ရွှေ့ပြောင်း အလုပ်သမားများ ရောက်ရာအရပ်တွင် မဲပေးခွင့်ကို ကချင်ပါတီ ဆန္ဒပြကန့်ကွက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မတ်လ ၉ ရက်။

ပြည်မ အခြေစိုက်ပါတီများကို အသာစီးရစေနိုင်သည့် ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးနိုင်သည့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေသ ပုဒ်မ ၁၀ ကို ဖျက်သိမ်းပေး ရန် ကချင်အမျိုးသား ကွန်ဂရက်ပါတီ KNC က ဆန္ဒပြ တောင်းဆိုလိုက်သည်။

ကချင်အမျိုးသား ကွန်ဂရက်ပါတီ KNC ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လ က “ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော် တို့က ဒီဥပဒေပုဒ်မကို လုံးဝဖျက်သိမ်းပေးဖို့ လိုတဲ့ဟာပဲ။ ဘာကြောင့်လဲဆိုတော့ တစ်ခြားနိုင်ငံတွေမှာလည်း မရှိဘူး။ ဒီဟာက တမင်သက်သက် ထွင်ပြီးတော့မှ နိုင်ငံသား အခွင့်အရေးဆိုတဲ့ ခေါင်းစဉ် တစ်ခုထဲအောက်မှာ အကောင်အထည် ဖော်လာတာဖြစ်တယ်။ အဲတော့ တစ်ခြားနည်းနဲ့ လုပ်လို့ရတယ်လေ။ ဒီနည်းနဲ့ မဟုတ်ဘူး။ ဒီဥပဒေ ပြဌာန်းကတည်းက စကတည်းက ဒီဟာကို မတရားမှုကို အခြေခံတဲ့ အတွက်ကြောင့်မို့လို့ ဥပဒေကို ဖျက်ကိုဖျက်သိမ်းရမှာ။ ဒီအပေါ်မှာ အသုံးချဖို့ မသင့်ဘူးပေ့ါ။ နောက်ညွှန်ပေါင်းပဲဖြစ်ဖြစ် တစ်ခြားအစိုးရ တက် တယ် ဒါဖျက်ကိုဖျက်ရမယ့် ဥပဒေဖြစ်တယ်” ဟု ပြောသည်။

မတ်လ ၉ ရက်နေ့ (ယနေ့) တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စိမ်းမြဧရာ ပန်းခြံရှေ့တွင် KNC ပါတီမှ ဆန္ဒ ထုတ်ဖော်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

မဲဆန္ဒနယ်ပြင်ပရောက်သူများ မဲပေးခွင့်နှင့် ပတ်သက်၍ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ(၁၀)တွင် ပါရှိသော “အနည်းဆုံးရက်ပေါင်း ၁၈၀ ထက်မနည်း” ဆိုသည့်စကားရပ်ကို “အနည်းဆုံးရက်ပေါင်း ၉၀ ထက် မနည်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးပြင်ဆင်ချက်အား ပြည်သူ့လွှတ်တော်တွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့က မဲခွဲအတည်ပြုထားသည်။

ဒေါက်တာ Mကောန်လက “ပြည်နယ်တွေမှာ ရှိနေတဲ့ လူမျိုးစုတွေရဲ့ အခွင့်အရေးက ပိုဆုံးရှုံးလာတယ်။ မယုံရင် ကြည့်နေ ဒီရွေးကောက်ပွဲကြီးက NLD အနိုင်ရခြေပေါ့ သို့မဟုတ် ပြည်မပါတီ အနိုင်ရခြေ ပိုမြင့်သွားမယ်။ ဒီဥပ ဒေ အရဆိုရင် ပြည်နယ်ပါတီတွေက အခုပေါင်းတယ် လုပ်တယ် ဘယ်လိုပဲကြိုးစား အခုကျနော်တို့ဆို အများ ကြီး တည်ဆောက်တယ်။ ဒါပေမယ့် အောင်မြင်ဖို့ ရာခိုင်နှုန်းက ပိုနည်းသွားတယ်။ တိုးမလာဘူး။ ဒီဥပဒေ ကြောင့် တိုးမလာတာ အဲတော့ ကျနော်တို့ တိုင်းပြည်မှာ လူမျိုးတစ်စုတည်းနဲ့ တည်ဆောက်ထားတာ မဟုတ် ဘူး။ လူမျိုးစု ၈ စု တည်ဆောက်ထားတယ်။ လူမျိုးစု ၈ စုရဲ့ နိုင်ငံရေး အခွင့်အလမ်းကို အကုန်လုံး ဖွင့်ပေးရမှာ ဖြစ်တယ်။ အဲတော့ အဲဒီဟာက အားနည်းချက်ရှိတယ်” ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က လွှတ်တော်က ပြင်ဆင်ကြောင်း အတည်ပြု ပြဌာန်းလိုက်သည့် ရွေး ကောက်ပွဲဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၁၀ နှင့် ပတ်သက်၍ တိုင်းရင်းသားပါတီ ၁၄ ပါတီကလည်း ထုတ်ပြန်ချက် ထုတ်ကာ ကန့်ကွက်ထားသေးသည်။

