ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၆၂)

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရရှိရေးတို့အတွက် မြို့ပေါ်နိုင်ငံရေးအရ လှုပ်ရှားတောင်းဆိုနေသူတွေရှိသလို လက်နက်စွဲကိုင် ပြီး တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေလည်း အများကြီးရှိနေပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးကြီးဝါဒ ကြီးစိုးနေတာကြောင့် ဖက်ဒရယ်စနစ်ကို ဘယ်လိုမှ အကောင်အထည်မဖော်နိုင်တာလို့လည်း ဆိုကြပါတယ်။

မတူကွဲပြားမှု၊ လူမျိုး၊ ဘာသာ၊ အသားရောင်၊ အခွင့်အရေး ရပိုင်ခွင့်တွေ ကို အခွဲခြားပဲ တိုင်းရင်း သားပေါင်း စုံ၊ လူမျိုးပေါင်းစုံအတွက် တရားမျှတမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်းတီးခွင့်၊ တန်းတူရေးတွေ အတွက် ၁၉ ၄၇ ပင်လုံကို အကောင်အထည်ဖော်စေချင်တယ်လို့ ကချင်တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဒီအကြောင်းအရာတွေကို ဒီတပတ်ရဲ့ ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။ ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၆:၄၅ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေး နေပြီ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့တွင် ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို တနင်္လာနေ့ မနက်ပိုင်း-၇:၄၅ နာရီမှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။