို့သော်လည်း အဆိုပါ မြို့နယ်လေးမြို့နယ်တွင်၂၀၂၀ တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးမှာ ဖြစ်နိုင်ချေ နည်းသည်ဟု “ဝ” အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ က ပြောသည်။

“ဝ” အမျိုးသားစည်းလုံးရေးပါတီ ဥက္ကဋ္ဌ ဦးညီပလုပ် က “အခု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကိုယ်တိုင် သူ တို့နဲ့ သွားတွေ့တာဆိုတော့ ကောင်းပါတယ်။ အခြေအနေပိုသိရတာပေါ့နော်။ သူက နဂိုကတည်းက အဲ့ဒီမှာ က “ဝ” လူကြီးတွေအပေါ်မှာပဲ အများကြီးမူတယ်။ သူတို့ဖွင့်ပေးရင်တော့ ရနိုင်တာပေါ့နော်။ အခုနက ပြော သလို အဓိကက ဥပမာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် မှတ်ပုံတင် လုပ်ငန်းတို့ ဘာတို့ လုပ်ရမယ်လေ။ အကုန်လုပ်ရမှာကိုး။ ပြန်လုပ်ရမှာ။ အဲ့ဒါ အဆင်ပြေနိုင်ပါ့မလား အဲ့ဒါကျနော်တို့ စဉ်းစားတယ်။ အခြေ အနေက အခုတွက်ကြည့်တာတော့ သိပ်တော့ အဆင်မပြေနိုင်ဘူးထင်တာပဲ” ဟု ပြောသည်။

သို့သော်လည်း “အထူးသဖြင့် “ဝ” ပြည်နယ်သတ်မှတ်ရေးကိစ္စရပ်များ၊ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြ ဌာန်းခွင့်၊ အုပ်ချုပ် ခွင့် သတ်မှတ်ပေးတွေကို နိုင်ငံတော်က စဉ်းစားပေးမယ်ဆိုရင်၊ ဆောင်ရွက်ပေးမယ် ဆိုရင် ဖြစ်နိုင်တဲ့ အခြေအနေမှာရှိတယ်” ဟု ဦးညီပလုပ် က ဆက်ပြောသည်။

“ဝ” အမျိုးသားစည်းလုံးညီညွတ်ရေးပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မက်မန်းမဲဆန္ဒနယ် အမှတ်(၁) တွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်နေရာအတွက် အနိုင်ရရှိခဲ့သည့် ပါတီ ဖြစ် သည်။

အခြားသော “ဝ” ပါတီများအနေဖြင့် UWSP က ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရေးနှင့် ပတ်သက်၍လည်း ဦးညီပလုပ် က “အဲ့ဒီကိစ္စက ကျနော်တို့လည်း ပြောလို့မရဘူး။ ဘာလို့ လည်းဆိုတော့ သူတို့ကလည်း ပါတီရှိတာကိုးနော်။ ကျနော်တို့လည်းပါတီရှိတယ်။ သူတို့အခြေအနေပေါ်ပဲ မူတည်တယ်။ သူတို့ဖွင့်မယ်ဆိုရင်တော့ ကျနော်တို့က သွားလာလို့ရမယ်၊ စည်းရုံးလို့ရမယ်။ တကယ်လို့ သူတို့က မဖွင့်ပေးဘူးဆိုရင်တော့ ဒါကတော့ တစ်မျိုးဖြစ်သွားပြီပေါ့” ဟု ဆက်ပြောသည်။

“ဝ” အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ အပါအဝင် “ဝ”ဒီမိုကရက်တစ်ပါတီနှင့် “ဝ”လစ်ဘရယ်ဒီမိုကရက် တစ် တိုးတက်ဖွံ့ ဖြိုးရေးပါတီတို့သည် “ဝ” လူမျိုးဒေသခံ ပြည်သူများ၏ တောင်းဆတိုချက်အရ “ဝ” အမျိုး သားပါတီအဖြစ် ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းနေကြသည်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် မြို့နယ် (၆) မြို့နယ် ပါဝင်ပြီး အဆိုပါမြို့နယ်များကို ခရိုင်(၂) ခု အဖြစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လက ထုတ်ပြန်ကြေညာခဲ့ကြသည်။

အဆိုပါ မြို့နယ် ၆ မြို့နယ်အနက် မြို့နယ် လေးခုမှာ UWSP/UWSA ထိန်းချုပ်မှုအောက်တွင် တည်ရှိပြီး မြို့ နယ် နှစ်ခုသာ အစိုးရထိန်းချုပ်မှု အောက်တွင် တည်ရှိသည်။

UWSP/UWSA ၏ ထိန်းချုပ်မှု အောက်တွင် တည်ရှိသည့် မြို့နယ်လေးခုတွင် လူဦးရေ ၅ သိန်းနီးပါးရှိသည် ဟုလည်း သိရသည်။