မီဒီယာ အလွဲသုံးမှု အပါအဝင် ကျင့်ဝတ်များကို နိုင်ငံရေးပါတီများလက်မှတ်ရေးထိုးမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၄ ရက်။

နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် (code of conduct) ကို ပြည်ထောင် စု ငြိမ်းချမ်းရေး ကော်မရှင် UEC နှင့် နိုင်ငံရေးပါတီများ လက်မှတ်ရေးထိုးကြမည်။

နိုင်ငံရေး ပါတီအချင်းချင်း ဆက်ဆံရေး၊ မီဒီယာများအား အလွဲသုံးခြင်း၊ သတင်းမှားများ အသုံးပြုခြင်း၊ နှင့် အခြားသော နိုင်ငံရေးပါတီများ ဆောင်ရန် ရှောင်ရန်များကို ကျင့်ဝတ်များတွင် ထည့်သွင်းဖော်ပြထားသည်။

ဇွန်လ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Melia Hotel တွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီများနှင့် ရွေး ကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံကာ လက်မှတ်ရေးထိုးကြမည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော် က ပြောသည်။

“၂၆ ရက်နေ့ညနေ တစ် နာရီခွဲမှာ Melia Hotel မှာ ခေါ်ထားပါတယ်။ အဲဒါအကုန်လုံး အတည်ပြု လက်မှတ် ထိုးကြမှာပေါ့နော်။ နိုင်ငံရေး ပါတီရယ် UEC ရွေးကောက်ပွဲ ကော်မရှင်ရယ်ပေါ့။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SLND အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်ကလည်း “အဲဒါ ကျင့်ဝတ် တွေက လုပ်လာတာ လေးငါး နှစ်ရှိပြီပေါ့နော်။ အရင်ကတည်းကလည်း ရှိတယ် ၂၀၁၅ တုန်း ကလည်းရှိ တယ်။ မပြီးမပြတ်သေးဘူး။ အဲဒါက ဆွစ်ဇာလန်သံရုံးကနေ ကမကထ ပြုပြီးတော့မှ အနောက် တိုင်းမှာ ကျင့်သုံးနေတဲ့ စံတစ်ခုကိုယူ ပြီးရင် ကျနော်တို့ ဒီနိုင်ငံရဲ့ နိုင်ငံရေး ပါတီများ အချင်းချင်း တစ်ဖက်နဲ့ တစ်ဖက် ဘာတွေ လိုက်နာသင့်သလဲ ဆိုတာကို စုပေါင်းပြီးမှ ရေးဆွဲထားတာ အဆိုပြုထားတဲ့ အချက်တွေ အဲဒါတွေ စုပေါင်း ပြီးတော့မှ အားလုံးသဘောတူညီချက်ရအောင် စုဆုံပြီး လက်မှတ်ရေးထိုးဖို့ပါ” ဟု ပြောသည်။

နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် (code of conduct) ကို မြန်မာနိုင်ငံ ရှိ ဆွစ်ဇာလန် သံရုံးက ကမကထပြုကာ ၂၀၁၄ ခုနှစ်က စတင်က လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

၂၀၁၄ ခုနှစ်က ရေးဆွဲခဲ့သည့် နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် (code of conduct) ကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အသုံးပြုခဲ့ကြပြီး ယခုလက်မှတ်ရေးထိုးမည့် code of conduct မှာလည်း ယခင် ၂၀၁၅ ခုနှစ်က အသုံးပြုခဲ့သည့် COC ကိုသာ ပြန်လည်ပြင်ပြု မွမ်းမံထားခြင်း ဖြစ်သည်ဟု ဦးမျိုးကျော်က ပြောသည်။

