COVID- 19 ကာလ KNU ထိန်းချုပ်နယ်မြေ အခြေအနေနဲ့ ပတ်သက်၍ EHC အထွေထွေ အတွင်းရေးမှူး ပဒိုမန်းမန်းနှင့် အင်တာဗျူး (ပထမအပိုင်း)

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။

တပ်မတော်နဲ့ စစ်ရေးတင်းမာမှုရှိနေတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေထဲမှာ ဒေသခံတွေဟာ COVID- 19 ကာလအတွင်း စားနပ်ရိက္ခာ အကြပ်အတည်းတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ တိုင်းရင်းသား ကျန်းမာရေး ကော်မတီ EHC ကပြောပါတယ်။

အထူးသဖြင့် KNU တပ်မဟာ ၅ နယ်မြေမှာရှိတဲ့ အီတူးထ ပြည်တွင်းစစ်ရှောင် စခန်းဟာ ဆိုရင် COVID- 19 ကာလအတွင်း ရိက္ခာပြတ်လပ်တဲ့ အခြေအနေကို ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာတော့ အစိုးရရဲ့ ရန်ပုံငွေ စီးဆင်းမှုအပိုင်းတွေမှာဆိုရင် ဗဟိုအစိုးရကနေ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်း တွေဆီ ပံ့ပိုးမှုတွေဟာ ထိရောက်မှုမရှိတဲ့အတွက် နိုင်ငံတကာ အလှူရှင်တွေ အနေနဲ့ တိုင်းရင်းသား ဒေသ က သက်ဆိုင်ရာ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေ ဆီကိုပဲ တိုက်ရိုက် ကူညီပံ့ပိုးပေးဖို့ လိုအပ် တယ်လို့ ပြောပါတယ်။

လက်ရှိ COVID- 19 ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း မူတြော်(ဖာပွန်) ခရိုင်ရဲ့ အခြေအနေ၊ အခက်အခဲ၊ စိန်ခေါ်မှုတွေနှင့် ရှေ့ဆက်ဘာတွေ ကြိုတင်ပြင်ဆင်ထားပါသလဲ စတာတွေကို တိုင်းရင်းသား ကျန်းမာရေး ကော်မတီ EHC ရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ် မူတြော်ခရိုင် COVID- 19 respond committee supporting Group ရဲ့ တာဝန်ရှိသူတစ်ဦးလည်းဖြစ်တဲ့ ပဒိုမန်းမန်းကို သတင်းနှင့် မီဒီယာကွန်ရက်က ဆက်သွယ် မေးမြန်း ထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် – COVID ကာလကလည်း ရှည်လာပြီဆိုတော့ ဆရာတို့အနေနဲ့ တိုင်းရင်းသား ဒေသမှာ ရှိတဲ့ ဒေသခံတွေရဲ့ လုပ် ကိုင်စားသောက်မှု အခြေအနေတွေ ဘယ်လိုတွေ့ရသလဲ။

ပဒိုမန်းမန်း – အဓိကကတော့ ကျနော်တို့ COVID ကာလမှာ Lockdown ကြောင့် ဖြစ်လာတဲ့ အကျိုးဆက် တွေကတော့ သွားရေးလာရေးအခက်အခဲ နောက် ဒီကျနော်တို့ ကုန်သွယ်မှု အခက်အခဲပေါ့ ဒီ ရောင်းဝယ် ဖောက်ကား ပစ္စည်းဝယ်ခြမ်းဖို့ အခက်အခဲတွေကတော့ ၂ လ ၃ လလောက်အတော အတွင်းမှာကတော့ နည်းနည်းလေး အကြပ်အတည်းဖြစ်သွားတာပေါ့။ အဲလိုပဲပြောရမှာပေါ့ ယေဘုယျ အားဖြင့်ပေါ့။

