မိုးတွင်းရောက်လာ၍ စစ်ရှောင်စခန်း အဆောက်အဦးများ ပြင်ဆင်ရန် လိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၉ ရက်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ် လိုင်ဇာမြို့အတွင်းရှိ စစ်ဘေးရှောင်စခန်းများထဲ က နေအိမ် များကို မိုးတွင်းအမှီအမြန်ဆုံးပြင်ဆင်ပေးစေသည်ဟု စစ်ရှောင်များ က ပြောသည်။

လိုင်ဇာရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၃၈၀၀ ကျော်၏ နေအိမ်များမှာ သဘာဝဘေး လေဒဏ် မိုးဒဏ်များ အပြင် ကာလကြာမြင့်လာသည်နှင့်အမျှ နေအိမ်များပျက်ဆီးလာပြီး အခက်အခဲများ ရှိနေသည်ဟု စစ်ရှောင် များက ပြောသည်။

ဂျေယန့် စစ်ရှောင်စခန်း က ဒေါ်ဆိုင်းရော်က “လေတိုက်လာရင်လည်း ကြောက်ရတယ်၊ မိုးတအားရွာရင် လည်း ကြောက်ရတယ်၊ အန်တီတို့က ဒီချောင်းနံဘေးမှာ ရှိတယ်၊ နေကြတယ်လေ။ ရေကြီးလာတော့ မျှောသွားမှာလည်း စိုးရိမ်ရတယ်လေ ရင်တထိတ်ထိတ်ပဲ နေရတာပေါ့။ ပြင်ပေးဖို့တော့ ပြောနေကြတယ်။ ဒါပေမယ့် မနှစ်တုန်းကတည်းက စာရင်းလာကောက်သွားတယ် ထရံတို့၊ ကြမ်းခင်းတို့ဖာဖို့ ထေးဖို့ပေါ့နော်။ နာမည်ကတော့ လာကောက်သွားတယ်။ ဒါပေမယ့် အခုထိမကူညီသေးဘူး။ ကြမ်းကျွံတာတော့ ရှိတာပေါ့။ ကလေးတွေနဲ့ဆိုတော့ ဖာထေးပြီးတော့မှ နေကြတာပေါ့။ မူလီတွေဘာတွေထိန်း င်္ဒီဟာမျိုးသုံးထပ်သားတွေ လိုက်ရှာပြီး ကောက်ပြီးတော့မှ ဖာပြီးမှနေကြတာ” ဟု ပြောသည်။

ဂျေယန့်စစ်ရှောင်စခန်းသည် လိုင်ဇာမြို့အနီးရှိ အကြီးဆုံးစစ်ရှောင်စခန်းဖြစ်ပြီး အိမ်ထောင်စု (၁၅၅၈) စု ရှိပြီး လူဦးရေစုစုပေါင်း (၈၀၉၃) ဦး ရှိသည်။

မေလဆန်းမှ စတင်၍ ယနေ့အချိန်ထိ ရွာသွန်းနေသည့် မိုးကြောင့် နေအိမ်များမှာ အမိုးမလုံတော့ခြင်းအပြင် အိမ်ဝါးထရံ အကာများ၊ ကြမ်းခင်းများပါ ပျက်ဆီးလာနေပြီး အခက်အခဲများ ကြုံနေရခြင်းဖြစ်သည်ဟု စစ်ရှောင်များက ပြောသည်။

ဖုန်လုံယန် စစ်ရှောင်စခန်းမှ ဒေါ်နန်လတ်က “ကျမတို့ဒီဖုန်လုံယန် စစ်ရှောင်စခန်းမှာတော့ ရေချောင်းနဲ့ နီး တယ်ဆိုတော့ ကျမတို့မိုးတွင်းဆိုရင် အိပ်လိုမပျော်ဘူး အိပ်လို့မရဘူး အိပ်လို့မရတဲ့ ညရောမနည်းပါဘူး ဒီဟာကြာပြီဆိုတော့ မိုးတွေကတအားရွာရင် ဟိုသံချောင်းရိုတ်တဲ့နေရာက မိုးယိုတယ်နော်။ တခါတလေ ဒီညဒီမှာ အိပ်မယ်ဆိုရင်လည်း မိုးပြန်ယိုလိုက်ဆိုတော့ အိပ်မယ့်နေရာတောင် မရှိဘူး။ ဟိုနားရွှေ့လိုက်၊ ဒီနားရွှေ့လိုက်နဲ့ အဲ့လိုအခက်အခဲရှိတယ်။ မီးဖိုချောင်လည်း ရေတွေ အပြည့်ဖြစ်သွားတယ်။ တစ်ညကဆို ဟိုတောင်ပေါ်တို့ အဲ့လိုမျိုးပြေးသွားလိုက် မိုးမလင်းခင် အဲ့လိုမိုးကြီးလာရင် ဟိုဘက် ဒီဘက် ရွှေ့သွားလိုက် အရမ်း ခက်ခဲတယ်” ဟု ပြောသည်။

