ရေးချောင်းဖျားဒေသတွင် မှတ်ပုံတင်မရှိသူ ၂၀၀၀ ကျော်ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်။

မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တည်ရှိသည့် ရေးချောင်းဖျားဒေသတွင် မှတ်ပုံတင် မရှိသေးသည့် ဒေသခံပြည်သူ ၂၀၀၀ ကျော် ရှိသည် ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

အဆိုပါ ဒေသခံ ၂၀၀၀ ကျော်တွင် မှတ်ပုံတင် ပျောက်သွားသူ၊ ပျက်စီးသွားသူနှင့် အသက် ၁၈ နှစ်ပြည့်ပြီး မလုပ်ရသေးသူတို့ ပါဝင်သည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီအနေနှင့် ၎င်းတို့ ထိန်းချုပ်မှုအောက်ရှိ ဒေသခံပြည်သူများ မှတ်ပုံတင်ရရှိနိုင်ရေး အတွက် ရေးမြို့ နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ညှိ နှိုင်း ဆွေးနွေးထားပြီး ကွင်းဆင်းပြုလုပ်ပေးရန် သဘောတူထားသည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံက ပြောသည်။

မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဗညားလယ် က “အဓိကကတော့ ဗဟိုဌာနချုပ်ဒေသ တဝိုက် မှာပဲ ဝင်ထွက်သွားလာခွင့် အပြည့်အဝဖွင့်မပေးထားတော့ (မှတ်ပုံတင်) ဝင်လုပ်မယ်ဆိုရင် ကျနော်တို့နဲ့ ညှိနှိုင်း ရမယ်၊ ခွင့်တောင်းရမယ် အခုက ညှိနှိုင်းထားတဲ့အတိုင်းပဲ ကျနော်တို့ဒေသမှာ ဝင်လုပ်ပေးဖို့ ကျနော်တို့လည်း သဘောတူတယ် အကောင်အထည်ဖော်ဖို့ပဲ ကျန်တော့တယ် ရွေးကောက်ပွဲမတိုင်ခင်တော့ လုပ်ဖြစ်မယ်” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီထိန်းချုပ်မှုအောက်ရှိ သထုံခရိုင် မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်နှင့် ဘုရားသုံးဒေသမှာတော့ မှတ်ပုံတင်ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး အခက်အခဲမရှိဘူးလို့လည်း ၎င်း က ဆက်ပြောသည်။

ရေးမြို့ နယ်အတွင်းတွင် မှတ်ပုံတင်မရှိသည့် မဲပေးနိုင်သူ ၅ သောင်းကျော်ရှိနေပြီး ရွေးကောက်ပွဲအမီ မဲဆန္ဒရှင် များစာရင်းတွင် ထည့်သွင်းနိုင်အောင် မှတ်ပုံတင်ပြုလုပ်ပေးသွားမည်ဟုလည်း ရေးမြို့ နယ် လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနက ပြောထားသည်။

မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်ဝန်းကျင် ရေးချောင်းဖျားဒေသက ပြည်သူများ မှတ်ပုံတင်ရရှိနိုင်ရေးအပြင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင်လည်း မဲပေးနိုင်ရန်အတွက် မွန်ပြည်သစ်ပါတီ၊ မွန်ညီ ညွတ်ရေးပါတီနှင့် မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းတို့က ကြိုးစားဆောင်ရွက်လျက်ရှိသည်။

Zawgyi…

ေရးေခ်ာင္းဖ်ားေဒသတြင္ မွတ္ပံုတင္မရွိသူ ၂၀၀၀ ေက်ာ္ရွိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဇူလိုင္လ ၂၇ ရက္။

မြန္ျပည္သစ္ပါတီ ဗဟိုဌာနခ်ဳပ္တည္ရွိသည့္ ေရးေခ်ာင္းဖ်ားေဒသတြင္ မွတ္ပံုတင္ မရွိေသးသည့္ ေဒသခံျပည္သူ ၂၀၀၀ ေက်ာ္ ရွိသည္ ဟု မြန္ျပည္သစ္ပါတီ ျပည္တြင္းေရးရာတာဝန္ခံ ႏိုင္ဗညားလယ္က ေျပာသည္။

