လီဆူ (ဒူးလေး) ပါတီက ကချင်၊ ရှမ်းနှင့် မန္တလေးတို့တွင် ယှဉ်ပြိုင်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်။

လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) သည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မန္တလေး တိုင်း ဒေသကြီးတို့တွင် ရွေးကောက်ပွဲဝင်မည်ဖြစ်ပြီး ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စား လှယ်လောင်း အမည်စာရင်များကို ထုတ်ပြန်လိုက်သည်။

၂၀၂၀ ပြည်နှစ် နိုင်ဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ပထမအကြိမ်အနေဖြင့် ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။

လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်း က “ကျနော်တို့က ပထမအကြိမ် အတည်ပြုတာက ၂၃ ယောက်၊ ဒုတိယအကြိမ်ထပ်မံအတည်ပြုဖို့ရှိပါတယ်။ ကချင်ပြည်နယ်မှာတော့ ၁၇ နေရာ၊ ရှမ်းပြည်မှာ ၂ နေရာ၊ မန္တလေးတိုင်း မိုးကုတ်မှာ ၄ နေရာ၊ အခုက လီဆူတိုင်းရင်းသားရေးရာ က နှစ်နေရာ ယှဉ်ပြိုင်မယ်။ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ပေါ့နော်။ နှစ်နေရာလုံးမှာ ဒူးလေးပါတီဝင်အနေနဲ့ ဝင်ပြိုင်မယ်။ နောက်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် အသီးသီးကို ဝင် ရောက်ယှဉ်ပြိုင်မယ်” ဟု ပြောသည်။

ပြည်နယ် ၂ ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုတို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဒေသအလိုက် လီဆူတိုင်းရင်းသားလူမျိုးရေးရာ၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် နှင့် ပြည်နယ်လွှတ်တော်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ဦးရွှေမင်း က ပြောသည်။

“ကချင်ပြည်နယ်မှာတော့ လီဆူတိုင်းရင်းသားလူမျိုးရေးရာပေါ့ အဲ့ဒါပြိုင်မယ်။ နှစ်က ပူတာအိုမှာ လေးနေရာ လုံးယှဉ်ပြိုင်မယ်။ ခေါင်လန်ဖူးမှာ သုံးနေရာယှဉ်ပြိုင်မယ်။ ဆော့လော်မှာ နှစ်နေရာယှဉ်ပြိုင်ဖို့ အစီအစဉ်ရှိတယ်။ ချီဖွေမှာ သုံးနေရာလုံးယှဉ်ပြိုင်သွားမယ်။ သို့သော် လတ်တလောမှာတေ့ နှစ်နေရာ ထုတ်ပြန်ထားတယ်။ ဒုတိ ယအကြိမ်မှာ ထပ်ထုတ်ပြန်မယ်။ ဝိုင်းမော်မှာ ပြည်သူ့လွှတ်ပြန်သေးတယ်။ သုံးနေရာကျန်တယ်။ တနိုင်းမှာ လေးနေရာရှိတယ်။ လက်ရှိမှာ သုံးနေရာကို အမျိုးသားရယ်၊ ပြည်နယ် (၂) ရယ်၊ ပြည်သူ့ရယ်ကို အတည်ပြု ပြီးပြီ၊ ပြည်နယ်(၁) ကျန်သေးတယ်။ အဲ့ဒါကို ထပ်မံပြီးတော့ အတည်ပြုသွားဖို့ရှိတယ်။”

လီဆူတိုင်းရင်းသားများသည် ကချင်ပြည်နယ် ပူတာအို၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်ဒေသတို့တွင် အများဆုံးနေထိုင်ကြပြီး၊ မန္တလေးတိုင်း မိုးကုတ်တွင် ဒုတိယအများဆုံးနှင့် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကယားပြည်နယ်တို့တွင် နေထိုင်ကြသည် ဟု သိရသည်။

“ရှမ်းပြည်နယ်က မိုးမိတ် ပြည်နယ် အမှတ်(၁) မှာ ပြိုင်မယ်။ ပြီးရင် လီဆူတိုင်းရင်းသား လူမျိုးရေးရာ မဲဆန္ဒ နယ်မှာပြိုင်မယ်။ မန္တလေးတိုင်းကျတော့ မိုးကုတ်မှာ လေးနေရာပြိုင်မယ်။ အမျိုးသားကျတော့ မိုးကုတ်ရယ်၊ စဉ်းကူးရယ်၊ သပိတ်ကျင်းဖြစ်မယ်။ အဲ့နေရာမှာလည်း အမျိုးသမီးပါတယ်။ ဒေါက်တာခင်စောနွဲ့ပေါ့။ သမိုင်း ပါမောက္ခပေါ့၊ နောက် ကျနော်တို့ မိုးကုတ်မှာ ပြည်သူ့လွှတ်တော်က ဒေါ်ခင်မာဦး အမျိုးသမီးပေါ့” ဟု ဦးရွှေမင်း က ပြောသည်။