၂၀၁၅ ခုနှစ်က COC ကို ပြန်လည်ပြုပြင် မွမ်းမံရေးဆွဲရာတွင် ပါဝင်သည့် ကချင်အမျိုးသား ကွန်ဂရက်ပါတီ KNC ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လ က “အခု ဒီ ၂၀၂၀ မှာ အခန်း ၇ ခန်းဖြစ်လာတယ် ပိုပြီး ပြည်စုံလာတာ က ကျနော်တို့ မီဒီယာ abuse (အလွဲသုံး) လုပ်တဲ့ ဟာတွေပေါ့နော်။ မီဒီယာ abuse လုပ်တဲ့ဟာ fake news (သတင်းမှား) တွေကို သေသေချာချာ ကျနော်တို့ အဲဒါကို စီမံခန့်ခွဲတဲ့ ကိစ္စတွေ ပါလာတယ်ပေါ့နော်” ဟု ပြောသည်။

“နောက်တစ်ခါ နိုင်ငံရေး ပါတီ အချင်းချင်း စောင့်ကြည့် ညှိနှိုင်း ရေးကော်မတီပေါ့ monitoring committee ပေါ့နော်။ အဲဒီ monitoring committee ရဲ့ လုပ်ဆောင်ချက် တွေ ပိုပြီးတော့မှ အားကောင်း လာတယ်။ ပိုပြီး ပြည်စုံလာ တယ်ပေါ့။ ကျန် တာကတော့ ၂၀၁၅ ကိုပဲ ကျနော်တို့က သေချာပြန် edit လုပ်တယ် ပြန်လို အပ်တာဖြည့်တယ်။ အဲဒါ တွေပါ အဓိကကတော့ အဲဒီ media abuse ကို ကျနော်တို့ သေချာပြင် ဆင်နိုင် တာ တကယ့်ကြီးမားတဲ့ အပြောင်းအလဲပေါ့နော် ဒီ ၂၀၂၀ COC အတွက်” ဟု ဆက် ပြောသည်။

နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် COC ထဲတွင် လူမှုမီဒီယာများမှ တစ် ဆင့် မဟုတ်မမှန် သတင်းများဖြင့် တစ်ဦးကို တစ်ဦး အပုပ်ချ တိုက်ခိုက်မှုများကို စောင့်ကြည့် စီမံနိုင်သည့် အချက်အား အသစ်အနေဖြင့် ထည့်သွင်းထားပြီး ကျန်သည့် အချက်များမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှ အချက်များကို ပြန်လည်ပြုပြင် မွမ်းမံရေးဆွဲထားခြင်းဖြစ်သည်ဟု ဒေါက်တာ Mကောန်လ ကပြော သည်။

၂၀၁၅ ခုနှစ် COC တွင် ပါရှိသည့် အခန်းအလိုက် အပိုဒ်ခွဲများထဲမှ မရှင်းလင်းသည့် အချက်များကို ပိုမို တိကျ ရှင်းလင်းသည့် အချက်များ ဖြစ်လာအောင် နားလည်လွယ်သည့် စကားလုံးများဖြင့် ထည့်သွင်းကာ ပြင်ဆင်ရေးသား ထားသကဲ့သို့ အနှစ်သာရအရလည်း ပို၍ ပြည့်စုံလာသည်ဟု ဒေါက်တာ Mကောန်လ က ဆက်ပြောသည်။

“စကားလုံး အပြောင်းအလဲတွေလည်း ပြောင်းသလို အနှစ်သာရလည်း တော်တော်ပြောင်းပါတယ်။ အနှစ် သာရပိုင်းဆိုရင် ခုနက ကျနော်တို့က သူ့ definition ကို တိတိကျကျ ဖွင့်တဲ့အတွက်ကြာင့်မို့လို့ အနှစ်သာရမှာ ထိရောက်စွာ ဆောင်ရွက်လာနိုင်တယ်ပေါ့နော ဒါ့အပြင် ပိုပြီးထိရောက်တဲ့ အနှစ်သာရတွေ အဲဒီမှာ ထည့်သွင်းလာနိုင်တယ်ပေါ့။”

ကျင့်ဝတ် (code of conduct) ထဲတွင် ပါဝင်သည့် အချက်များမှာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် သော ပါတီများ အားလုံးကို လေးစာရန်၊ အငြင်းပွားမှုများကို ဖြေရှင်းရာတွင် အခြားသောပါတီများနှင့် ပူး ပေါင်းညှိနှိုင်းဆောင်ရွက်ရန်၊ ပါတီမူဝါဒများနှင့် မတူကွဲပြားမှုအား မြှင့်တင်ပေးသော မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်ရန်တို့ ပါဝင်သည်။

