တိုင်းရင်းသား ဘာသာ သတင်း အစီအစဉ် ( မြန်မာဘာသာ) ၉ – ၃ – ၂၀၂၀။

ကရင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုတွေဟာ လမ်းဖောက်လုပ်မှုတွေကြောင့် နှစ်ဖက် စစ်ရေးပဋိပက္ခ စတင်လာရတာဖြစ်ပြီး အခုအခါ တပ်မတော်ဘက်က တပ်မ ၃ ခု ထပ်တိုးချထားတာကြောင့် တင်းမာမှုတွေ ပိုရှိလာနေတယ်လို့ KNU က ပြောဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ကိုင်စွဲအသုံးပြုမယ့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူ ဘုံသဘောတူညီချက်စာတမ်းကို တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေ အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

လက်ရှိ လွတ်တော်ထဲမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးစားဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းက ခေါင်းဆောင်တွေ ဘယ်လိုအမြင်သဘောထားတွေရှိကြပါသလဲ။

ZawGyi



