ထိုင်းမှ ပြန်လာမည့် အလုပ်သမားများအတွက် မွန်ပြည်နယ် ပြင်ဆင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဧပြီ ၂၉ ရက်။

မွန်ပြည်နယ်တွင် ဧပြီလ ၃၀ ရက်နေ့ နောက်ပိုင်း ထိုင်းနိုင်ငံမှ ပြန်လာကြမည့် တိုင်းနှင့် ပြည်နယ်အသီးသီး က နေရပ်ပြန် တစ်သောင်းခန့်ကို facility quarantine လက်ခံထားရှိနိုင်ရေး ကြိုတင် ပြင် ဆင်ထားသည်ဟု မွန်ပြည်နယ်အစိုးရက ပြောသည်။

ဧပြီလ ၃၀ ရက်နေ့ နောက်ပိုင်း ထိုင်းနိုင်ငံမှ ပြန်လာကြမည့် တိုင်းနှင့် ပြည်နယ်အသီးသီး က နေရပ်ပြန်လာ ကြမည့် သူများကို မော်လမြိုင်မြို့အပါအဝင် မြို့ နယ်အသီးသီးက အခြေခံပညာစာသင်ကျောင်းများတွင် လက်ခံ ထားရှိနိုင်ရန် ကြိုတင်ပြင်ဆင်ထားသည်။

“ပြန်ဝင်လာမယ့်လူဦးရေက သောင်းဂဏန်းဆိုပြီးတော့ မှန်းထားတာရှိတယ်။ အကြမ်းဖျင်းကတော့ အားလုံး လူဦးရေ ၁၁၀၀၀ လောက်ကို အကယ်၍ ဝင်လာခဲ့သည်ရှိသော် စီမံဆောင်ရွက်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင် နေတာတွေရှိတယ်။” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း က ပြောသည်။

ပြန်ဝင်လာသူများကို မော်လမြိုင်မြို့ ပေါ်တွင် လူဦးရေ ၃၀၀၀ ခန့် နှင့် မော်လမြိုင်မြို့ နှင့်နီးစပ်သည့် ပေါင်၊ ချောင်းဆုံ၊ မုဒုံနှင့် ကျိုက်မရောမြို့ နယ်တို့တွင် လူဦး ၃၀၀၀ ခန့်၊ မော်လမြိုင်မြို့ နှင့်အနီးတဝိုက်တွင် အကြမ်း ဖျင်း လူဦးရေ ၆၀၀၀ ခန့်ကို quarantine ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားသည်ဟု ၎င်း က ပြောသည်။

ကျန်မြို့ နယ်များဖြစ်ကြသည့် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ရေးနှင့် သံဖြူဇရပ်မြို့ နယ်တို့တွင် လူဦးရေ ၂၀၀၀ ခန့် quarantine လုပ်နိုင်ရန် စီမံဆောင်ရွက်ထားသည့်အပြင် အရံအနေနှင့်လည်း လူဦးရေ ၃၀၀၀ ခန့် လက်ခံထား ရှိနိုင်ရေးကိုလည်း ပြင်ဆင်ထားသည် ဟု ပြောသည်။

မွန်ပြည်နယ်သည် ထိုင်းနိုင်ငံမှ ပြန်လာကြမည့်သူများအား သေသေချာချာထိန်းချုပ်နိုင်မှသာလျှင် ကျန်တိုင်း နှင့် ပြည်နယ်များအတွက် ကိုရိုနာဗိုင်းရစ်ကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်မှု လုပ်နိုင်မည်ဟုလည်း မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာ အေးဇံက ပြောသည်။

“ကျနော်တို့ မွန်ပြည်နယ်က ပြည်တော်ပြန်တွေ က ရှေ့ဆုံးက နေ ဖြစ်နေတဲ့အတွက်ကြောင့် ဒါကို သေသေချာချာ control လုပ်နိုင်မှ ကျန်တဲ့တိုင်းနဲ့ ပြည်နယ်တွေကို ကာ ကွယ်ထိန်းချုပ်မှု ပိုပြီးလုပ်နိုင်မယ်”

ထိုင်းနိုင်ငံမှ ပြန်လာကြမည့်များအတွက် facility quarantine ထားရှိ စောင့်ကြည့်ရာတွင် ရေ၊ မီး၊ အစားအ သောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်နယ်အစိုးရက တာဝန်ယူ လုပ်ဆောင်ပေးမည်ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မွန်ပြည်နယ်အတွင်း လာရောက်သူများအားလုံးကို ကျန်းမာရေး စစ်ဆေးပြီးမှသာ မွန်ပြည်နယ်အတွင်း ဝင်ခွင့်ပြုရန်လည်း ပြင်ဆင်ဆောင်ရွက်မှုများ လုပ်ဆောင်ထားသည်။