ထို့အပြင် လုံခြုံရေး(မဲဆွယ်စည်းရုံးရေးတွင် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန်၊ လက်နက်ကိုင်ဆောင်၍ မဲဆွယ်ခြင်းမပြုရန်)၊ တန်းတူညီတူ ယှဉ်ပြိုင်ခွင့်ရှိသော အခြေအနေ(ဆန္ဒမဲများရရှိရေး နိုင်ငံတော် အရင်းအ မြစ်နှင့် လုံခြုံရေးယန္တရားများကို အသုံးမပြုရန်၊ မီဒီယာလွတ်လပ်ခွင့်ကို လေးစားရန်)၊ ကျား/မ မတူကွဲပြား မှုနှင့် မသန်စွမ်းသူများ တန်းတူအခွင့်မရေးရရှိရန်နှင့် စောင့်ကြည့်လေ့လာခြင်းနှင့် အကောင်အထည်ဖော် ခြင်း (ကျင့်ဝတ်များအား လေးစားလိုက်နာခြင်း ရှိမရှိ စောင့်ကြည့်ခြင်း) စသည့်အချက်များကို ခေါင်းစဉ် အလိုက်ခွဲထားသည်။

“ဥပမာအနေနဲ့ဆိုရင် ဘာသာရေးကို အသုံးချပြီးတော့ မဲဆွယ်တာတို့ တိုက်ခိုက်တာတို့ ဒါမျိုးတွေ ကော် မရှင်မှာလည်းပါသလို ဒီမှာလည်း ပါတယ်။ တချို့ဟာတွေက လူပုဂ္ဂိုလ်က မဟုတ်မှန်တာမပြောရဘူး။ မလိုက်နာ လို့ ဥပဒေအရ အရေးယူလို့တော့ မရဘူး။ ကျင့်ဝတ်သဘောမျိုးပေါ့။ ဥပဒေကိုတော့ ကျော်လို့ မရဘူး။ သူတို့အပြိုင်ဖြစ်လာရင် သတ် မှတ်ထားတဲ့ ဥပဒေကိုလိုက်နာရမယ်ဆိုတာမျိုးလည်းပါတယ်” ဟု ဦးမျိုးကျော် က ပြောသည်။

ယခုလက်မှတ်ရေးထိုးမည့် နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် (code of conduct) သည် ရွေးကောက်ပွဲဝင်မည့် ပါတီများနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့အတွက် တစ်ဖက်နှင့် တစ်ဖက် ထိန်းညှိနိုင်သည့် အထိန်းအကွပ်လေးတစ်ခု ဖြစ်လာသည့်အတွက် ကြိုဆိုသည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD ကပြောသည်။

ဦးမျိုးကျော်က “ဘာပဲဖြစ်ဖြစ် စည်းဘောင် ဥပဒေတွေ မရှိတာနဲ့ စာရင် ဒီကျင့်ဝတ်ပိုင်းဆိုင်ရာပေါ့နော COC code of conduct တစ်ခု ရလာတာလည်း နည်းနည်းလေး ထိန်းလို့ ပါတီဖက်ကရော ရွေးကောက်ပွဲ ကော် မ ရှင်ဖက်ကရော တစ်ဖက်နှင့် တစ်ဖက် ထိန်းညှိဖို့အတွက် အထိန်းအကွပ်လေး တစ်ခုဖြစ်တယ်။ ကျနော် တို့ကတော့ ကြိုဆိုတယ်” ဟု ပြောသည်။

အသစ်ပြန်လည်ပြုပြင် မွမ်းမံလိုက်သည့် နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့် ဝတ် (code of conduct) သည် လာမည့် ရွေးကောက်ပွဲအတွက် အထောက်အကူပြုနိုင်မည်သာမက အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေသည့် အတွက် ကြိုဆိုသည်ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD က ပြောသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီအားလုံးကို ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင် UEC က ဖိတ်ကြားထားသည် ဟု သိရသည်။

