ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၆၃)

လွတ်လပ်ရေး ရပြီးကတည်းက မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ဟာဆိုရင် ဗဟိုချုပ်ကိုင်မှု အပြည့်အဝနဲ့ အစ ပြုခဲ့တဲ့ ပညာရေးစနစ်လို့ ဆိုကြပါတယ်။ ဗဟိုချုပ်ကိုင်မှု လွန်ကဲတဲ့ အုပ်ချုပ်မှုစနစ်ကနေ ဖြစ်တည်လာတဲ့ ပညာ ရေးစနစ်ကို တိုင်းရင်းသားတွေက မလိုလားကြပါဘူး။ တိုင်းရင်းသားတွေ လိုလားတာကတော့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင် ရပ်တည်ခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့် နှင့်အတူ တန်းတူညီမျှတဲ့ အုပ်ချုပ်မှု ကတစ်ဆင့် ဖြစ်တည်လာတဲ့ ပညာရေး စနစ်ကို လိုလားကြတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရ မယ်ဆိုရင် ဖက်ဒရယ် ပညာရေးစနစ်ကို လိုလားကြတာဖြစ်ပါတယ်။

တိုင်းရင်းသားတွေရဲ့ ဖြစ်တည်မှု လွတ်လပ်မှု တန်းတူမှုကို အခြေမခံဘဲ ဗဟိုကနေ ချုပ်ကိုင် စီမံထားတဲ့ ပညာ ရေးစနစ်ကို မလိုလားတဲ့အတွက် တိုင်းရင်းသားတွေအနေနဲ့ တော်လှန်ရေး နယ်ပယ်အသီးသီးမှာ မိမိတို့ရဲ့ တိုင်းရင်းသားဘာသာ စကားနဲ့ သင်ကြားတဲ့ ကျောင်းတွေကို ဖွင့်လှစ် လာခဲ့ကြပါတယ်။ အဲ့ဒီထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ထိန်းချုပ်နယ်မြေထဲက မိုင်ဂျာယန်ကောလိပ် လည်းပါဝင်ပါတယ်။ မိုင်ဂျာယန်ကောလိပ်မှာ ဘာတွေ သင်ကြားပေးနေပါလဲ၊ သင်ရိုးညွန်းတန်း သင်ခန်းစာ၊ ဘာသာရပ်တွေက အစိုးရကျေုာင်းတွေနဲ့ ဘာတွေကွာခြားပါသလဲ၊ သူတို့တွေပြောတဲ့ ဖက်ဒရယ် ပညာရေးစနစ်ဆိုတဘာလဲ ဒါတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၆:၄၅ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေး နေပြီ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့တွင် ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို တနင်္လာနေ့ မနက်ပိုင်း-၇:၄၅ နာရီမှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသ ပေးသွားမှာ ဖြစ်ပါတယ်။