ရှမ်းကျောင်းသား နှစ်ဦးအတွက် KIO လျော်ကြေးပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် အတွင်းက အသတ်ခံခဲ့ရသည့် ရှမ်းနီ ကျောင်းသားနှစ်ဦးအတွက် ကချင်လွတ်လပ်ရေး အဖွဲ့ KIO က တစ်ဦးလျှင်လျော်ကြေးငွေ သိန်း ၂၀၀ စီ နစ်နာကြေးပေးကြောင်း သိရသည်။
ဇူလိုင်လ ၂၄ ရက်နေ့က အသတ်ခံရသူ နှစ်ဦး၏ မိဘများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်အချို့ နှင့် KIO မှ တာဝန်ရှိသူများ တွေ့ဆုံပြီး နစ်နာကြေး ပေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်ဟု သွားရောက်ညှိနှိုင်း ရာတွင် ပါဝင်ခဲ့သူ မိသားစုဝင် တစ်ဦးက ပြောသည်။
“ကျနော်တို့ သွားဆွေးနွေးကြတာ။ မိဘတွေရယ်၊ ရပ်မိရပ်ဖတွေလည်းပါတယ်။ ဘာသာရေးဘက်ကလည်း ပါတယ်။ ကျနော်တို့ကို သူတို့ မှားသွားတဲ့အကြောင်းလည်း ပြောတယ်။ ဘာသာရေးခေါင်းဆောင်တွေက ကြားဝင်ပြီး ဆွေးနွေးပေးတာပေါ့ဗျာနော်။ ကျနော်တို့ တစ်ယောက်ကို သိန်းနှစ်ရာပေါ့။ ဆိုတော့ သိန်းလေး ရာပေါ့။”
အဆိုပါ မိသားစုဝင် က “သူတို့ဘက်ကတော့ သူတို့မှားကြောင်းဝန်ခံတယ်။ တခြားတော့ ကျနော်တို့ ဆက်လုပ် စရာ ဘာမှတော့ မရှိ တော့ဘူး။ အစကတော့ အလောင်းယူမယ်ပေါ့။ အခုထိ သူတို့ အလောင်းကို ဘယ်မှာ မြုပ်ထားလဲ ဘာလဲဆိုတာတော့ မသိဘူး။ အခုထိတော့ အလောင်းက မရသေးပါဘူး။ ကျနော်တို့လည်း ပြန် စဉ်းစားနေတယ် ကြာလည်း ကြာနေပြီ ဆိုတော့ ကလေးတွေအလောင်းက ရုပ်ပျက်နေလောက်ပြီနော်။ အဲ့လို လည်း စဉ်းစားတယ်။ အတင်းကြီးလည်း ပြန်လည်းမတောင်းချင်တော့ဘူး။ ရုပ်ပျက်ဆင်းပျက်ဆိုလည်း ကိုယ် လည်း မမြင်ရက်ဘူး။ မြင်မကောင်းဘူး ပေါ့နော်” ဟု ဆက်ပြောသည်။
ဟုမ္မလင်းမြို့နယ်၊ ရွှေတွင်းကျေးရွာအုပ်စု၊ ပါဟုတ်ကြီးကျေးရွာနေ မောင်သန့်ဇင်အောင် အသက်(၁၈) နှစ် နှင့် မောင်ဇော်မျိုးဦး အသက် (၁၇) နှစ်တို့အား ဇူလိုင်လ ၆ ရက်နေ့က ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာ အုပ်စု ဆယ်ဇင်းကျေးရွာတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA က ဖမ်းဆီးသွားခဲ့ပြီးနောက် ယခုကဲ့သို အသတ်ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါ ရှမ်းနီကျောင်းသား နှစ်ဦး အသတ်ခံရသည့်ကိစ္စ နှင့် ပတ်သက်၍ KIO အနေဖြင့် ကျူးလွန်သူများအား ထိရောက်စွာ အရေးယူပေးရန်နှင့် ပွင့်လင်းမြင်သာစွာ ချပြရန် ရှမ်းနီပါတီများ၊ ရှမ်းနီလူငယ် အဖွဲ့အစည်းများက တောင်းဆိုခဲ့ကြသည်။
တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ဥက္ကဋ္ဌ ဦးဌေးအောင် က “ကျနော့်အမြင် က တော့ လက်နက်ကိုင်တယ်ဆိုတာ တပ်မတော်ပဲကိုင်ကိုင်၊ KIA က ပဲ တော်လှန်ရေးပဲလုပ်လုပ် ပြည်သူလူထုကို ကာကွယ်ဖို့ဖြစ်ပါတယ်။ အခုက ကျနော်တို့ကို သူတို့ကသတ်လိုက်၊ ကျနော်တို့က သေလိုက် ရှမ်းနီတော်တော် များများ အသက်ပေးခဲ့ကြရပြီးပြီ။ အခုတော့ သူတို့အနေနဲ့ လူမှုစာနာမှုလေးတွေ ပေးတာကိုတော့ ကျနော်တို့က လက်ခံ ရမှာပေါ့” ဟု ပြောသည်။
သို့သော်လည်း ယခုကဲ့သို့ လူသတ်မှု ကျူးလွန်ခဲ့သူများအား KIO အနေဖြင့် ထိရောက်စွာ အရေးယူပေးရန်နှင့် အသတ်ခံခဲ့ရသူတို့၏ မိဘများ၊ ပြည်သူများ၏ ရှေ့တွင် အမှန်တကယ် အရေးယူပေးရန် လိုအပ်သည်ဟု ဦးဌေးအောင် က ဆက်ပြောသည်။
“နောက်ပြီး သူတို့ ခေါင်းဆောင်ပိုင်းတွေအနေနဲ့ အဖွဲ့အစည်းဆိုတာက အထက်နဲ့အောက်က အမိန့်နာခံမှု ရှိရ မှာပေါ့နော်။ နောက်ထပ်ဒါမျိုးတွေ နောင်ကို မဖြစ်ဖို့အတွက် အောက်ခြေအဆင့်ဆင့်ကို ညွှန်ကြားဖို့လိုပါတယ်။ အခုဖြစ်သွားတဲ့ ၆ ယောက်အပေါ်လည်း ပွင့်လင်းမြင်သာစွာ တရားစီရင်ဖို့လိုတယ်။ ငါတို့အနေနဲ့ လက်နက်မဲ့တဲ့ ပြည်သူတွေကို ဒီလိုလုပ်လိုက်တဲ့အတွက် ဒီလူတွေကို ဘယ်လိုမျိုးတရားစီရင်တယ်ဆိုတာမျိုး ပြည်သူတွေရှေ့ မှာ တရားစီရင်စေချင်တာပေါ့။ ဒါက လူသတ်မှုဖြစ်တယ်လေနော်။ လက်နက်မဲ့တဲ့ပြည်သူကို သတ်တာဆိုတော့ သူတိုကျေနပ်တဲ့အထိ တရားစီရင်မှု လုပ်ဖို့လိုတယ်လေနော်။ ကျူးလွန်သူ ၆ ယောက်ကို ဘယ်လို ပြစ်ဒဏ်မျိုး ချမလဲ ဘယ်လိုအရေးယူမလဲဆိုတာပဲ အားလုံးက စိတ်ဝင်စားနေကြတယ်။ စောင့်ကြည့်နေတယ်။ ပေါ့ပေါ့တန်တန် အရေးယူတာမျိုးဆိုရင်တော့ ပြောစရာရှိရင် ဆက်ပြောရမှာလေ။”
တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)နှင့် ရှမ်းနီအရပ်ဘက်အဖွဲ့အစည်းများ၊ ရှမ်းနီ လူငယ်များက KIO/KIA ၏ အရေးယူဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို စောင့်ကြည့်သွားမည် ဟုလည်း သိရသည်။
ထို့အပြင် ရှမ်းနီတိုင်းရင်းသားများအပေါ် ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို KIO တာဝန် ရှိသူများ အနေဖြင့် ထိရောက်စွာ တာဝန်ယူဖြေရှင်းပေးရန်နှင့် အစိုးရ၊ တပ်မတော်တို့ ကလည်း ဒေသခံ ပြည် သူများ အေးချမ်းစွာ နေထိုင် လုပ်ကိုင်စားသောက်နိုင်ရေး အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးရန် ရှမ်နီး ပါတီများ၊ ရှမ်းနီလူငယ်အဖွဲ့များက တောင်းဆိုထားကြသည်။
Zawgyi…
