Covid – 19 နှင့် ရခိုင်တိုက်ပွဲတွေအပေါ် ULA/AA ရဲ့ ရပ်တည်ချက်ကဘာလဲ။

ကမ္ဘာနှင့်အဝန်းမှာ ဖြစ်ပွားနေတဲ့ Covid – 19 ကပ်ရောဂါကို ထိရောက်စွာ တွန်းလှန်နိုင်ဖို့အတွက် ကမ္ဘာ့ ဒေသအသီးသီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန် တိုနီယိုဂူတားဂရက်စ်က မေတ္တာရပ်ခံ တောင်းဆိုထားပေမယ့် မြန်မာနိုင်ငံမှာတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ တပ်မတော်နှင့် တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်တော် ULA/AA အနေနဲ့ Covid – 19 ကပ်ရောဂါကြောင့် တိုက်ပွဲတွေ လျော့ချဖို့ အစီအစဉ်ရှိပါလား။ ULA/AA ဖက်က လက်ရှိဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေအပေါ်မှာ သဘောထားဘယ်လိုရှိနေပါသလဲ။ စတဲ့အကြောင်းအရာတွေကို သတင်းနှင့်မီဒီယာ ကွန်ရက်က ရက္ခိုင့်တပ်တော် ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းထားတာကို ရုပ်သံ မှာ ကြည့်ရှု့နိုင်ပါပြီ။

“ကျနော်တို့ ရခိုင်လူမျိုးတွေ အဖို့ကတော့ မြန်မာစစ်တပ်ဟာ covid ထက် ကြောက်ဖို့ကောင်းတဲ့ စစ်ရာ ဇဝတ် ကောင်တွေလို့ ကျနော်တို့ အပြည့်အဝခံယူထားတယ်။ ဒါကြောင့်မို့လို့ ဒီစစ်ရာဇဝတ်ကောင်တွေရဲ့ ဖိနှိပ် မှုက လွတ်ဖို့ဆိုရင် ကျနော်တို့ရဲ့ ဒီ ရက္ခိတလမ်းစဉ်အတိုင်း ချီတက်ပြီးတော့မှ ကျနော်တို့ရဲ့ ဒီကိုယ့်ကံကြ မ္မာ ကိုယ်အပြည့်အ၀ ဖန်တီးနိုင်အောင် လုပ်ဆောင်နိုင်ဖို့ကနေပြီးတော့မှ ဒါဟာဦးစားပေးလုပ်ရ မယ့် အလုပ် ဆိုပြီး တော့ ရခိုင်အားလုံးက ခံယူထားတယ်ဗျား။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီ ရက္ခိတလမ်းစဉ်အတိုင်း တစ်သွေမ တိမ်း ဆက်လက်ပြီးတော့မှ ချီတက်သွားမှာဖြစ်တယ်” (ခိုင်သုခ ပြောရေးဆိုခွင့်ရှိသူ ULA/AA)