ULA/AA ဟာ အစိုးရထောက်ခံလို့ ဖြစ်လာတဲ့ အဖွဲ့မဟုတ်ဟု AA ဆို
ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရက ULA/AA ကို အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းဆိုပြီး ကြေငြာထားပါတယ်။ အခုလိုကြေငြာလိုက်တဲ့အတွက် ရှေ့ဆက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဘယ်လိုအခက်အခဲတွေ ရှိလာ နိုင်သလဲ။ အဲဒီထုတ်ပြန်ချက်အပေါ် ULA/AA ရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။ ရက္ခိုင့် တပ်တော် ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို သတင်းနှင့်မီဒီယာကွန်ရက် ဆက်သွယ်မေးမြန်းထားတာကို ရုပ်သံမှာ ကြည့်ရှုှု့နိုင်ပါပြီ။
“မြန်မာအစိုးရဖက်က ဘယ်လိုပဲ သတ်မှတ်သတ်မှတ်ပေါ့နော ကျနော်တို့ကနေပြီးတော့ ဒီဗမာ အစိုးရဆီမှာ ခွင့်ပြုချက်နဲ့ တော်လှန်ရေး လုပ်နေတဲ့ အဖွဲ့အစည်း မဟုတ်ဘူး ULA/AA ဟာ ရခိုင်လူထုက နေပြီးတော့ မွေးဖွားပေးလိုက်တဲ့ အဖွဲ့အစည်း ဖြစ်တယ် ဒါကြောင့်မို့လို့ မြန်မာအစိုးရက ထောက်ခံနေစရာ မလိုဘူး။ အဓိက ကတော့ ကျနော်တို့ ရခိုင်ပြည်သူလူထုက တစ်ခဲတစ်နက်ထောက်ခံထားတဲ့ အဖွဲ့အစည်းဖြစ် တဲ့အတွက် ကြောင့်မို့လို့ ကျနော်တို့က ဘယ်လို စံနှုန်းနဲ့ပဲ တိုင်းတိုင်း ကျနော်တို့ဟာ ရခိုင်ဒေသမှာ တရားဝင် အဖွဲ့အ စည်းဖြစ်တယ်” (ခိုင်သုခ ပြောရေးဆိုခွင့်ရှိသူ ULA/AA)