သတင်းနှင့် မီဒီယာကွန်ရက် – အဲဒီအခက်အခဲလေးတွေကို နည်းနည်း ရှင်းပြပေးပါလား။

ပဒိုမန်းမန်း – အထူးသဖြင့်တော့ KNU ထိန်းချုပ်တဲ့ နယ်မြေလို့ ပြောရမယ်ဆိုရင်တော့ KNU မှာ သူရဲ့ နယ် မြေအရတော့ ခရိုင် ၇ ခုပေါ့နော ဒီထဲမှာတော့ KNU ရဲ့ လုံးလုံးထိန်းချုပ်နိုင်တဲ့ နယ်မြေကတော့ ဒီမူတြော် ခရိုင်လို့ပဲ ကျနော်တို့ ဥပမာပေးရမှာ ဖြစ်ပါတယ်။ ကျနော်တို့ ဖာပွန်ခရိုင်လို့လည်း ခေါ်ကြတာပေါ့။ မူတြော်ခရိုင် ဖာပွန်ခရိုင်ကတော့ မတ်လ ၂၀ ရက်နေ့က ကနေစပြီးတော့ Lockdown လုပ်လိုက်တယ်။ နောက်တစ် ဆက်တည်းမှာ ကျနော် တို့ ဒီခရိုင်နဲ့ ဆက်စပ်တဲ့ ထိုင်းဖက်ကမ်းပေါ့ ထိုင်းနိုင်ငံဖက်ကမ်း သံလွင်မြစ် ကြောင်းတစ်လျှောက် ထိုင်း ဖက်က လည်းပဲ ဒီနယ်စပ်မြို့တွေကို Lockdown လုပ်လိုက်တာ ကတော့ မတ်လ ၂၁ ရက်ပေါ့ဗျား။ အဲလိုမျိုး ဖြစ်တဲ့ကာလမှာကတော့ ကျနော်တို့ ကုန်ဈေးနှုန်းမြှင့် တက်သွားကို ကျနော်တို့ တွေ့သွားတယ်။ ဒီအပေါ်မှာ ကျနော်တို့ ပြန်ပြောရရင်တော့ မတ်လကနေ လကုန်မေအထိက လုံးဝကို ပိတ်ဆို့တဲ့အတွက် တော် တော် လေး အခက်ခဲ ဖြစ်သွားတယ် အထူးသဖြင့် အီတူးထစခန်းလို ဒုက္ခသည်စခန်းက ထိုင်းဖက်ရဲ့ အကူအညီပေါ့ဗျာ။ ဒီတသီးပုဂ္ဂလရဲ့ အကူအညီကို လက်ခံယူရတဲ့ IDP လူထုဖြစ်တဲ့အတွက် သူတို့ကတော့ ပိုပြီးတော့ ကြပ်တည်းသွားတယ်။ သို့သော်လည်းပဲ ကျနော်တို့ရဲ့ ဒီဒေ သခံ ထိုင်းဒေသခံ တောင်းဆိုမှု အပေါ်မှာ open letter လေးကို ကျနော်တို့ ထုတ်ပြန်လိုက်တာ တွေ့ ရတယ်ပေါ့။ အဲဒီအပေါ်မှာ ထိုင်း ဒေသခံ အာဏာပိုင်တွေကလည်း ဧပြီလဆန်းလောက် ကနေစပြီး တော့မှ ကျနော်တို့ကို တစ်ပတ်တစ်ကြိမ် အဲဒီက နေပြီးတော့မှ ရိက္ခာသယ်ခွင့်တွေရလာတယ်။ နောက်ပြီး တော့ တစ်ချိန်တည်းမှာလည်းပဲ အရေးအပေါ် အကူအညီအနေနဲ့ KWO ကနေပြီးတော့မှ အီတူးထ စခန်းအတွက် ပေါ့နော ဒီ ထမ်းဖောင်ဒေးရှင်း ကနေ တစ်ဆင့် လက်ခံရရှိပြီးတော့မှ တမဟုတ်ချင်း အရေးတကြီး ဆောင် ရွက်တဲ့အခါ ကျတော့ တစ်စုံတစ်ရာ ကျနော်တို့ ကူညီသက်သာမှုတွေ ရရှိသွားတာပေါ့နော်။

