တပ်မတော်၏ နယ်မြေကန့်သတ် အပစ်ရပ်မှု မရိုးသားဟု KNU Concerned Group စွပ်စွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၁၂ ရက်။

တပ်မတော်က အပစ်အခတ်ရပ်စဲရေး ကြေညာရာတွင် နယ်မြေကန့်သတ်ချက်ထားခြင်းသည် NCA လက် မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ထိန်းချုပ်ထားပြီး လက်ရှိ တိုက်ပွဲဖြစ် ပွား နေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအ ဖွဲ့အစည်းများကို စစ်ဆင်ချေမှုန်းရန်အတွက် နည်းပရိယာယ် လုပ်ဆောင်ချက်ဖြစ်သည်ဟု KNU Concerned Group က စွပ်စွဲလိုက်သည်။

မေလ ၉ ရက်နေ့က တပ်မတော်က ထုတ်ပြန်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ကြေငြာချက်အပေါ် KNU Concerned Group က အဖွဲ့အစည်းအတွင်း ပြန်လည်သုံးသပ် မှု ပြုလုပ်ကာ မေလ ၁၂ ရက်နေ့ (ယနေ့) တွင် ထိုကဲ့သို့ ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

KNU Concerned Group က ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ကရင်အမျိုးသားအစည်းအရုံး KNU ဒု-ဥက္ကဋ္ဌ ဟောင်းလည်းဖြစ်သူ ပဒိုနော်စီဖိုးရာစိန်က “တစ်နိုင်ငံလုံးက အပစ်ခတ်ရပ်စဲဖို့လိုတယ်။ အခုက ဖြစ်ပျက်နေတာက အရေးကြီးဆုံးက အဲဒီရခိုင်ပြည် နယ်မှာ ဖြစ်တယ်။ နေ့တိုင်းလိုလိုပဲ တိုက်ပွဲတွေ ဖြစ်တယ် ပြည်သူလူထုတွေ ထိခိုက်မှုရှိတယ်။ တပ်မတော် ကလည်း လူ့အခွင့်အရေး ချိုးဖောက် မှုရှိတယ်။ ပြီးတော့ ဒါကိုအများကြီးရှိနေပြီး ပျက်ပြားနေပြီး အဲဒါဒီ အပေါ်မှာ တိုက်ပွဲရပ်ဖို့လိုတယ်။ အပစ်ခတ်ရပ်စဲ လုပ်ဖို့လိုတယ်။ အဲဒါမှလည်း နိုင်ငံရေး ပြဿနာကို နိုင်ငံ ရေးနည်းနဲ့ ဖြေရှင်းလို့ရတယ်။ ဒါမှမဟုတ်ရင် ဒီလိုမျိုးပုံစံနဲ့သွားမယ်ဆို့ရင် တိုင်းရင်းသား တစ်ဖွဲ့ချင်းစီ တစ်ဖွဲ့ ချင်းစီလည်း ဒီလိုဖြစ်သွားလို့ရှိရင် အဲဒါက မြန်မာပြည်မှာ သွားနေတဲ့ ငြိမ်းချမ်းရေး မဖြစ်နိုင်ဘူးပေါ့” ဟု ပြောသည်။

KNU Concerned Group ၏ မေလ ၁၂ ရက်နေ့ယနေ့ ထုတ်ပြန်ချက်ထဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ “ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေး” အတွက် ၂၀၂၀ ခုနှစ် မေလ ၉ ရက်နေ့က ထုတ်ပြန်ချက်သည် တပ်မတော် အနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားခြင်းမရှိပဲ NCA လက် မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအား ထိန်းချုပ်ထားနိုင် ရေးနှင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတို့ကို စစ် ဆင်ချေမှုန်းရန်အတွက် နည်းပရိယာယ် လုပ်ဆောင်ချက် တစ်ခုပင်ဖြစ်ပါသည် ဟု ဖော်ပြထားသည်။

ထို့အပြင် “ကမ္ဘာအနှံ့တွင် COVID- 19 ကမ္ဘာ့ ကပ်ရောဂါနှင့် ရင်ဆိုင်နေရသောကြောင့် ကမ္ဘာတစ်ဝန်း လက်ရှိ ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ပေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် Antonio Guterres ၏ တိုက်တွန်းချက်ကို အခြေခံ၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ၂၀၂၀ ပြည့် နှစ်၊ မေလ ၁၀ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်း ထုတ်ပြန်ချက်တွင် လက်ရှိဖြစ်ပွားနေသော ရခိုင့်တပ်မတော် AA မပါဝင်ကြောင်း တွေ့ရှိရသဖြင့် တပ်မ တော်သည် အမှန်တကယ် ငြိမ်းချမ်းရေးနှင့် ပြည်တွင်းစစ်ရပ်စဲရေးကို မလိုလားကြောင်းကို ပြသနေပါ သည်။ တပ်မတော်၏ ထိုးစစ်ကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင် ထောင်ပေါင်းများစွာ သော ပြည်သူလူထုများ သည် ထွက်ပြေးတိမ်းရှောင်နေကြရသည်” ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ထားသည်။

ထို့ကြောင့် တပ်မတော် အနေဖြင့် နယ်မြေကန့်သတ်ကာ အပစ်ရပ်စဲခြင်းမျိုး မဟုတ်ပဲ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အပစ်ရပ်စဲမှသာ လက်ရှိဖြစ်ပွားနေသည့် COVID- 19 ကပ်ရောဂါကို တိုက်ဖျတ်ရာတွင် အထောက်အကူပြုနိုင်သည့် အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်လည်း အကျိုးဖြစ်ထွန်းနိုင်သည်ဟု KNU Concerned Group က ဆိုသည်။

