ရောဂါကာကွယ်ရေးကို စစ်ရေးထက် ပိုဦးစားပေးမည်ဟု KIO ပြော

“ကျနော်တို့ကတော့ အခုအချိန်မှာ တစ်နိုင်ငံလုံးပေါ့နော်။ ကမ္ဘာကလည်း COVID- 19 ရောဂါကိုပဲ အားလုံး ဂရုစိုက်ပြီးတော့ ဖြစ် နေတဲ့ အချိန်ဖြစ်ပါတယ်။ ကျနော်တို့ KIO လည်း အဲဒါကိုလက်ခံပြီးသား ဖြစ်ပါတယ်။ဒုတိယတစ်ချက်ကတော့ ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုပါတယ်။ စစ်ရေးနဲ့ ဖြေရှင်းတဲ့ နည်းလမ်းကို ကျနော် တို့က မလိုလားဘူးပေါ့။ နိုင်ငံရေးနည်းလမ်းနဲ့ နိုင်ငံရေးဆွေးနွေးတဲ့ နည်းလမ်းနဲ့ ဖြစ်စေချင်လို့ ကျနော်တို့က စစ်ရေးကို အဓိကမထားဘူး ရောဂါတိုက်ဖျတ်တဲ့ အကြောင်းတွေကိုပဲ ကျနော်တို့က လုပ်မယ်”