Zawgyi …

မီဒီယာ အလြဲသံုးမႈ အပါအ၀င္ က်င့္၀တ္မ်ားကို ႏိုင္ငံေရးပါတီမ်ားလက္မွတ္ေရးထိုးမည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္ဈ ဇြန္လ ၂၄ ရက္။

ႏိုင္ငံေရး ပါတီမ်ားႏွင့္ ကိုယ္စားလွယ္ေလာင္းမ်ားအတြက္ က်င့္၀တ္ (code of conduct) ကို ျပည္ေထာင္ စု ၿငိမ္းခ်မ္းေရး ေကာ္မရွင္ UEC ႏွင့္ ႏိုင္ငံေရးပါတီမ်ား လက္မွတ္ေရးထိုးၾကမည္။

ႏိုင္ငံေရး ပါတီအခ်င္းခ်င္း ဆက္ဆံေရး၊ မီဒီယာမ်ားအား အလြဲသံုးျခင္း၊ သတင္းမွားမ်ား အသံုးျပဳျခင္း၊ ႏွင့္ အျခားေသာ နိုင္ငံေရးပါတီမ်ား ေဆာင္ရန္ ေရွာင္ရန္မ်ားကို က်င့္၀တ္မ်ားတြင္ ထည့္သြင္းေဖာ္ျပထားသည္။

ဇြန္လ ၂၆ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕ရွိ Melia Hotel တြင္ မွတ္ပံုတင္ထားသည့္ ႏိုင္ငံေရး ပါတီမ်ားႏွင့္ ေရြး ေကာက္ပြဲ ေကာ္မရွင္တို႔ ေတြ႕ဆံုကာ လက္မွတ္ေရးထိုးၾကမည္ဟု ရခိုင္ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ALD အေထြေထြ အတြင္းေရးမွဴး ဦးမ်ိဳးေက်ာ္ က ေျပာသည္။

“၂၆ ရက္ေန႔ညေန တစ္ နာရီခြဲမွာ Melia Hotel မွာ ေခၚထားပါတယ္။ အဲဒါအကုန္လံုး အတည္ျပဳ လက္မွတ္ ထိုးၾကမွာေပါ့ေနာ္။ ႏိုင္ငံေရး ပါတီရယ္ UEC ေရြးေကာက္ပြဲ ေကာ္မရွင္ရယ္ေပါ့။”

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ SLND အေထြေထြ အတြင္းေရးမွဴး စိုင္းလိတ္ကလည္း “အဲဒါ က်င့္၀တ္ ေတြက လုပ္လာတာ ေလးငါး ႏွစ္ရွိၿပီေပါ့ေနာ္။ အရင္ကတည္းကလည္း ရွိတယ္ ၂၀၁၅ တုန္း ကလည္းရွိ တယ္။ မၿပီးမျပတ္ေသးဘူး။ အဲဒါက ဆြစ္ဇာလန္သံရံုးကေန ကမကထ ျပဳၿပီးေတာ့မွ အေနာက္ တိုင္းမွာ က်င့္သံုးေနတဲ့ စံတစ္ခုကိုယူ ၿပီးရင္ က်ေနာ္တို႔ ဒီႏိုင္ငံရဲ႕ ႏိုင္ငံေရး ပါတီမ်ား အခ်င္းခ်င္း တစ္ဖက္နဲ႔ တစ္ဖက္ ဘာေတြ လိုက္နာသင့္သလဲ ဆိုတာကို စုေပါင္းၿပီးမွ ေရးဆြဲထားတာ အဆိုျပဳထားတဲ့ အခ်က္ေတြ အဲဒါေတြ စုေပါင္း ၿပီးေတာ့မွ အားလံုးသေဘာတူညီခ်က္ရေအာင္ စုဆံုၿပီး လက္မွတ္ေရးထိုးဖို႔ပါ” ဟု ေျပာသည္။

