မြောက်ပိုင်းမဟာမိတ်များအား ၂၁ ရာစုပင်လုံညီလာခံသို့ ဖိတ်ကြားခြင်း မရှိသေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။
KIO အပါအဝင် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များကို ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ရန် အစိုးရ ဖက်မှ တစ်စုံတစ်ရာ ဖိတ်ကြားလာခြင်း မရှိသေးဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ PCG က ပြော သည်။
ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦးလမိုင်ဂွမ်ဂျာက “အခုအချိန်အထိတော့ ဘာမှလည်း အစိုးရကနေပြီးတော့မှ ဖိတ်ခေါ်တာတို့ ပြောတာဆိုတာတို့ ဘာမှ တစ်စုံတစ်ခု ဘာမှ မရှိသေးဘူးခင်ဗျား” ဟုပြောသည်။
ကချင်လွတ်လပ်ရေး အဖွဲ့ KIO မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကလည်း “အဲဒီ ပင်လုံညီလာခံနဲ့ ပတ်သက်လို့တော့ အခုအချိန်အထိကတော့ ကျနော်တို့ KIO ဆီမှာ ဖိတ်ကြားတဲ့ စာက တော့ မရသေးဘူးခင်ဗျာ။ အဲဒါတစ်ချက်နော်။ ဒုတိယအချက်ကတော့ ဖိတ်ကြားတဲ့ စာတွေရ ရှိလို့ ရှိရင် ကျနော်တို့ ဗဟိုကော်မတီကတော့ လေးလေးနက်နက် ပြန်ပြီးမှ ဆွေးနွေးပြီးမှပဲ ကျနော်တို့က ဆုံးဖြတ်ရ မှာ ဖြစ်ပါတယ်။အခုလောလောဆယ်ကတော့ မရသေးလို့ ဘာမှပြောလို့ မရသေးဘူးခင်ဗျာ” ဟု ပြော သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့ က ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ULA/AA၊ PSLF/TNLA၊ MNTJP/ MNDAA တို့က ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်မည်ဟု သဘာထား ထုတ်ပြန်ထားသည်။
၎င်းတို့အနေဖြင့် ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ညှိနှိုင်းရေးကော်မတီ FPNCC ၏ ဦးဆောင်မှု လမ်းညွှန်မှု နှင့်အတူ လုံခြုံရေး အာမခံချက် ရှိမည်ဆိုပါက ၂၁ ရာစု ပင်လုံညီလာခံ ကို တက်ရောက်မည်ဟု ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ၏ ဇူလိုင်လ ၂၅ ရက်နေ့က ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က “ထုတ်ပြန်ကြေညာချက် ကျနော်တို့တွေ့ တယ်။ တက်ခြင်း မတက်ခြင်း၊ တွေ့ ခြင်း မတွေ့ ခြင်း၊ ခွင့်ပြုခြင်း မပြုခြင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဦးဆောင်လုပ်နေတဲ့ NRPC ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်လိမ့်မယ်။ ကျိုင်းတုံလိုနေရာမှာ တွေ့ခဲ့တာ ကျနော်တို့ တပ်မတော်ကလည်း လုံခြုံရေးအရတော့ ပြည်တွင်းထဲမှာတော့ လုံခြုံရေးက အာမခံပြီးသားဖြစ်တယ်။ လုံခြုံရေး အရကတော့ အခုနက ပြောတဲ့ဟာနဲ့မဆိုင်ပါဘူး။ ခွင့်ပြု ခြင်း မပြုခြင်း တက်ခြင်းမတက်ခြင်း ဒါတွေကတော့ ဦးဆောင်ပြီးလုပ်နေတဲ့ အဖွဲ့က ဆုံးဖြတ်ပါလိမ့်မယ်။ လုံခြုံရေးအရကတော့ ကျနော်တို့ က တော့ ပြည်တွင်းထဲမှာလုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ EAOs တွေ အခုရန်ကုန်မှာလည်း တွေ့နေတာ ပဲ။ ဒါနဲ့ပတ်သက်ပြီး လုံခြုံရေးအရကတော့ အာမခံချက်ရှိပြီး ဖြစ်တယ်လို့ ပဲ ပြောချင်ပါတယ်” ဟု ပြော သည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အတိုင်း ကချင်လွတ်လပ်ရေး အဖွဲ့ KIO အနေဖြင့်လည်း အစိုးရ ဖက်မှ ဖိတ်ကြားလာမည်ဆိုပါက FPNCC ၏ လမ်းညွှန်မှုအောက်တွင် တက်ရောက်သွားမည်ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။