လိုင်ဇာမြို့အတွင်းရှိ ဂျေယန့်စစ်ရှောင်စခန်း၊ ဝေကြိုင်စစ်ရှောင်စခန်းနှင့် ဖုန်လုံယန်စစ်ရှောင်စခန်းများ ရှိကြ ပြီး ယခုခါ အဆိုပါစစ်ရှောင်စခန်း ၃ ခုစလုံးမှ စစ်ဘေးရှောင် အိမ်ထောင်မိသားစု ၃၈၀၀ ကျော် ၏ နေအိမ် များ ကာလကြာမြင့်လာသည်အမျှ ပျက်ဆီးလာခြင်းဖြစ်သည်ဟု စစ်ရှောင်များက ပြောသည်။

စစ်ရှောင်စခန်းအများစုမှာ မိုးဒဏ်၊ လေဒဏ်အပြင် ချောင်းရေများကြီးလာပါ နေအိမ်များ၊ မွေးမြူထားသည့် အိမ်မွေးတိရိစ္ဆာန် ကြက်၊ ဝက်များ မျောပါသွားခြင်းများ နှစ်စဉ်ကြုံနေကြရသလို နေအိမ် ထရံ၊ ကြမ်းခင်းများ ပျက်ဆီးလာခြင်း၊ အမိုးများမလုံတော့ခြင်းတို့ ဖြစ်လာနေသည့်အတွက် အမြန်ဆုံးပြင်ဆင်ပေးစေချင်သည် ဟု ပြောသည်။

သဘာဝ ဘေးဒဏ်များကြောင့် ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်ပြုပြင်ရန်အတွက် မေတ္တာဖောင် ဒေးရှင်း နှင့် နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ IRC အဖွဲ့ တို့ကို တင်ပြ အကူအညီ တောင်းခံထား သည်ဟု ဝေကြိုင်စစ်ရှောင်စခန်း ဒု -တာဝန်ခံ ဦးဖော်ရန်လဂျာ က ပြောသည်။

၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ အထိ နေလာကြသည့် နေအိမ်များဖြစ်သောကြောင့် ပျက်ဆီးမှုများ များပြားလာ နေသလို လူဦးရေတိုးလာခြင်း၊ အိမ်ထောင်စုအသစ်များ ထပ်မံ တိုးလာခြင်းတို့ကြောင့်လည်း ယခုအခါ နေ အိမ်များ မလုံလောက်သည့် ပြဿနာများလည်း ရှိနေသည်ဟု စစ်ရှောင်များက ပြောသည်။

ဝေကြိုင်စစ်ရှောင်စခန်းက ဒေါ်စင်ခန်လု က “အခက်ခဲကတော့ အများကြီးကြုံရတယ် လူနေအိမ်တွေလည်း မလုံတော့ဘူး ၂၀၁၁ ကနေ ၂၀၂၀ ဆိုလဲ အခုထိအိမ်မရှိတဲ့ လူတွေအများကြီးပဲ သူများမှာ ဌားပြီးနေ ရ တယ်။ မိတ်ဆွေဆီမှာ ခိုလှုံပြီးနေရတာ အများကြီးရှိတယ်။ အိမ်တွေက ဝါးနဲ့သွပ်မိုးနဲ့ပဲ လုပ်ပေးထားတယ် အဲမှာအခုအခြေအနေဆိုရင် အကုန်လုံးပြန်စုတ်သွားပြီပေါ့ ဟိုးတစ်လောတုန်းက လေတိုက်တုန်းက ဝုန်း ကနဲလဲသွားတယ်” ဟု ပြောသည်။

ဝေကျိုင်စစ်ဘေးရှောင် စခန်းတွင် အိမ်ထောင်စု ၁၂၄၂ စုရှိပြီး လူဦးရေ ၆၆၃၅ ဦး ရှိသည်ဟု သိရသည်။

လိုင်ဇာမြို့ရှိ ဂျေးယန်စစ်ရှောင်စခန်းတွင် လူဦးရေ ၈၀၀၀ ကျော်၊ ဖုန်လုံယန် စစ်ဘေးရှောင်စခန်းတွင် လူဦး ရေ ၃၆၀၀ ကျော်နှင့် ဝေကြိုင်စစ်ရှောင်စခန်းတွင် လူဦးရေ ၆၆၀၀ ကျော်ရှိသည်။

အဆိုပါစစ်ရှောင်များမှာ ၂၀၁၁ ခုနှစ်တွင် တကျော့်ပြန်ဖြစ်ပွားလာသည့် တပ်မတော်နှင့် KIA တို့အကြားက တိုက်ပွဲများကြောင့် မူလနေရပ်ရင်း ကျေးရွာမှ ထွက်ပြေးလာသူများ ဖြစ်ကြသည်။