အဆိုပါ ပုဒ်မ ၁၀ တွင် ပါရှိသော အချက်အား လွှတ်တော်မှ အစားထိုးပြင်ဆင်ကြောင်း မဲခွဲ အတည်ပြုလိုက် သည့်အတွက် မည့်သည့်ဒေသတွင်မဆို ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးနိုင်သည့် အနေအထားသည် ပြည် နယ်များရှိ တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးကို ဆုံးရှုံးစေသည်ဟု ယနေ့ဆန္ဒထုတ် ဖော်ပွဲတွင် ဝိုင်း မော်မြို့နယ်မှ လာရောက် ဝန်းရံသည့် ဒေသခံတစ်ဦးဖြစ်သူ ကွမ်ဂျဲတူးဆိုင်း က ပြောသည်။

“သုသေတန လုပ်ထားတဲ့သူတွေရဲ့ စာရင်းအရက ဆယ်သိန်းလောက် ရွေ့ ပြောင်းလုပ်သား ရှိနေတဲ့ အခါမှာ ပေါ့နော် ဒီဟာက ကြောက်စရာ ဖြစ်နေတယ်ပေါ့နော်။ သူတို့သာ အားလုံးမဲဝိုင်း ပေးမယ်ဆိုလို့ရှိရင် ကျနော်တို့ ဒီ ကချင်ပြည်နယ် မူရင်းနေထိုင်တဲ့သူတွေရဲ့ အခွင့်အရေးက လုံးဝကို ပျက်ဆီး သွားစေနိုင် တယ်ပေါ့နော်။ အဓိ က က ဒီမိုကရေစီမှာက လူများစုက နိုင်တဲ့စနစ် ဖြစ်နေတဲ့အခါကျတော့ ဒီရွေ့ ပြောင်းလုပ်သားက အရမ်းများ နေတာ ဆိုလို့ရှိရင် ဒီဟာက ရက်ပေါင်း ၉၀ နေထိုင်ရုံနဲ့ မဲပေးတယ်ဆိုတာက ကျနော်တို့ နဂိုမူလ ပြည်နယ် သားတွေ အတွက်က အရမ်းကို အခွင့်အရေး ဆုံးရှုံးတာပေါ့” ဟု ပြောသည်။

ထို့ကြောင့် မဲပေးပိုင်ခွင့်နှင့် ပတ်သက်၍ ပြည်နယ်များရှိ တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးကို လေး စားလိုက်နာသည့် အနေဖြင့် အစိုးရမှ တိုင်းရင်းသားများ၏ အသံကို နားထောင်ပေးစေချင်သည်ဟု ဆန္ဒထုတ် ဖော်ပွဲတွင် ပါဝင်သူ ဒေါ်နန်းဇိန်းထန်ထု က ပြောသည်။

“အစိုးရကို ဖြစ်စေချင်တာက ဒီမှာ အိမ်ထောင်စုဇယား မရှိပဲနဲ့ ဒီကချင်ပြည်နယ်မှာတော့ အဲလိုမျိုး ခွင့်ပြုတာ တော့ မကောင်းဘူးပေါ့နော်း မဲပေးချင်တယ်ဆိုရင် ကိုယ့်ရဲ့ ဒေသ ကိုယ့်ရဲ့ အရပ်ကို ပြန်ပြီးမှပဲ တရားဝင် အဲလို မျိုး မဲပေးစေချင်ပါတယ်။ ကချင်ပြည်နယ်သာမကပါဘူး။ ပြည်နယ်နဲ့ တိုင်းအားလုံးမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဒါကို အစိုးရအနေနဲ့ လက်ခံပေးဖို့ နားထောင်ပေးဖို့ အဲဒါကို ပြောချင်ပါတယ်။”

KNC ပါတီ၏ ယနေ့ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲတွင် ၂၀၂၀ ရွေးကောက်ပွဲ သန့်ရှင်းမျှတမှု တည်ဆောက်ရေး – ဒို့အရေး၊ ဖက်ဒ ရယ် ဒီမိုကရေစီ အရွေ့တားဆီးမှု မှန်သမျှ ဖယ်ရှားရေး – ဒို့အရေး၊ ရက်ပေါင်း ၉၀ နေထိုင်ရန် မဲပေးခွင့် ပယ် ဖျက်ပစ်ရေး – ဒို့အရေး၊ ဒေသခံတို့ရဲ့ မဲဆန္ဒ ဆုံးဖြတ်ပိုင်ခွင့် ဝင်ရောက် စွတ်ဖက်မှု မပြုရေး – ဒို့အ ရေး စသည့် အချက်များကို ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

လက်ရှိ လွှတ်တော်က အတည်ပြုပြဌာန်းလိုက်သည့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေသည် ပြည်နယ် များရှိ ဒေသခံများအတွက် နိုင်ငံရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ လူမှုရေးအရသော် လည်း ကောင်း ထိခိုက်နစ်နာမှုကို ဖြစ်ပေါ်စေသောကြောင့် ကန့်ကွက်ရခြင်းဖြစ်သည် ဟု တိုင်းရင်းသား ပါတီ များက ဆိုသည်။