ထို့အပြင် တပ်မတော်၏ မေလ ၉ ရက်နေ့က ထုတ်ပြန်ချက်ထဲတွင် ပါရှိသည့် တပ်မတော်၏ မူ ၆ ရပ်ကို အပစ်ရပ်ထားသည့် ဒေသရှိ လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် လိုက်နာရမည်ဟု ပြောဆိုမူအပေါ် KNU Concerned Group က ယခုလို တုန့်ပြန် ပြောဆိုသည်။

“အဲဒီ မူ ၆ ချက်ကို ပြန်ကြည့်လိုက်တဲ့အခါ အဲဒါ တည်ဆဲဥပဒေကို လိုက်နာရမယ့် အကြောင်းတစ်ခုလည်း ပါထားတာ ရှိတယ်။ အဲဒီတည်ဆဲဥပဒေနဲ့ လိုက်နာရမယ့် ဒါကတော့ ကြည့်မယ်ဆိုရင် ကျမတို့ တိုင်းရင်း သားတွေ လိုလားနေတဲ့ နိုင်ငံရေး ပြဿနာ ဖြေရှင်းဖို့အတွက် ဒီတည်ဆဲဥပဒေနည်းနဲ့ သွားမယ်ဆိုရင် အဲဒါ နိုင်ငံရေး လမ်းကြောင်းနဲ့ ဖြေရှင်းဖို့က မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုက်နာရမယ်ဆိုရင် ဒီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရမယ့် အကြောင်းက မရောက်နိုင်ဘူး အဲဒါကြောင့် ဒါကိုပြန်ကြည့်တဲ့အခါမှာ ဗမာ့တပ်မတော်က နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေ ရှင်းလိ့ုပဲ။”

KNU Concerned Group ၏ ထုတ်ပြန်ချက်ထဲတွင် လက်ရှိကမ္ဘာ့ ကပ်ရောဂါ COVID- 19 ကာကွယ် ထိန်း ချုပ်ရေး လုပ်ငန်း ဆောင်ရွက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ တည် ဆောက်ထားသည့် ကျန်းမာရေး စစ်ဆေးမှု နေရာများကို တပ်မတော်မှ ဝင်ရောက် တားဆီး နှောက်ယှက် မီးရှို့ ဖျတ်ဆီးနေသည်ကိုလည်း တွေ့ရသဖြင့် တပ်မတော်အနေဖြင့် COVID- 19 ကပ်ရောဂါအား ကာကွယ် ထိန်းချုပ်ခြင်းထက် တိုင်းရင်းသား နယ်မြေဒေသများတွင် နယ်မြေစိုးမိုးရေးကိုသာ ဦးတည်ဆောင်ရွက် နေပါသည်ဟု ပါရှိသည်။

ယခုကဲ့သို့ NCA အပစ်ရပ်ထားသည့် KNU အား တပ်မတော်မှ လုပ်ဆောင်မှုပုံစံသကဲ့သို့ ယခင်က ကချင် လွတ်လပ်ရေး အဖွဲ့ KIO တွင် ဖြစ်ပွားခဲ့ဖူးသည့် သာဓကများ ရှိသည်ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ ၂ ဦးကွမ်ဂေါင်အောင်ခမ်း က ပြောသည်။

“ဥပမာ ၂၀၁၁ မတိုင်မှီမှာ KIA လည်း ငြိမ်းချမ်းရေး ယူခဲ့တာပဲ အဲဒီအချိန်မှာလည်း သူတို့က KIA စစ်သား ကိုလည်း အများကြီး သတ်တာပဲ သတ်ပြီးမှ မှားပါတယ်။ ဆိုတဲ့ဟာမျိုးဖြစ်တယ်။ ဆိုတော့ အခုက မီးရှို့တာ တစ်ခုပဲ ဘာမဆိုဖြစ်လာ နိုင် တယ်။ ဒါကြောင့် ဒီဟာပုံစံမျိုးမှာ တစ်ခြားပြည်နယ်တွေမှာလည်း တစ်ခြား အဖွဲ့အစည်းတွေလည်း ဖြစ်လာနိုင်တယ်။”

ထို့ကြောင့် လက်ရှိအစိုးရ အနေဖြင့် တပ်မတော်ကို မထိန်းကြောင်းနိုင်ပါက တစ်ခြား NCA လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားနယ်မြေများတွင်လည်း KNU တွင် ဖြစ်ပွားသကဲ့သို့ ဖြစ်ပွားလာနိုင်သည်ဟု ဆိုသည်။ ထိုကြောင့် အစိုးရအနေဖြင့် တပ်မတော်ကို မှန်ကန်စွာ ထိန်းကြောင်းနိုင်မှသာ ယခုဖြစ်ပွားနေ သည့် ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ဦးကွမ် ဂေါင်အောင်ခမ်းက ပြောသည်။

KNU Concerned Group ကို ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့တွင် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းကို စိုးရိမ် ပူပန်မှုရှိသည့် ယခင် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီဝင်ဟောင်း များနှင့် တစ်ယောက်ချင်းစီအလိုက် စိတ်ပါဝင် စားသည့် ကရင်တိုင်းရင်သား ပုဂ္ဂိုလ်များဖြင့် ပါဝင်ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။