ရွမ္းေက်ာင္းသား ႏွစ္ဦးအတြက္ KIO ေလ်ာ္ေၾကးေပး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုနွစ္၊ ဇူလိုင္လ ၂၇ ရက္။
စစ္ကိုင္းတိုင္းေဒသႀကီး၊ ဟုမၼလင္းၿမိဳ႕နယ္ အတြင္းက အသတ္ခံခဲ့ရသည့္ ရွမ္းနီ ေက်ာင္းသားႏွစ္ဦးအတြက္ ကခ်င္လြတ္လပ္ေရး အဖြဲ႕ KIO က တစ္ဦးလ်ွင္ေလ်ာ္ေၾကးေငြ သိန္း ၂၀၀ စီ နစ္နာေၾကးေပးေၾကာင္း သိရသည္။
ဇူလိုင္လ ၂၄ ရက္ေန႔က အသတ္ခံရသူ ႏွစ္ဦး၏ မိဘမ်ား၊ ရပ္မိရပ္ဖမ်ား၊ ဘာသာေရးေခါင္းေဆာင္အခ်ိဳ႕ ႏွင့္ KIO မွ တာဝန္ရိွသူမ်ား ေတြ႔ဆံုၿပီး နစ္နာေၾကး ေပးရန္ သေဘာတူခဲ့ျခင္း ျဖစ္သည္ဟု သြားေရာက္ညွိႏိႈင္း ရာတြင္ ပါဝင္ခဲ့သူ မိသားစုဝင္ တစ္ဦးက ေျပာသည္။
“က်ေနာ္တုိ႔ သြားေဆြးေႏြးၾကတာ။ မိဘေတြရယ္၊ ရပ္မိရပ္ဖေတြလည္းပါတယ္။ ဘာသာေရးဘက္ကလည္း ပါတယ္။ က်ေနာ္တုိ႔ကို သူတို႔ မွားသြားတဲ့အေၾကာင္းလည္း ေျပာတယ္။ ဘာသာေရးေခါင္းေဆာင္ေတြက ၾကားဝင္ၿပီး ေဆြးေႏြးေပးတာေပါ့ဗ်ာေနာ္။ က်ေနာ္တို႔ တစ္ေယာက္ကို သိန္းႏွစ္ရာေပါ့။ ဆိုေတာ့ သိန္းေလး ရာေပါ့။”
အဆုိပါ မိသားစုဝင္ က “သူတို႔ဘက္ကေတာ့ သူတို႔မွားေၾကာင္းဝန္ခံတယ္။ တျခားေတာ့ က်ေနာ္တုိ႔ ဆက္လုပ္ စရာ ဘာမွေတာ့ မရွိ ေတာ့ဘူး။ အစကေတာ့ အေလာင္းယူမယ္ေပါ့။ အခုထိ သူတို႔ အေလာင္းကို ဘယ္မွာ ျမဳပ္ထားလဲ ဘာလဲဆုိတာေတာ့ မသိဘူး။ အခုထိေတာ့ အေလာင္းက မရေသးပါဘူး။ က်ေနာ္တုိ႔လည္း ျပန္ စဥ္းစားေနတယ္ ၾကာလည္း ၾကာေနၿပီ ဆိုေတာ့ ကေလးေတြအေလာင္းက ရုပ္ပ်က္ေနေလာက္ၿပီေနာ္။ အဲ့လို လည္း စဥ္းစားတယ္။ အတင္းႀကီးလည္း ျပန္လည္းမေတာင္းခ်င္ေတာ့ဘူး။ ရုပ္ပ်က္ဆင္းပ်က္ဆိုလည္း ကိုယ္ လည္း မျမင္ရက္ဘူး။ ျမင္မေကာင္းဘူး ေပါ့ေနာ္” ဟု ဆက္ေျပာသည္။
ဟုမၼလင္းၿမိဳ႕နယ္၊ ေ႐ႊတြင္းေက်း႐ြာအုပ္စု၊ ပါဟုတ္ႀကီးေက်း႐ြာေန ေမာင္သန႔္ဇင္ေအာင္ အသက္(၁၈) ႏွစ္ ႏွင့္ ေမာင္ေဇာ္မ်ိဳးဦး အသက္ (၁၇) ႏွစ္တို႔အား ဇူလိုင္လ ၆ ရက္ေန႔က ဖားကန႔္ၿမိဳ႕နယ္၊ ေဟာင္ပါးေက်း႐ြာ အုပ္စု ဆယ္ဇင္းေက်း႐ြာတြင္ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA က ဖမ္းဆီးသြားခဲ့ၿပီးေနာက္ ယခုကဲ့သို အသတ္ခံခဲ့ရျခင္းျဖစ္သည္။
အဆိုပါ ရွမ္းနီေက်ာင္းသား ႏွစ္ဦး အသတ္ခံရသည့္ကိစၥ ႏွင့္ ပတ္သက္၍ KIO အေနျဖင့္ က်ဴးလြန္သူမ်ားအား ထိေရာက္စြာ အေရးယူေပးရန္ႏွင့္ ပြင့္လင္းျမင္သာစြာ ခ်ျပရန္ ရွမ္းနီပါတီမ်ား၊ ရွမ္းနီလူငယ္ အဖြဲ႕အစည္းမ်ားက ေတာင္းဆိုခဲ့ၾကသည္။