အထူးသဖြင့် ကူးစက်ရောဂါဖြစ်ပွားမှုနှုန်းအများဆုံးဖြစ်သည့် ရန်ကုန်တိုင်းမှ မွန်ပြည်နယ်သို့ ဝင်လာ နိုင်သည့် ဝင်ပေါက်နေရာများတွင် ဧပြီလ ၂၆ ရက်နေ့မှ စတင်ပြီး ကျန်းမာရေး စစ်ဆေးမှုများ စတင်လုပ်ဆောင် လျက်ရှိသည်ဟု မွန်ပြည်နယ် အစိုးရ အဖွဲ့ တာဝန်ရှိသူများက ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း က “အခြား တိုင်းနဲ့ ပြည်နယ်က အဓိကက ရောဂါ ဖြစ်ပွားမှုနှုန်း အများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းပေါ့ အဲဒီက ဝင်လာတဲ့လူတွေကို စစ်တောင်း မုပ္ပလင်းဂိတ်ရယ်၊ နောက်တစ်ခါ စစ်တောင်းတံတားအဟောင်းဘက်မှာ သိမ်ဇရပ်ပေါ့နော် ဧပြီ ၂၆ ရက်နေ့ကစတင်ပြီး ကျန်းမာ ရေးစစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်၊ ကျန်းမာရေးစစ်ဆေးပြီးမှ အဝင်ခံနေတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းဘက်မှ ဝင်လာသူကို စစ်တောင်းတံတားနေရာ၊ ကရင်ပြည်နယ်ဘက်မှ ဝင်လာသူများ ကို မော်လ မြိုင်မြို့ အဝင် ညောင်ပင်ဆိပ်စက်မှုဇုန်နေရာနှင့် ဘုရားသုံးဆူဘက်မှ ဝင်လာသည့်လမ်းကြောင်းအတွက် သံဖြူ ဇရပ်မြို့တို့တွင် ကျန်းမာရေး စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားပြီး စိစစ်ဆောင်ရွက်လျက်ရှိသည်။

ကျန်းမာရေးစစ်ဆေးမှုကို ကျန်းမာရေးဌာန၊ ထွေအုပ်၊ ရဲ၊ မီးသတ်၊ လဝက၊ တပ်မတော်သား တပ်နယ် ကိုယ်စား လှယ် စသည့် အဖွဲ့ပေါင်းစုံ ပါဝင်ပြီး အဖွဲ့ နှစ်ဖွဲ့ ဖွဲ့ထားကာ နေ့၊ ည ခွဲပြီး ဆောင်ရွက်နေစေသည် ဟု ပြည်နယ် အစိုးရထံ မှ သိရသည်။

အဆိုပါ ကျန်းမာရေးစစ်ဆေးမှုကို ဧပြီလ ၂၆ ရက်နေ့ မှစတင်ကာ တောက်လျှောက် ဆောင်ရွက်သွား မည် ဖြစ် ပြီး ဆောင်ရွက်မည့် ကာလကို အတိအကျ သတ်မှတ်ထားခြင်းမရှိကြောင်း အကြမ်းဖျင်းအားဖြင့် ကာလ တစ်ခု ထိ စိစစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရ က ပြောသည်။

ကျန်းမာရေးစစ်ဆေးရာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါနှင့် ပတ်သက်သည့် သံသယရှိသူများကို ကျန်းမာ ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း (quarantine) ၂၁ ရက် ထားရှိ ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံမှ ပြန်လာကြမည့်များအတွက် facility quarantine ထားရှိ စောင့်ကြည့်ရာတွင် ကျန်းမာရေး ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ လုံလောက်မှုရှိေသော်လည်း ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်များရှိနေသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဧပြီလအတွင်းကလည်း ထိုင်းမှ ပြန်လာခဲ့ကြသည့် တိုင်းနှင့် ပြည်နယ်အသီးသီးက နေရပ်ပြန် ၁၀၀၀ ခန့် ကို လည်း မော်လမြိုင် တက္ကသိုလ်ရှိ အဆောင်များတွင် facility quarantine ထား စောင့်ကြည့်မှု လုပ်ဆောင်ခဲ့ သည်။

၎င်းအပြင် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူနယ်စပ်ဂိတ်မှတဆင့် တရားမဝင် ဝင်ရောက်လာသူများကို လည်း ပြည်နယ်အစိုးရ၏ စီစဉ်ဆောင်ရွက်မှုများဖြင့် facility quarantine ထား စောင့်ကြည့်မှု လုပ်ဆောင် ခဲ့ သည်။