ရောဂါကာကွယ်ရေးကို စစ်ရေးထက် ပိုဦးစားပေးမည်ဟု KIO ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၁၄ ရက်။
COVID- 19 ကပ်ရောဂါကျရောက်သည့် ကာလတွင် စစ်ရေးကို အဓိကမထားပဲ ရောဂါကာကွယ် နှိမ်နင်းရေးကို အဓိကထားလုပ်ဆောင်သွားမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA က ပြောသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “ကျနော်တို့ကတော့ အခုအချိန်မှာ တစ်နိုင်ငံလုံးပေါ့နော်။ ကမ္ဘာကလည်း COVID- 19 ရောဂါကိုပဲ အားလုံး ဂရုစိုက်ပြီးတော့ ဖြစ် နေတဲ့ အချိန်ဖြစ်ပါတယ်။ ကျနော်တို့ KIO လည်း အဲဒါကိုလက်ခံပြီးသား ဖြစ်ပါတယ်” ဟု ပြောသည်။
“ဒုတိယတစ်ချက်ကတော့ ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုပါတယ်။ စစ်ရေးနဲ့ ဖြေရှင်းတဲ့ နည်းလမ်းကို ကျနော် တို့က မလိုလားဘူးပေါ့။ နိုင်ငံရေးနည်းလမ်းနဲ့ နိုင်ငံရေးဆွေးနွေးတဲ့ နည်းလမ်းနဲ့ ဖြစ်စေချင်လို့ ကျနော်တို့က စစ်ရေးကို အဓိကမထားဘူး ရောဂါတိုက်ဖျတ်တဲ့ အကြောင်းတွေကိုပဲ ကျနော်တို့က လုပ်မယ်” ဟု ဆက်ပြောသည်။
လုပ်ငန်းထိရောက်စေရန်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့် COVID- 19 ကာကွယ် ထိန်းချုပ်နှိမ်နှင်းရေးလုပ်ငန်းကို လုပ်ဆောင်နေသည့် မည့်သည့် အဖွဲ့အစည်းများနှင့်မဆို အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု KIO က ဆို သည်။
“ဘယ်လိုအဖွဲ့အစည်းဆိုတာ ကျနော်တို့ ကန့်သတ်ချက်မရှိပါဘူး။ ဥပမာကတော့ CSO တို့ NGO တို့ အဲဒါနဲ့ ကျနော်တို့က လက်တွဲပြီးမှ လုပ်နိုင်တဲ့ အနေအထားမှာ လုပ်နိုင်တဲ့နေရာမှာတော့ ကျနော်တို့ လုပ်မှာ ဖြစ်ပါ တယ်။ နိုင်ငံတော်အစိုးရနဲ့လည်း လုပ်လို့ရတဲ့ အခြေအနေအောက်မှာ ကျနော်တို့က လုပ်မှာပဲ။ တပ်မတော်နဲ့ ပူးပေါင်းပြီးမှ လုပ်နိုင်တဲ့နေရာလည်း လုပ်လို့ ရတဲ့ နေရာလည်း ရှိမှာပါ။ လုပ်လို့မရတဲ့ နေရာလည်း ရှိမှာပါ။” ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
KIO ၏ မည်သည့် အဖွဲ့အစည်များနှင့်မဆို ပူးပေါင်းလုပ်ဆောင်မည့် မူဝါဒကြောင့် မေလ ၁၃ ရက်နေ့က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုကော်မတီက ဖွဲ့စည်းထားသည့် COVID- 19 ရောဂါကာကွယ် တားဆီးရေး ကော်မတီနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း ဦးဆောင်သောအဖွဲ့၊ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ WMR ၊ COVID- 19 Concern & Response committee – Kachin (CC RC-K)၊ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG တို့ KIO ထိန်းချုပ်ရာနယ်မြေ လိုင်ဇာမြို့ အနီးရှိ မိုင်ဆတ်ပါကျေးရွာတွင် COVID- 19 ကာကွယ် ထိန်းချုပ်နှိမ်နှင်းရေးလုပ်ငန်းများကို တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။
ထိုဆွေးနွေးမှုနှင့်ပတ်သက်၍ မေလ ၁၄ ရက်နေ့ ယနေ့တွင် KIO/KIA က ထုတ်ပြန်ချက် တစ်စောင် ထုတ် ပြန်ခဲ့ပြီး “တွေ့ဆုံပွဲတွင် COVID- 19 ကပ်ရောဂါ ကာကွယ်ကုသနှိမ်နင်းရေး နှင့် ပတ်သက်သော ကိစ္စရပ်များ၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများကို တိုင်ပင်ဆွေးနွေးခဲ့ကြသည်” ဟု ထည့်သွင်းထားသည်။
ထို့အပြင် KIO ၏ ထုတ်ပြန်ချက်ထဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ထားသကဲ့သို့ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အပစ်ခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ သဘောထားကို ထုတ်ပြန်သင့်သည်ဟု ဆိုသည်။
“နိုင်ငံတော် သမ္မတရုံး အမိန့်ကြေငြာစာအမှတ် ၆၃/၂၀၂၀ အရ coronavirus Disease COVID- 19 ကာ ကွယ်ကုသ ရေး မူဝါဒဖြစ်သော နိုင်ငံတော်၏ ပိုင်နက်နယ် မြေအတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန် လှန်မထား ရေး မူဝါ ဒ (No One Left Behind Policy) အရ COVID- 19 ကပ်ဘေးရောဂါကို ထိထိရောက် ရောက် တားဆီးနှိမ်နှင်းရေး ဆောင်ရွက်နိုင်အတွက် နိုင်ငံတော် အစိုးရကလည်း ငြိမ်းချမ်းရေးဆိုင်ရာ ကြေငြာချက်များထုတ်ပြန်သင့်ပါသည်”ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
အစိုးရအနေဖြင့် COVID- 19 ကာကွယ်ထိန်းချုပ် တားဆီးရန် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် KIO/KIA နှင့်တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်နေသော်လည်း ULA/AA နှင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး PSLF/TNLA၊ MNTJP/MNDAA တို့နှင့် စစ်ရေးတင်းမာ မှုများရှိနေ သည်ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့က ပြောသည်။