တိုင္းလိုင္(ရွမ္းနီ) အမ်ိဳးသားမ်ား ဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ (TNDP) ဥကၠ႒ ဦးေဌးေအာင္ က “က်ေနာ့္အျမင္ က ေတာ့ လက္နက္ကုိင္တယ္ဆိုတာ တပ္မေတာ္ပဲကိုင္ကိုင္၊ KIA က ပဲ ေတာ္လွန္ေရးပဲလုပ္လုပ္ ျပည္သူလူထုကို ကာကြယ္ဖုိ႔ျဖစ္ပါတယ္။ အခုက က်ေနာ္တို႔ကို သူတို႔ကသတ္လိုက္၊ က်ေနာ္တုိ႔က ေသလိုက္ ရွမ္းနီေတာ္ေတာ္ မ်ားမ်ား အသက္ေပးခဲ့ၾကရၿပီးၿပီ။ အခုေတာ့ သူတို႔အေနနဲ႔ လူမႈစာနာမႈေလးေတြ ေပးတာကိုေတာ့ က်ေနာ္တို႔က လက္ခံ ရမွာေပါ့” ဟု ေျပာသည္။
သို႔ေသာ္လည္း ယခုကဲ့သို႔ လူသတ္မႈ က်ဴးလြန္ခဲ့သူမ်ားအား KIO အေနျဖင့္ ထိေရာက္စြာ အေရးယူေပးရန္ႏွင့္ အသတ္ခံခဲ့ရသူတို႔၏ မိဘမ်ား၊ ျပည္သူမ်ား၏ ေရွ႕တြင္ အမွန္တကယ္ အေရးယူေပးရန္ လိုအပ္သည္ဟု ဦးေဌးေအာင္ က ဆက္ေျပာသည္။
“ေနာက္ၿပီး သူတို႔ ေခါင္းေဆာင္ပိုင္းေတြအေနနဲ႔ အဖြဲ႕အစည္းဆုိတာက အထက္နဲ႔ေအာက္က အမိန္႔နာခံမႈ ရွိရ မွာေပါ့ေနာ္။ ေနာက္ထပ္ဒါမ်ိဳးေတြ ေနာင္ကို မျဖစ္ဖုိ႔အတြက္ ေအာက္ေျခအဆင့္ဆင့္ကို ညႊန္ၾကားဖို႔လိုပါတယ္။ အခုျဖစ္သြားတဲ့ ၆ ေယာက္အေပၚလည္း ပြင့္လင္းျမင္သာစြာ တရားစီရင္ဖုိ႔လိုတယ္။ ငါတို႔အေနနဲ႔ လက္နက္မဲ့တဲ့ ျပည္သူေတြကို ဒီလိုလုပ္လိုက္တဲ့အတြက္ ဒီလူေတြကို ဘယ္လိုမ်ိဳးတရားစီရင္တယ္ဆိုတာမ်ိဳး ျပည္သူေတြေရွ႕ မွာ တရားစီရင္ေစခ်င္တာေပါ့။ ဒါက လူသတ္မႈျဖစ္တယ္ေလေနာ္။ လက္နက္မဲ့တဲ့ျပည္သူကို သတ္တာဆုိေတာ့ သူတိုေက်နပ္တဲ့အထိ တရားစီရင္မႈ လုပ္ဖုိ႔လိုတယ္ေလေနာ္။ က်ဴးလြန္သူ ၆ ေယာက္ကို ဘယ္လို ျပစ္ဒဏ္မ်ိဳး ခ်မလဲ ဘယ္လိုအေရးယူမလဲဆုိတာပဲ အားလံုးက စိတ္ဝင္စားေနၾကတယ္။ ေစာင့္ၾကည့္ေနတယ္။ ေပါ့ေပ့ါ တန္ တန္ အေရးယူတာမ်ိဳးဆိုရင္ေတာ့ ေျပာစရာရွိရင္ ဆက္ေျပာရမွာေလ။”
တိုင္းလိုင္(ရွမ္းနီ) အမ်ိဳးသားမ်ား ဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ (TNDP)ႏွင့္ ရွမ္းနီအရပ္ဘက္အဖြဲ႕အစည္းမ်ား၊ ရွမ္းနီ လူငယ္မ်ားက KIO/KIA ၏ အေရးယူေဆာင္ရြက္သြားမည့္ လုပ္ငန္းစဥ္မ်ားကို ေစာင့္ၾကည့္သြားမည္ ဟုလည္း သိရသည္။
ထုိ႔အျပင္ ရွမ္းနီတိုင္းရင္းသားမ်ားအေပၚ က်ဴးလြန္ေနသည့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို KIO တာဝန္ ရွိသူမ်ား အေနျဖင့္ ထိေရာက္စြာ တာဝန္ယူေျဖရွင္းေပးရန္ႏွင့္ အစိုးရ၊ တပ္မေတာ္တို႔ ကလည္း ေဒသခံ ျပည္ သူမ်ား ေအးခ်မ္းစြာ ေနထိုင္ လုပ္ကိုင္စားေသာက္ႏိုင္ေရး အျပည့္အဝ ကာကြယ္ေစာင့္ေရွာက္ေပးရန္ ရွမ္နီး ပါတီမ်ား၊ ရွမ္းနီလူငယ္အဖြဲ႕မ်ားက ေတာင္းဆိုထားၾကသည္။