အဆိုပါ ေဒသခံ ၂၀၀၀ ေက်ာ္တြင္ မွတ္ပံုတင္ ေပ်ာက္သြားသူ၊ ပ်က္စီးသြားသူႏွင့္ အသက္ ၁၈ ႏွစ္ျပည့္ၿပီး မလုပ္ရေသးသူတို႔ ပါဝင္သည္ဟု သိရသည္။

မြန္ျပည္သစ္ပါတီအေနႏွင့္ ၎တို႔ ထိန္းခ်ဳပ္မႈေအာက္ရွိ ေဒသခံျပည္သူမ်ား မွတ္ပံုတင္ရရွိႏိုင္ေရး အတြက္ ေရးၿမိဳ႕ နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ အမ်ဳိးသားမွတ္ပံုတင္ေရးဦးစီးဌာနႏွင့္ မြန္ျပည္နယ္အစိုးရအဖြဲ႔တို႔ႏွင့္ ၫွိ ႏႈိင္း ေဆြးေႏြးထားၿပီး ကြင္းဆင္းျပဳလုပ္ေပးရန္ သေဘာတူထားသည္ဟု မြန္ျပည္သစ္ပါတီ ျပည္တြင္းေရးရာ တာဝန္ခံက ေျပာသည္။

မြန္ျပည္သစ္ပါတီ ျပည္တြင္းေရးရာ တာဝန္ခံ ႏုိင္ဗညားလယ္ က “အဓိကကေတာ့ ဗဟိုဌာနခ်ဳပ္ေဒသ တဝိုက္ မွာပဲ ဝင္ထြက္သြားလာခြင့္ အျပည့္အဝဖြင့္မေပးထားေတာ့ (မွတ္ပံုတင္) ဝင္လုပ္မယ္ဆိုရင္ က်ေနာ္တို႔နဲ႔ ၫွိႏႈိင္း ရမယ္၊ ခြင့္ေတာင္းရမယ္ အခုက ၫွိႏႈိင္းထားတဲ့အတိုင္းပဲ က်ေနာ္တို႔ေဒသမွာ ဝင္လုပ္ေပးဖို႔ က်ေနာ္တို႔လည္း သေဘာတူတယ္ အေကာင္အထည္ေဖာ္ဖို႔ပဲ က်န္ေတာ့တယ္ ေရြးေကာက္ပြဲမတိုင္ခင္ေတာ့ လုပ္ျဖစ္မယ္” ဟု ေျပာသည္။

မြန္ျပည္သစ္ပါတီထိန္းခ်ဳပ္မႈေအာက္ရွိ သထံုခ႐ုိင္ ေမာ္လၿမိဳင္ခ႐ုိင္၊ ထားဝယ္ခ႐ုိင္ႏွင့္ ဘုရားသံုးေဒသမွာေတာ့ မွတ္ပံုတင္ျပဳလုပ္ျခင္းႏွင့္ ပတ္သက္ၿပီး အခက္အခဲမရွိဘူးလို႔လည္း ၎ က ဆက္ေျပာသည္။

ေရးၿမိဳ႕ နယ္အတြင္းတြင္ မွတ္ပံုတင္မရွိသည့္ မဲေပးႏိုင္သူ ၅ ေသာင္းေက်ာ္ရွိေနၿပီး ေရြးေကာက္ပြဲအမီ မဲဆႏၵရွင္ မ်ားစာရင္းတြင္ ထည့္သြင္းႏိုင္ေအာင္ မွတ္ပံုတင္ျပဳလုပ္ေပးသြားမည္ဟုလည္း ေရးၿမိဳ႕ နယ္ လူဝင္မႈႀကီးၾကပ္ ေရးႏွင့္ အမ်ဳိးသားမွတ္ပံုတင္ဦးစီးဌာနက ေျပာထားသည္။

မြန္ျပည္သစ္ပါတီဗဟိုဌာနခ်ဳပ္ဝန္းက်င္ ေရးေခ်ာင္းဖ်ားေဒသက ျပည္သူမ်ား မွတ္ပံုတင္ရရွိႏိုင္ေရးအျပင္ ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာလတြင္ က်င္းပမည့္ ေရြးေကာက္ပြဲတြင္လည္း မဲေပးႏိုင္ရန္အတြက္ မြန္ျပည္သစ္ပါတီ၊ မြန္ညီ ညြတ္ေရးပါတီႏွင့္ မြန္အရပ္ဖက္လူမႈအဖြဲ႔အစည္းတို႔က ၾကိဳးစားေဆာင္ရြက္လ်က္ရွိသည္။