သတင်းနှင့် မီဒီယာ ကွန်ရက် – ရေရှည်အတွက်ကော ဘယ်လို ပြင်ဆင်ဆောင်ရွက်နေပါသလဲ။

ပဒိုမန်းမန်း – ဒီအတွက် ကျနော်တို့က ဒေသန္တရ ကုန်ဈေးနှုန်းထိန်းချုပ်နိုင်ဖို့အတွက်ရယ် နောက်ပြတ်လပ်မှု မဖြစ်အောင်လည်း ဆိုတာ ဒေသခံအာဏာပိုင်တွေနဲ့ CBO ၊ CSO တွေနဲ့ အခုနလိုမျိုး ဆန်ဂိုဒေါင်လာပေါ့နော ဒီ ခရိုင်တစ်ခုကို ကျနော်တို့ အိတ် ၅၀၀၊ ၅၀၀ နဲ့ စတိုးလုပ်ထားဖို့ ဒီအပေါ်မှာ ပြန် လည်ပြီးတော့မှ ဈေးသက်သောင့်သက်သာနဲ့ ဈေးပုံမှန်နဲ့ ထုတ်ရောင်းတာတွေ လုပ်ထားတယ်။ အခြေခံ အားဖြင့် တကယ်လို့ ထုတ်ရောင်းတာတွေ လုပ်ထားပေမယ့် လုံး၀ ဝယ်စားလို့မရတဲ့ ပြည်သူလူထု အတွက် ကိုကျတော့ ဒီအပေါ်မှာ ချေးဌားစားတာလေးတွေပေါ့ဗျား။ နောက်မှ ပြန်ပေးမယ်ဆိုတဲ့ ဒီအခြေခံမူ တွေ ချမှတ်ပြီးတော့ အဲဒီအထိကို ကျနော်တို့ခွင့်ပြုတယ်။ ဒီထက်အခြေအနေဆိုးလာမယ်။ lockdown က ပိုကြာ လာမယ် ဒီ crisis က ပိုပြီးတော့ ပြင်းလာမယ်ဆိုရင်တော့ ခုနက ဒီဆန်အိတ် ၂၀၀၀ လုံးက ကျနော်တို့က အဲဒီအပေါ်မှာ free distribution အနေနဲ့ ဒါကို ဆက်ပြီးတော့ ဖြန့်ဝေသွားမယ်ဆိုတဲ့ ဒီရဲ့ secondary crisis ကို ကျနော်တို့က ကြိုတင်အနေနဲ့ ပြင်ဆင်မှု ကျနော်တို့ စလုပ်နေပါတယ်။ အခုဆိုရင် လည်းပဲ ဆန်အိတ် ၂၀၀၀ လုံးတော့ဒေသအတွင်းကို မရောက်သေးဘူး ဆန်အိတ် ၁၀၀၀ ကျော်ကျော် တစ်ဝက်နီးပါး ၅၀ ရာခိုင် နှုန်း ဒေသအတွင်းသို့ရောက်ပြီ ဖြစ်ပါတယ်။ စပြီး လည်ပတ်ပြီလည်း ပြောလို့ ရပါပြီ။

သတင်းနှင့် မီဒီယာ ကွန်ရက် – တခြား KNU တပ်မဟာတွေရဲ့ အခြေအနေကရော ဘယ်လိုရှိသလဲ။

ပဒိုမန်းမန်း – ကျန်တဲ့ ခရိုင်ဒေသတွေကတော့ အထူးသဖြင့်ကတော့ ကျနော်တို့ ဒီ အစိုးရ ကျန်း မာရေးဌာနရဲ့ ဆောင်ရွက်မှုရဲ့ အောက်ကနေပြီးတော့မှ ပူးပေါင်းဆောင်ရွက်မှု ပြုတဲ့အတွက် တော်တော် များများကတော့ အစိုးရ ကျန်းမာရေးဌာနရဲ့ ဦးဆောင်မှုပဲ ပြောပြောပေါ့နော သူတို့ရဲ့ ခွင့်ပြုချက်ပဲ ပြောပြော တစ်ချို့ ကိစ္စ တွေက အဲဒီအပေါ်မှာ အများကြီး အခက်အခဲ ဆက်စပ်မှု အားနည်းနေတယ် ပြောရမှာပေါ့။ ဒါကြောင့်မို့ လို့ ဒီပြင်နေရာတွေက mix control area တွေ ဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် ထိန်းချုပ်တဲ့ နယ်မြေဖြစ်တဲ့အတွက် လုပ်ငန်းကို ဆောင်ရွက်တဲ့ နေရာမှာ ကျနော်တို့က အခက်အခဲတွေ တွေ့ရတယ်လို့ ကျနော်တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအပိုင်းမှာကတော့ အစိုးရ ဆေးရုံဆေးခန်းတွေကပဲ တာဝန်ယူ ရမှာလား KNU ရဲ့ ကျန်းမာရေး ဝန်ထမ်းတွေကပဲ တာဝန်ယူရမှာလား ဒီအပိုင်းမှာ ပူးပေါင်း ဆောင်ရွက်မှု အခန်း ကဏ္ဍကလည်း ဘယ်လိုသွားမလဲပေါ့နော်။ အဲဒါတွေကလည်း ကျနော်တို့ ရှင်းရှင်းလင်းလင်း မရှိဘူး လို့ပဲ ကျနော်တို့ မြင်ရတယ်ပေါ့။ အပေါ်ပိုင်းမှာလည်း ရှိကောင်းရှိပေမယ့်လည်း ရှိလည်း မရှိဘူး။ ဒါပေမယ့် အောက်ခြေမှာ ကတော့ ပူးပေါင်းဆောင်ရွက်မှုကတော့ အားနည်းနေတာကိုတော့ ကျနော်တို့ တွေ့ရတယ် လို့ပဲ ယေဘုယျအားဖြင့် ပြောလို့ရမှာ ဖြစ်ပါတယ်။

သတင်းနှင့် မီဒီယာ ကွန်ရက် – COVID- 19 က ရေရှည်ဆက်ဖြစ်လာမယ်ဆိုရင် ဆရာတို့ အနေနဲ့ အဓိက ကြုံရမယ့် အခက်အခဲတွေက ဘာတွေလဲ။