ပါတီအတွင်း လူငယ်ပါဝင်လာမှုမှာ ၂၀၂၀ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းကျော်ပြီဖြစ်သော်လည်း အမျိုးသမီး ပါဝင်လာမှု အားနည်းနေသေးသည်ဟု လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ က ဆက်ပြောသည်။

“လူငယ်က ၅၀ ရာခိုင်နှုန်းကျော်မယ့်အနေအထားရှိတယ်။ ၃၅ အောက်ဆိုရင် ၅၀ ရာခိုင်နှုန်းရှိနေတယ်။ အမျိုးသမီးအနေနဲ့ကတော့ ၂ ဦးပေါ့ဗျာ။ ၂၃ ဦးမှာ ၂ ဦးဆိုတော့ ၁၀ ရာခိုင်နှုန်းပဲရှိအုံးမယ်ဗျ။ အမျိုးသမီး ရာခိုင်နှုန်းအားဖြည့်ဖို့တော့ ကြိုးပမ်းနေတာရှိတယ်ဗျ။”

လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် စိန်ခေါ်မှုမှာ အခြားသော ပါတီများနည်းတူ COVID-19 ကာလ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွင် ကြုံရမည့် အခက်အခဲများ ဖြစ်သည်ဟု ဆိုသည့်။

ထို့အပြင် ၎င်းတို့ပါတီမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြည့် ဝိုင်းမော်မြို့ နယ်၊ ချီဖွေ နှင့် ဆော့ လော် ဒေသအတွင်းရှိ ကျေးရွာအချို့ တွင် နယ်မြေလုံခြုံရေးအရ မဲဆန္ဒရှင်စာရင်း ကောက်ခံနိုင်ခြင်း မရှိသည့် အပေါ် မဲဆုံးရှုံးမှုများ ရှိနိုင်သည်ဟု ဦးရွှေမင်းက ပြောသည်။

လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) သည် ၂၀၁၅ ခုနှစ် နိုဝင်လာလ (၈) ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတုန်းက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး တို့အပြင် ကယားပြည်နယ်တွင်လည်း ရွေးကောက်ပွဲ ဝင်ခဲ့ သည်။

သို့သော်လည်း ယခုနှစ်တွင် ပါတီလူအင်အားနှင့် ဒေသအတွင်းက လီဆူတိုင်းရင်းသားလူဦးရေကြောင့် ကယား ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရန် အခက်အခဲရှိနေသည်ဟု ဆိုသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လီဆူတိုင်းရင်းသားဦးရေ ငါးသိန်းကျော်ရှိသည်ဟု လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းက ပြောသည်။

Zawgyi…

လီဆူ (ဒူးေလး) ပါတီက ကခ်င္၊ ရွမ္းႏွင့္ မႏၱေလးတို႔တြင္ ယွဥ္ၿပိဳင္မည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဇူလိုင္လ ၂၇ ရက္။

လီဆူအမိ်ဳးသား ဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ (ဒူးေလးပါတီ) သည္ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ႏွင့္ မႏၱေလး တုိင္း ေဒသႀကီးတို႔တြင္ ေရြးေကာက္ပြဲဝင္မည္ျဖစ္ၿပီး ပါတီကိုယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ ကိုယ္စား လွယ္ေလာင္း အမည္စာရင္မ်ားကို ထုတ္ျပန္လိုက္သည္။

၂၀၂၀ ျပည္ႏွစ္ ႏုိင္ဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ အေထြေထြေရြးေကာက္ပြဲတြင္ ပါတီကိုယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ ကိုယ္စားလွယ္ေလာင္း အမည္စာရင္းကို ပထမအႀကိမ္အေနျဖင့္ ဇူလိုင္လ ၂၅ ရက္ေန႔က ထုတ္ျပန္လုိက္သည္။