ႏိုင္ငံေရး ပါတီမ်ားႏွင့္ ကိုယ္စားလွယ္ေလာင္းမ်ားအတြက္ က်င့္၀တ္ (code of conduct) ကို ျမန္မာႏိုင္ငံ ရွိ ဆြစ္ဇာလန္ သံရံုးက ကမကထျပဳကာ ၂၀၁၄ ခုႏွစ္က စတင္က လုပ္ေဆာင္ခဲ့သည္ဟု သိရသည္။

၂၀၁၄ ခုႏွစ္က ေရးဆြဲခဲ့သည့္ ႏိုင္ငံေရး ပါတီမ်ားႏွင့္ ကိုယ္စားလွယ္ေလာင္းမ်ားအတြက္ က်င့္၀တ္ (code of conduct) ကို ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲတြင္ အသံုးျပဳခဲ့ၾကၿပီး ယခုလက္မွတ္ေရးထိုးမည့္ code of conduct မွာလည္း ယခင္ ၂၀၁၅ ခုႏွစ္က အသံုးျပဳခဲ့သည့္ COC ကိုသာ ျပန္လည္ျပင္ျပဳ မြမ္းမံထားျခင္း ျဖစ္သည္ဟု ဦးမ်ိဳးေက်ာ္က ေျပာသည္။

၂၀၁၅ ခုႏွစ္က COC ကို ျပန္လည္ျပဳျပင္ မြမ္းမံေရးဆြဲရာတြင္ ပါ၀င္သည့္ ကခ်င္အမ်ိဳးသား ကြန္ဂရက္ပါတီ KNC ဥကၠ႒ ေဒါက္တာ Mေကာန္လ က “အခု ဒီ ၂၀၂၀ မွာ အခန္း ၇ ခန္းျဖစ္လာတယ္ ပိုၿပီး ျပည္စံုလာတာ က က်ေနာ္တို႔ မီဒီယာ abuse (အလြဲသံုး) လုပ္တဲ့ ဟာေတြေပါ့ေနာ္။ မီဒီယာ abuse လုပ္တဲ့ဟာ fake news (သတင္းမွား) ေတြကို ေသေသခ်ာခ်ာ က်ေနာ္တို႔ အဲဒါကို စီမံခန္႔ခြဲတဲ့ ကိစၥေတြ ပါလာတယ္ေပါ့ေနာ္” ဟု ေျပာသည္။

“ေနာက္တစ္ခါ ႏိုင္ငံေရး ပါတီ အခ်င္းခ်င္း ေစာင့္ၾကည့္ ညွိႏိႈင္း ေရးေကာ္မတီေပါ့ monitoring committee ေပါ့ေနာ္။ အဲဒီ monitoring committee ရဲ႕ လုပ္ေဆာင္ခ်က္ ေတြ ပိုၿပီးေတာ့မွ အားေကာင္း လာတယ္။ ပိုၿပီး ျပည္စံုလာ တယ္ေပါ့။ က်န္ တာကေတာ့ ၂၀၁၅ ကိုပဲ က်ေနာ္တို႔က ေသခ်ာျပန္ edit လုပ္တယ္ ျပန္လို အပ္တာျဖည့္တယ္။ အဲဒါ ေတြပါ အဓိကကေတာ့ အဲဒီ media abuse ကို က်ေနာ္တို႔ ေသခ်ာျပင္ ဆင္ႏိုင္ တာ တကယ့္ႀကီးမားတဲ့ အေျပာင္းအလဲေပါ့ေနာ္ ဒီ ၂၀၂၀ COC အတြက္” ဟု ဆက္ ေျပာသည္။

ႏိုင္ငံေရး ပါတီမ်ားႏွင့္ ကိုယ္စားလွယ္ေလာင္းမ်ားအတြက္ က်င့္၀တ္ COC ထဲတြင္ လူမႈမီဒီယာမ်ားမွ တစ္ ဆင့္ မဟုတ္မမွန္ သတင္းမ်ားျဖင့္ တစ္ဦးကို တစ္ဦး အပုပ္ခ် တိုက္ခိုက္မႈမ်ားကို ေစာင့္ၾကည့္ စီမံႏိုင္သည့္ အခ်က္အား အသစ္အေနျဖင့္ ထည့္သြင္းထားၿပီး က်န္သည့္ အခ်က္မ်ားမွာ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲမွ အခ်က္မ်ားကို ျပန္လည္ျပဳျပင္ မြမ္းမံေရးဆြဲထားျခင္းျဖစ္သည္ဟု ေဒါက္တာ Mေကာန္လ ကေျပာ သည္။

