တိုင်းရင်းသားဘာသာ သတင်းအစီအစဉ် မြန်မာဘာသာ ၆ – ၇ – ၂၀၂၀

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ ဝှေ့ခါကျောက်စိမ်းမှော်မှာ ရေကန်ပြိုကျတာကြောင့် လူပေါင်း ၁၀၀ ကျော် အနည်းဆုံး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေဟာ ၃၀၀ နီးပါးခန့်ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကယားပြည်နယ် ဒီးမော့ဆို့မြို့နယ်၊ ဒေါဆိုရှေးကျေးရွာမှ တောင်သူ ၂၂ ဦးကို တရားရုံးက ချမှတ်ခဲ့တဲ့ပြစ်ဒဏ် နည်းတယ်လို့ဆိုပြီး တပ်မတော်က ဒုတိယအကြိမ် ထပ်မံတရားစွဲဆိုခြင်းဟာ တောင်သူတွေကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်တယ်လို့ တောင်သူအရေးဆောင်ရွက်နေ သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ တိုင်းရင်းသူ အမျိုးသမီးတွေဟာ မုဒိမ်းမှုကို ညှဉ်းပန်းနှိပ်စက်မှုပုံစံတစ်ခုအဖြစ် အသုံးပြုခံ နေရတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) က ပြောဆိုလိုက်ပါတယ်။

Zawgyi…

တိုင္းရင္းသားဘာသာ သတင္းအစီအစဥ္ ျမန္မာဘာသာ ၆ ၇ ၂၀၂၀

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္အတြင္းရွိ ေဝွ႔ခါေက်ာက္စိမ္းေမွာ္မွာ ေရကန္ၿပိဳက်တာေၾကာင့္ လူေပါင္း ၁၀၀ ေက်ာ္ အနည္းဆုံး ေသဆုံးခဲ့ပါတယ္။ ေသဆုံးသူေတြဟာ ၃၀၀ နီးပါးခန႔္ရွိႏိုင္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ကယားျပည္နယ္ ဒီးေမာ့ဆို႔ၿမိဳ႕နယ္၊ ေဒါဆိုေရွးေက်း႐ြာမွ ေတာင္သူ ၂၂ ဦးကို တရား႐ုံးက ခ်မွတ္ခဲ့တဲ့ျပစ္ဒဏ္ နည္းတယ္လို႔ဆိုၿပီး တပ္မ‌ေတာ္က ဒုတိယအႀကိမ္ ထပ္မံတရားစြဲဆိုျခင္းဟာ ေတာင္သူေတြကို ၿခိမ္းေျခာက္လိုက္ျခင္းျဖစ္တယ္လို႔ ေတာင္သူအေရးေဆာင္႐ြက္ေန သူေတြက ေျပာပါတယ္။

ျမန္မာႏိုင္ငံအတြင္း ပဋိပကၡျဖစ္ပြားရာေဒသေတြမွာ တိုင္းရင္းသူ အမ်ိဳးသမီးေတြဟာ မုဒိမ္းမႈကို ညႇဥ္းပန္းႏွိပ္စက္မႈပုံစံတစ္ခုအျဖစ္ အသုံးျပဳခံ ေနရတယ္လို႔ အမ်ိဳးသမီးမ်ားအဖြဲ႕ခ်ဳပ္-ျမန္မာႏိုင္ငံ (WLB) က ေျပာဆိုလိုက္ပါတယ္။