မွန်ပြည်သစ်ထိန်းချုပ် လူထု ၃၀၀၀ ကျော် ထောက်ပံ့ကြေးလျောက်ထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၄ ရက်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသမှ စားဝတ်နေရေးခက်ခဲနေသည့် အိမ်ထောင်စု ၃၀၀၀ ကျော် နိုင်ငံတော်မှ ဒုတိယအကြိမ် ထောက်ပံ့မည့် ထောက်ပံ့မှုရရှိရန် တင်ပြထားသည် မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

COVID-19 ကူးစက်ရောဂါကာလအတွင်း နိုင်ငံတော်မှ ဒုတိယအကြိမ် ထောက်ပံ့မည့်အစီအစဉ်တွင် မွန်ပြည်နယ်မှ အိမ်ထောင်စု ၇ သောင်းကျော် ထောက်ပံ့မှုရရှိရန် တင်ပြထားပြီး အဆိုပါ အိမ်ထောင်စုများတွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသမှ အိမ်ထောင် စု ၃၀၀၀ ကျော် ပါဝင်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးမြင့်သန်းဝင်း က “အိမ်ထောင်စု ၇ သောင်းကျော် စာရင်းတင်ထား တယ်၊ အဲဒီမှာ မွန်ပြည်သစ်ပါတီထိန်းချုပ်ဧရိယာအတွင်းက အိမ်ထောင်စု ၃၀၀၀ ကျော်ကိုလည်း စာရင်း ကောက် တင်ပြထားတယ်” ဟု ပြောသည်။

နိုင်ငံတော်မှ ဒုတိယအကြိမ်ထောက်ပံ့မှုအဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် လာမည့် ရက်သတ္တပတ် ၂ ပတ်အတွင်း ထောက်ပံ့ပေးသွားနိုင်ရန် စီစဉ်လျက်ရှိသည်ဟု နိုင်ငံတော်သမ္မတရုံးက ဇွန်လ ၁၉ ရက်နေ့က ပြောထားသည်။

နိုင်ငံတော်မှ ပထမအကြိမ်အနေဖြင့် သင်္ကြန်ကာလအတွင်းက ပြည်သူတို့အား ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ စသည့် အခြေခံစားသောက်ကုန် ၅ မျိုးကို ထောက်ပံ့ပေးခဲ့ရာ မွန်ပြည်နယ်မှ အိမ်ထောင်စု လေးသောင်းကျော် ပါဝင်ခဲ့ပြီး ၎င်းထဲတွင် မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသမှ ပြည်သူများ မပါဝင်ခဲ့ပေ။

မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ် က “ပထမအသုတ်တုန်းက အစိုးရက ပြည်သူေ တွကို အခြေခံစားသောက်ကုန်တွေ ကူညီပေးတာရှိတယ်။ ဒါပေမယ့် ကျနော်တို့ ဒေသဆီကို မရောက်လာဘူး၊ အခု နောက်တစ်ကြိမ် ထောက်ပံ့ပေးဖို့ အစိုးရက ထုတ်ပြန်ထားတာရှိတယ်၊ ကျနော်တို့ ရေးမြို့ နယ်မှာရှိတဲ့ ကျနော်တို့ ထိန်းချုပ်ဒေသက အိမ်ထောင် ၃၅၀၀ ကို ထောက်ပံ့မှုရရှိဖို့ စာရင်းတင်ထားတယ်” ဟု ပြောသည်။

COVID-19 ကူးစက်ရောဂါကာလအတွင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသမှ ဝေးလံခေါင်သီသည့် အထူး သဖြင့် နယ်စပ်တလျှောက်က ပြည်သူ ၃၀၀၀၀ ခန့် စားသောက်ကုန်ပြတ်လပ်သည့် အခက်အခဲနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

COVID-19 ကူးစက်ရောဂါကာလအတွင်း ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ လုပ်ကိုင်စားသောက် ရန် ခက်ခဲခြင်း၊ ကူးစက်ရောဂါကာလကြာလာခြင်းတို့ကြောင့် ရေရှည်အတွက် အဓိကဖြစ်သည့် စားသောက်ကုန် များ ပြတ်လပ်လာသည့် သဘောရှိသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

မွန်ပြည်သစ်ပါတီ NMSP ၏ ပြည်တွင်းရေးရာဆက်ဆံရေး တာဝန်ခံ နိုင်ဗညားလယ် က “အဓိက ဝေးလံ ခေါင် ဖျားတဲ့ဒေသတွေ အများအားဖြင့် နယ်စပ်မှာရှိတဲ့ ပြည်သူလူထုတွေ အများကြီး အခက်အခဲ ဖြစ်နေတယ်၊ ပြည် သူလူထု ၃ ပုံ ၁ ပုံလောက်က (စားသောက်ကုန်ပြတ်လပ်တဲ့) အခက်အခဲကြုံတွေ့နေရတယ်” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေထဲတွင် ကျေးရွာပေါင်း ၆၀ ရွာခန့်ရှိပြီး၊ အိမ်ထောင်စု ၁၈၀၀၀ ကျော်ရှိကာ လူဦးရေ ကိုးသောင်းနီးပါးရှိသည်ဟု သိရသည်။

လူဦးရေ ၉၀၀၀၀ နီးပါးရှိသည့်အနက် လူဦးရေ ၃ ပုံ ၁ ပုံခန့်သည် စားသောက်ကုန်ပြတ်လပ်သည့် အခက်အခဲ နှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

မွန်ပြည်သစ်ပါတီအနေနှင့် စားနပ်ရိက္ခာလိုအပ်ချက်များရှိနေသည့် ၎င်းတို့ထိန်းချုပ်နယ်မြေဒေသသို့ လာရောက် ထောက်ပံ့ပေးကြရန် အလှူရှင်အဖွဲ့အစည်းများ လူမှုအဖွဲ့အစည်းများ ဖိတ်ခေါ်ထားကြောင်း ကူညီထောက်ပံ့ လိုသူများအနေဖြင့်လည်း တိုက်ရိုက်သော်လည်းကောင်း မွန်ပြည်သစ်ပါတီ၏ COVID-19 အရေးပေါ်တုံ့ပြန်မှု ကော်မတီမှတဆင့်သော်လည်းကောင်း ထောက်ပံ့လှူဒါန်းနိုင်ကြောင်း တိုက်တွန်းနှိုးဆော်ထားသည်။