လီဆူအမ်ိဳးသား ဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ (ဒူးေလးပါတီ) ဥကၠ႒ ဦးေရႊမင္း က “က်ေနာ္တုိ႔က ပထမအႀကိမ္ အတည္ျပဳတာက ၂၃ ေယာက္၊ ဒုတိယအႀကိမ္ထပ္မံအတည္ျပဳဖုိ႔ရွိပါတယ္။ ကခ်င္ျပည္နယ္မွာေတာ့ ၁၇ ေနရာ၊ ရွမ္းျပည္မွာ ၂ ေနရာ၊ မႏၱေလးတုိင္း မိုးကုတ္မွာ ၄ ေနရာ၊ အခုက လီဆူတုိင္းရင္းသားေရးရာ က ႏွစ္ေနရာ ယွဥ္ၿပိဳင္မယ္။ ရွမ္းျပည္နယ္နဲ႔ ကခ်င္ျပည္နယ္ေပါ့ေနာ္။ ႏွစ္ေနရာလံုးမွာ ဒူးေလးပါတီဝင္အေနနဲ႔ ဝင္ၿပိဳင္မယ္။ ေနာက္ၿပီး ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ ျပည္နယ္လႊတ္ေတာ္ အသီးသီးကို ဝင္ ေရာက္ယွဥ္ၿပိဳင္မယ္” ဟု ေျပာသည္။

ျပည္နယ္ ၂ ျပည္နယ္နွင့္ တုိင္းေဒသႀကီး တစ္ခုတို႔တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ၿပီး ေဒသအလိုက္ လီဆူတုိင္းရင္းသားလူမ်ိဳးေရးရာ၊ အမ်ိဳးသားလြႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္ ႏွင့္ ျပည္နယ္လႊတ္ေတာ္တို႔တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ဟု ဦးေရႊမင္း က ေျပာသည္။

“ကခ်င္ျပည္နယ္မွာေတာ့ လီဆူတုိင္းရင္းသားလူမ်ိဳးေရးရာေပါ့ အဲ့ဒါၿပိဳင္မယ္။ ႏွစ္က ပူတာအိုမွာ ေလးေနရာ လံုးယွဥ္ၿပိဳင္မယ္။ ေခါင္လန္ဖူးမွာ သံုးေနရာယွဥ္ၿပိဳင္မယ္။ ေဆာ့ေလာ္မွာ ႏွစ္ေနရာယွဥ္ၿပိဳင္ဖုိ႔ အစီအစဥ္ရွိတယ္။ ခ်ီေဖြမွာ သံုးေနရာလံုးယွဥ္ၿပိဳင္သြားမယ္။ သို႔ေသာ္ လတ္တေလာမွာေတ့ ႏွစ္ေနရာ ထုတ္ျပန္ထားတယ္။ ဒုတိ ယအႀကိမ္မွာ ထပ္ထုတ္ျပန္မယ္။ ဝိုင္းေမာ္မွာ ျပည္သူ႔လႊတ္ျပန္ေသးတယ္။ သံုးေနရာက်န္တယ္။ တႏိုင္းမွာ ေလးေနရာရွိတယ္။ လက္ရွိမွာ သံုးေနရာကို အမ်ိဳးသားရယ္၊ ျပည္နယ္ (၂) ရယ္၊ ျပည္သူ႔ရယ္ကို အတည္ျပဳ ၿပီးၿပီ၊ ျပည္နယ္(၁) က်န္ေသးတယ္။ အဲ့ဒါကို ထပ္မံၿပီးေတာ့ အတည္ျပဳသြားဖို႔ရွိတယ္။”

လီဆူတိုင္းရင္းသားမ်ားသည္ ကခ်င္ျပည္နယ္ ပူတာအို၊ ျမစ္ႀကီးနား၊ ဝိုင္းေမာ္၊ ခ်ီေဖြ၊ ေဆာ့ေလာ္ေဒသတို႔တြင္ အမ်ားဆုံးေနထိုင္ၾကၿပီး၊ မႏၲေလးတိုင္း မိုးကုတ္တြင္ ဒုတိယအမ်ားဆုံးႏွင့္ ရွမ္းျပည္နယ္၊ စစ္ကိုင္းတိုင္းႏွင့္ ကယားျပည္နယ္တို႔တြင္ ေနထိုင္ၾကသည္ ဟု သိရသည္။