၂၀၁၅ ခုႏွစ္ COC တြင္ ပါရွိသည့္ အခန္းအလိုက္ အပိုဒ္ခဲြမ်ားထဲမွ မရွင္းလင္းသည့္ အခ်က္မ်ားကို ပိုမို တိက် ရွင္းလင္းသည့္ အခ်က္မ်ား ျဖစ္လာေအာင္ နားလည္လြယ္သည့္ စကားလံုးမ်ားျဖင့္ ထည့္သြင္းကာ ျပင္ဆင္ေရးသား ထားသကဲ့သို႔ အႏွစ္သာရအရလည္း ပို၍ ျပည့္စံုလာသည္ဟု ေဒါက္တာ Mေကာန္လ က ဆက္ေျပာသည္။

“စကားလံုး အေျပာင္းအလဲေတြလည္း ေျပာင္းသလို အႏွစ္သာရလည္း ေတာ္ေတာ္ေျပာင္းပါတယ္။ အႏွစ္ သာရပိုင္းဆိုရင္ ခုနက က်ေနာ္တို႔က သူ႔ definition ကို တိတိက်က် ဖြင့္တဲ့အတြက္ၾကာင့္မို႔လို႔ အႏွစ္ သာရမွာ ထိေရာက္စြာ ေဆာင္ရြက္လာႏိုင္တယ္ေပါ့ေနာ ဒါ့အျပင္ ပိုၿပီးထိေရာက္တဲ့ အႏွစ္သာရေတြ အဲဒီမွာ ထည့္သြင္းလာႏိုင္တယ္ေပါ့။”

က်င့္၀တ္ (code of conduct) ထဲတြင္ ပါဝင္သည့္ အခ်က္မ်ားမွာ ေရြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ ေသာ ပါတီမ်ား အားလံုးကို ေလးစာရန္၊ အျငင္းပြားမႈမ်ားကို ေျဖရွင္းရာတြင္ အျခားေသာပါတီမ်ားႏွင့္ ပူး ေပါင္းညွိႏိႈင္းေဆာင္ရြက္ရန္၊ ပါတီမူဝါဒမ်ားႏွင့္ မတူကြဲျပားမႈအား ျမွင့္တင္ေပးေသာ မဲဆြယ္စည္းရံုးမႈမ်ား ေဆာင္ရြက္ရန္တို႔ ပါဝင္သည္။

ထို႔အျပင္ လံုၿခံဳေရး(မဲဆြယ္စည္းရံုးေရးတြင္ တည္ၿငိမ္ေအးခ်မ္းမႈကို ထိန္းသိမ္းရန္၊ လက္နက္ကိုင္ေဆာင္၍ မဲဆြယ္ျခင္းမျပဳရန္)၊ တန္းတူညီတူ ယွဥ္ၿပိဳင္ခြင့္ရွိေသာ အေျခအေန(ဆႏၵမဲမ်ားရရွိေရး ႏုိင္ငံေတာ္ အရင္းအ ျမစ္ႏွင့္ လံုၿခံဳေရးယႏၱရားမ်ားကို အသံုးမျပဳရန္၊ မီဒီယာလြတ္လပ္ခြင့္ကို ေလးစားရန္)၊ က်ား/မ မတူကြဲျပား မႈႏွင့္ မသန္စြမ္းသူမ်ား တန္းတူအခြင့္မေရးရရွိရန္ႏွင့္ ေစာင့္ၾကည့္ေလ့လာျခင္းႏွင့္ အေကာင္အထည္ေဖာ္ ျခင္း (က်င့္ဝတ္မ်ားအား ေလးစားလိုက္နာျခင္း ရွိမရွိ ေစာင့္ၾကည့္ျခင္း) စသည့္အခ်က္မ်ားကို ေခါင္းစဥ္ အလုိက္ခြဲထားသည္။

