ကိုယ်စားလှယ်လောင်းစာရင်း မကြာမီ ထုတ်ပြန်မည်ဟု မွန်ညီညွတ်ရေး ပါတီပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်။

မွန်ညီညွတ်ရေးပါတီက ဇူလိုင်လနောက်ဆုံးအပတ်တွင် ကိုယ်စားလှယ်လောင်းများစာရင်းကို ထုတ်ပြန်သွား မည်ဟု ပါတီ တာဝန်ရှိသူ က ပြောသည်။

ကိုယ်စားလှယ်လောင်းများကို မြို့ နယ်အဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့ တို့မှ ရွေးချယ်ထား သည်ကို ဗဟိုအဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့တို့က အပြီးသတ် စိစစ်ရွေးချယ်ကာ ဗဟို အလုပ် အမှုဆောင်ကော်မတီ အတည်ပြုချက် ယူရမည်ဖြစ်သည်။

မွန်ညီညွတ်ရေး ပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင် က “သတ်မှတ်ထားတဲ့အတိုင်း နယ်ကနေ ၁၅ ရက် နေ့နောက်ဆုံး ပေးပို့ရမယ်ဆိုတဲ့ဟာ မြို့ နယ်ကတော့ ၁၅ ရက်နေ့မတိုင်ခင် အားလုံး ပို့လာပါတယ်၊ ၂၀ ရက် နေ့ဖြတ်မယ်လို့ပြောထားပေမယ့် ပါတီတာဝန်နဲ့ ခရီးသွားတဲ့လူတွေရှိနေတဲ့အခါကျတော့ ချက်ချင်း မထိုင်နိုင် ဘူး။ ၁၆ ရက်နေ့ ထိုင်ရင်တော့ ပြီးပြတ်သွားပြီ။ ၁၈ ရက်နေ့မှ ထိုင်ရတဲ့အခါကျတော့ ကိုယ်စားလှယ် လောင်း ရွေးတာ မပြီးပြတ်နိုင်ဘူး ဗဟိုမှာ” ဟု ပြောသည်။

စိစစ်ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို ဗဟိုအလုပ်အမှုဆောင်ကော်မတီများ၏ အတည်ပြုချက် ရယူပြီး ဇူလိုင် ၂၅ ရက်နေ့တွင် ထုတ်ပြန် သွားမည်ဟု နိုင်စံတင် က ဆက်ပြောသည်။

အရည်အချင်းသတ်မှတ်ချက် (၁၉) ချက်ဖြင့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်မည်ဖြစ်ပြီး အရည်အချင်းသတ်မှတ်ချက်တူညီပါက အမျိုးသမီးနှင့် လူငယ်ကိုယ်စားလှယ်လောင်းများ ကို ဦးစားပေး ရွေးချယ်သွားမည်ဟုလည်း ပါတီခေါင်းဆောင်များက ပြောသည်။

မွန်ညီညွတ်ရေးပါတီသည် လာမည့် ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်း ၅ ခုတို့တွင် ကိုယ်စားလှယ်လောင်း အနည်းဆုံး ၅၅ နေရာဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားသည်ဟု ပါတီ ခေါင်း ဆောင်များ က ပြောသည်။

မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အင်အားစုတို့ ပူး ပေါင်း ဖွဲ့စည်းထားသည့်ပါတီဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပြည်ထောင်စုတစ်ဝှမ်းလုံးတွင် စည်းရုံးမည့် နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ ရက်စွဲ ဖြင့် မွန်ညီညွတ်ရေးပါတီကို မှတ်ပုံတင် ခွင့်ပြုခဲ့သည်။