ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း ၇၀
လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ် ကပ်ရောဂါကာလာ ကြာလတာနဲ့အမျှ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ အခက်အခဲမျိုးစုံကြုံတွေ့ နေရပါတယ်။ ကချင်ပြည်နယ်ထဲကမှာလည်း တခြား ဒေသတွေပဲ စိန်ခေါ်မှုတွေရှိနေပါတယ်။ ဘတ်ဂျက်အခက်အခဲ၊ ရောဂါကာကွယ် တားဆီးရေး လုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှု လိုအပ်ချက်… အစစအရာရာဟာ ဗဟိုရဲ့ ညွန်ကြားမှုကိုပဲ စောင့်နေရတဲ့ အနေ အထားမှာ ပိုမိုခက်ခဲစေတယ်လို့ ထောက်ပြနေကြပါတယ်။ ဖက်ဒရယ် ကျန်းမာရေးစနစ် ပီပီပြင်ပြင် အကောင်အထည်မဖော်နိုင်သေးဘူးဆိုရင်တော့ ဒီအခက်အခဲတွေက ဆက်ရှိနေအုံးမယ်လို့ ဆိုကြပါတယ်။ ဒီအကြောင်းအရာတွေကို စုစည်းတင်ဆက်ထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ၈:၁၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို သောကြာနေ့ မွန်းလွှဲပိုင်း-၂:၄၅ နာရီတို့မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။
Zawgyi