“ဥပမာအေနနဲ႔ဆုိရင္ ဘာသာေရးကို အသံုးခ်ၿပီးေတာ့ မဲဆြယ္တာတို႔ တိုက္ခုိက္တာတို႔ ဒါမ်ိဳးေတြ ေကာ္ မရွင္မွာလည္းပါသလို ဒီမွာလည္း ပါတယ္။ တခ်ိဳ႕ဟာေတြက လူပုဂၢိဳလ္က မဟုတ္မွန္တာမေျပာရဘူး။ မလုိက္နာ လို႔ ဥပေဒအရ အေရးယူလို႔ေတာ့ မရဘူး။ က်င့္ဝတ္သေဘာမ်ိဳးေပါ့။ ဥပေဒကိုေတာ့ ေက်ာ္လို႔ မရဘူး။ သူတို႔အၿပိဳင္ျဖစ္လာရင္ သတ္ မွတ္ထားတဲ့ ဥပေဒကိုလိုက္နာရမယ္ဆိုတာမ်ိဳးလည္းပါတယ္” ဟု ဦးမ်ိဳးေက်ာ္ က ေျပာသည္။

ယခုလက္မွတ္ေရးထိုးမည့္ ႏိုင္ငံေရး ပါတီမ်ားႏွင့္ ကိုယ္စားလွယ္ေလာင္းမ်ားအတြက္ က်င့္၀တ္ (code of conduct) သည္ ေရြးေကာက္ပြဲ၀င္မည့္ ပါတီမ်ားႏွင့္ ေရြးေကာက္ပြဲ ေကာ္မရွင္တို႔အတြက္ တစ္ဖက္ႏွင့္ တစ္ဖက္ ထိန္းညွိႏိုင္သည့္ အထိန္းအကြပ္ေလးတစ္ခု ျဖစ္လာသည့္အတြက္ ႀကိဳဆိုသည္ဟု ရခိုင္ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ALD ကေျပာသည္။

ဦးမ်ိဳးေက်ာ္“ဘာပဲျဖစ္ျဖစ္ စည္းေဘာင္ ဥပေဒေတြ မရွိတာနဲ႔ စာရင္ ဒီက်င့္၀တ္ပိုင္းဆိုင္ရာေပါ့ေနာ COC code of conduct တစ္ခု ရလာတာလည္း နည္းနည္းေလး ထိန္းလို႔ ပါတီဖက္ကေရာ ေရြးေကာက္ပြဲ ေကာ္ မ ရွင္ဖက္ကေရာ တစ္ဖက္ႏွင့္ တစ္ဖက္ ထိန္းညွိဖို႔အတြက္ အထိန္းအကြပ္ေလး တစ္ခုျဖစ္တယ္။ က်ေနာ္ တို႔ကေတာ့ ႀကိဳဆိုတယ္” ဟု ေျပာသည္။

အသစ္ျပန္လည္ျပဳျပင္ မြမ္းမံလိုက္သည့္ ႏိုင္ငံေရး ပါတီမ်ားႏွင့္ ကိုယ္စားလွယ္ေလာင္းမ်ားအတြက္ က်င့္ ၀တ္ (code of conduct) သည္ လာမည့္ ေရြးေကာက္ပြဲအတြက္ အေထာက္အကူျပဳႏိုင္မည္သာမက အက်ိဳးသက္ေရာက္မႈမ်ားကို ျဖစ္ေပၚေစသည့္ အတြက္ ႀကိဳဆိုသည္ဟု ရခိုင္ ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ALD က ေျပာသည္။

အဆိုပါ လက္မွတ္ေရးထိုးပြဲတြင္ မွတ္ပံုတင္ထားသည့္ ႏိုင္ငံေရး ပါတီအားလံုးကို ျပည္ေထာင္စု ေရြး ေကာက္ပြဲ ေကာ္မရွင္ UEC က ဖိတ္ၾကားထားသည္ ဟု သိရသည္။