“ရွမ္းျပည္နယ္က မိုးမိတ္ ျပည္နယ္ အမွတ္(၁) မွာ ၿပိဳင္မယ္။ ၿပီးရင္ လီဆူတုိင္းရင္းသား လူမ်ိဳးေရးရာ မဲဆႏၵ နယ္မွာၿပိဳင္မယ္။ မႏၱေလးတိုင္းက်ေတာ့ မိုးကုတ္မွာ ေလးေနရာၿပိဳင္မယ္။ အမ်ိဳးသားက်ေတာ့ မိုးကုတ္ရယ္၊ စဥ္းကူးရယ္၊ သပိတ္က်င္းျဖစ္မယ္။ အဲ့ေနရာမွာလည္း အမ်ိဳးသမီးပါတယ္။ ေဒါက္တာခင္ေစာႏ႔ြဲေပါ့။ သမိုင္း ပါေမာကၡေပါ့၊ ေနာက္ က်ေနာ္တုိ႔ မိုးကုတ္မွာ ျပည္သူ႔လႊတ္ေတာ္က ေဒၚခင္မာဦး အမိ်ဳးသမီးေပါ့” ဟု ဦးေရႊမင္း က ေျပာသည္။

ပါတီအတြင္း လူငယ္ပါဝင္လာမႈမွာ ၂၀၂၀ ခုႏွစ္တြင္ ၅၀ ရာခိုင္ႏႈန္းေက်ာ္ၿပီျဖစ္ေသာ္လည္း အမ်ိဳးသမီး ပါဝင္လာမႈ အားနည္းေနေသးသည္ဟု လီဆူအမိ်ဳးသား ဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ (ဒူးေလးပါတီ) ဥကၠ႒ က ဆက္ေျပာသည္။

“လူငယ္က ၅၀ ရာခိုင္ႏႈန္းေက်ာ္မယ့္အေနအထားရွိတယ္။ ၃၅ ေအာက္ဆုိရင္ ၅၀ ရာခိုင္ႏႈန္းရွိေနတယ္။ အမ်ိဳးသမီးအေနနဲ႔ကေတာ့ ၂ ဦးေပါ့ဗ်ာ။ ၂၃ ဦးမွာ ၂ ဦးဆိုေတာ့ ၁၀ ရာခိုင္ႏႈန္းပဲရွိအံုးမယ္ဗ်။ အမ်ိဳးသမီး ရာခိုင္ႏႈန္းအားျဖည့္ဖုိ႔ေတာ့ ႀကိဳးပမ္းေနတာရွိတယ္ဗ်။”

လီဆူအမိ်ဳးသား ဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ (ဒူးေလးပါတီ) အေနျဖင့္ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ စိန္ေခၚမႈမွာ အျခားေသာ ပါတီမ်ားနည္းတူ COVID-19 ကာလ မဲဆြယ္စည္းရံုးေရးလုပ္ငန္းတြင္ ႀကံဳရမည့္ အခက္အခဲမ်ား ျဖစ္သည္ဟု ဆိုသည့္။

ထို႔အျပင္ ၎တို႔ပါတီမွ ကိုယ္စားလွယ္ေလာင္းမ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ၾကည့္ ဝိုင္းေမာ္ၿမိဳ႕ နယ္၊ ခ်ီေဖြ ႏွင့္ ေဆာ့ ေလာ္ ေဒသအတြင္းရွိ ေက်းရြာအခ်ိဳ႕ တြင္ နယ္ေျမလံုၿခံဳေရးအရ မဲဆႏၵရွင္စာရင္း ေကာက္ခံႏိုင္ျခင္း မရွိသည့္ အေပၚ မဲဆံုးရံႈးမႈမ်ား ရွိႏိုင္သည္ဟု ဦးေရႊမင္းက ေျပာသည္။

လီဆူအမိ်ဳးသား ဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ (ဒူးေလးပါတီ) သည္ ၂၀၁၅ ခုႏွစ္ ႏိုဝင္လာလ (၈) ရက္ေန႔က က်င္းပခဲ့သည့္ အေထြေထြေရြးေကာက္ပြဲတုန္းက ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ႏွင့္ မႏၱေလးတိုင္းေဒသႀကီး တို႔အျပင္ ကယားျပည္နယ္တြင္လည္း ေရြးေကာက္ပြဲ ဝင္ခဲ့ သည္။

သို႔ေသာ္လည္း ယခုႏွစ္တြင္ ပါတီလူအင္အားႏွင့္ ေဒသအတြင္းက လီဆူတိုင္းရင္းသားလူဦးေရေၾကာင့္ ကယား ျပည္နယ္အတြင္း ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ အခက္အခဲရွိေနသည္ဟု ဆိုသည္။

တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ လီဆူတိုင္းရင္းသားဦးေရ ငါးသိန္းေက်ာ္ရွိသည္ဟု လီဆူအမိ်ဳးသား ဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ (ဒူးေလးပါတီ) ဥကၠ႒ ဦးေရႊမင္းက ေျပာသည္။