ပဒိုမန်းမန်း – ဆက်ဖြစ်လာမယ်ဆိုရင်တော့ အထူးသဖြင့် secondary crisis ကိုလည်း ကျနော်တို့ ကြိုစဉ်း စားရမှာ ဖြစ်တယ်။ ၂ ပိုင်းဖြစ်တာပေါ့ COVID- 19 ကြောင့် ဖြစ်လာတဲ့ ရောဂါရဲ့ ကူးစက်မှုအပေါ်မှာ ကျနော် တို့ ဘယ်လို ကုသမှု လုပ်ရမလဲ။ ဒီအပေါ်မှာလည်း ကျနော်တို့ အများကြီး စိုးရိမ်စရာ ဖြစ်တယ်။ ကျနော်တို့ ပစ္စည်းပစ္စယ Facilities က လုံလုံလောက်လောက် မရှိဘူး။ နောက်တစ်ခုကလည်းပဲ နိုင်ငံတကာရဲ့ ပံ့ပိုးမှု ဆိုတာကလည်းပဲ အစိုးရကနေ အစိုးရကိုပဲ သွားတယ် ကျနော်တို့ တိုင်းရင်းသားရဲ့ ကျန်းမာရေးဌာနနဲ့ တိုင်း ရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေအပေါ်မှာ တိုက်ရိုက်ဝင်တာလည်း မရှိတဲ့အခါကျတော့ နိုင်ငံရေး အရ အကန့်အသတ်အပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ ဘယ်လိုမှ ပူးပေါင်းဆောင်ရွက်မှုဆိုတာ ပြည့် ပြည့်၀၀ လုပ်လို့ရမှာ မဟုတ်ဘူး။ ဒါက ပထမအဆင့်အနေနဲ့ ကုသမှုပိုင်းနဲ့ ကာကွယ်မှုအပိုင်း ဆိုင်ရာ COVID-19 တိုက်ရိုက်ဆောင်ရွက်မှုအပေါ်မှာ ပထမဆုံး အကန့်အသတ် အဲဒီအကန့်အသတ်ရယ် နောက် ပြီး ပူးပေါင်းဆောင်ရွက်မှု အကန့်အသတ်ရယ် ဒါပထမဆုံးတစ်ချက် ပြောချင်တယ်။ ဒုတိယတစ်ချက် က တော့ ကျနော်တို့ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ humanitarian crisis ပေါ့ secondary crisis တကယ်လို့ COVID- 19 ဖြစ်လာရင်တော့ ဒီရောဂါက ကူးစက်နှုန်းတစ်အားမြန်တဲ့အတွက်ကြောင့် ကျနော်တို့က တခြား ကပ်ရောဂါလိုမျိုး တော်ရုံတန်ရုံနဲ့ ကာကွယ်လို့ မရပဲနဲ့ lockdown လုပ်ရတဲ့အထိ ပေါ့နော်။ လမ်းခရီးပိတ် ဆို့ရတဲ့အထိ သွားလာရေး ပိတ်ဆို့ရတဲ့အထိ လုပ်ရတဲ့ အခါကျတော့ secondary crisis ဖြစ်တဲ့ ကျနော်တို့ စားနပ်ရိက္ခာ ငတ်မွတ်ခေါင်းပါးတဲ့ ပြတ်လတ်တာတွေ ဖြစ်လာနိုင်တယ်ဆိုတာ ဒီအတွက်ကတော့ ကျနော် တို့ ပြင်ဆင်မှုတွေတော့ အများကြီး လုပ်ရအုံးမယ်။ ခုနကပြောထားတဲ့ ကျနော်တို့ ပြင်ဆင်မှုနဲ့တော့ မလုံ လောက်သေးဘူး ဖြစ်ပါတယ်။ ဒီအတွက်ကိုလည်း ပိုစိုးရိမ်တာက လာမယ့် COVID- 19 နဲ့ ပတ်သက်လို့ ကျနော်တို့က ဘာမှ မယ်မယ်ရရ ဘယ်သူမှ ပြောလို့မရသေးဘူး။ ဘယ်ကာလမှာ ကျနော်တို့ ကာကွယ် သွားမလဲ ဘယ်လို ဆက် ဖြစ်လာနိုင်မလဲ နောက်ကျနော်တို့ ကာကွယ်ဆေးကိုလည်း ဘယ်ခုနှစ်ကျမှ ဘယ်လို coverage ဖြစ်အောင် ဆောင်ရွက်နိုင်မယ်ဆိုတာ ကျနော်တို့ မပြောနိုင်သေးတဲ့ အတွက် ကျနော် တို့ အထူးစိုးရိမ် တာကတော့ ဒုတိယလှိုင်းပေါ့နော်။ COVID- 19 ရဲ့ ဒုတိယ နောက်တစ် ကျော့ပြန် ပြန်ဖြစ် လာမှာကိုတော့ ကျနော်တို့ အထူးစိုးရိမ်စရာဖြစ်တယ်။