ULA/AA လိုင်ဇာတွင် ရှိပါက လိုင်ဇာကို တိုက်မည်ဟု တပ်မတော်ပြော။
ပြီးခဲ့တဲ့ ရက်ပိုင်းက ရက္ခိုင့်တပ်တော် ULA/AA ကို အစိုးရက အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းဆိုပြီး ကြေ ငြာ လိုက်ပါတယ်။ ဒီလိုမကြေငြာခင် ဆယ်ရက်လောက်အလိုမှာ ULA/AA ကို လိုင်ဇာကနေ မောင်း ထုတ်ဖို့ PCG ကနေတစ်ဆင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက KIO/KIA ကို ပြောဆိုထားပါတယ်။ ဘာကြောင့် ULA/AA ကို တပ်မတော်က KIO/KIA နယ်မြေမှာ မနေစေချင်တာလဲ၊ ဒီလိုအနေအထားမျိုးမှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု အခြေအနေတွေ ကို ထိခိုက်စေမှာလား စတာတွေကို သတင်းနှင့်မီဒီယာကွန်ရက်က ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦးလမိုင်ဂွမ်ဂျာကို ဆက်သွယ်မေးမြန်းထားတာကို ရုပ်သံတွင် ကြည့်ရှု့နိုင်ပါပြီ။
“အခု KIO ကိုတော့ တိုက်မှာ မဟုတ်ဘူး KIO က ပြဿနာ မရှိပေမယ့်လို့ KIO ဌာနချုပ်မှာ AA အဖွဲ့တွေက ရှိ နေတယ်ဆိုတော့ သူတို့အနေနဲ့တော့ AA ကိုတိုက်ထုတ်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ AA ရှိနေရင်တော့ AA ကို တိုက်မှာ ဖြစ်တယ်။ ဒါကြောင့် AA ကိုတော့ အဲမှာ မနေဖို့အတွက် မောင်းထုတ်ဖို့အတွက် KIO ကို ပြောခိုင်း ဖို့ သွားပြော ဖို့အတွက်ဆိုပြီး ကျနော်တို့ကို ပြောလိုက်တာရှိတယ်” (ဦးလမိုင်ဂွမ်ဂျာ ကချင်ငြိမ်းချမ်းရေး အကျိုး တော်ဆောင်အဖွဲ့ PCG)