“ကျနော်တို့က တက်ရင်တော့ FPNCC ပေါ့နော ကျနော်တို့ မြောက်ပိုင်း မဟာမိတ်တွေ အားလုံး အဲဒီလမ်း ကြောင်းနဲ့ပဲ ကျနော်တို့က တက်မှာ ဖြစ်ပါတယ်။ FPNCC ရဲ့ သဘောထားကိုပဲ ကျနော်တို့က တင်ပြရမှာ ဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်နဲ့ပဲ ကျနော်တို့က သွားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ အခုထက်ထိ ကတော့ အဲလောက်ပဲ ကျနော်တို့ ပြောလို့ရပါတယ်။”
အစိုးရဖက်မှ FPNCC အနေဖြင့် မဟုတ်ပဲ တစ်ဖွဲ့ချင်းစီအလိုက် ဖိတ်ကြားမည်ဆိုပါကလည်း FPNCC အဖွဲ့ဝင် အဖွဲ့အစည်းများကြားတွင် တိုင်ပင်ဆွေးနွေး ညှိနှိုင်းသွားမည်ဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
၂၁ ရာစုပင်လုံညီလာခံကို လာမည့် သြဂုတ်လ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ် သွားရန်ရှိပြီး ယခုကျင်းပမည့် ညီလာခံကို COVI D- 19 ရောဂါ ကန့်သတ်ချက်ကြောင့် လူဦးရေလျော့ကာ ကျင်းပသွားရန် ရှိသည်ဟု သိရသည်။
တစ်ဖက်တွင်လည်း အစိုးရ၊ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပါဝင်သည့် မြောက်ပိုင်း မဟာ မိတ် အဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေးပွဲများမှာ COIVD- 19 ရောဂါကြောင့် ရပ်တန့်နေသည်။
ဆွေးနွေးပွဲများ ရပ်တန့်နေသည့်အတွက် တပ်မတော်က အပစ်ရပ်စဲထားခြင်း မရှိပဲ အကြမ်းဖက်ဒေသ ဟုသတ်မှတ် ထားသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဖက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သိရ သည်။
PCG မှ ဦးလမိုင်ဂွမ်ဂျာက “လက်ရှိရခိုင်ကလည်း ဒီမြောက်ပိုင်း ၄ ဖွဲ့မှာ ပါတာအတွက်ကြောင့်မို့လို့လေ သူ တို့နဲ့ တွေ့ဆုံညှိနှိုင်းပြီးမှ အကောင်းဆုံး အဖြေရနိုင်ဖို့အတွက်ကတော့ ဘာပဲဖြစ်ဖြစ် ရခိုင်ဒေသလို နေရာ လည်းပဲ အပစ်ခတ်ရပ်စဲတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ထားနိုင်မယ်ဆိုရင်ကတော့ ရှေ့ဆက်ကျနော်တို့ ဒီမြောက် ပိုင်းအဖွဲ့နဲ့တွေ့ဆုံ ညှိနှိုင်းတဲ့အပေါ်မှာ ပိုပြီးတော့ ထိရောက်ပြီးတော့ အောင်မြင်မယ်လို့ ကျနော်တို့ ဒီလိုပဲ မြင်တယ်ပေါ့လေ။ အဲဒီမဟုတ်ပဲ ဆိုပေမယ့်လည်း တစ်ဖက်မှာကျတော့ တိုက်ပွဲက တောက်လျှောက် အဲလို ဖြစ်နေတဲ့အခါကျတော့ ဒီဆွေးနွေးပွဲ အပေါ်မှာလည်းပဲ သိပ်ပြီးမှ အောင်မြင်နိုင်မယ့် အလားအလာကတော့ သိပ်ပြီးမှ မမြင်ဘူးပေါ့လေဗျာ” ဟု ပြောသည်။
ထိုအနေအထားများကြောင့် ရပ်တန့်နေသည့် နေသည့် နိုင်ငံရေး ဆွေးနွေးပွဲများကို အမြန်ဆုံး ပြန်လည် စ တင်လိုသည်ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့က ဇူလိုင်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထား သည်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်မတော် ULA/AA၊ တအန်း(ပလောင်) အမျိုးသားလွတ် မြောက်ရေး တပ်မတော် PSLF/TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မတော် MNTJP/MNDAA တို့နှင့် ကချင်လွတ်လပ်ရေး KIA တို့သည် အစိုးရ၊ တပ်မတော်တို့နှင့် ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးရန် ဆွေးနွေးနေသည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့များဖြစ်သည်။
ထို့အပြင် ၎င်းအဖွဲ့များသည် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များဖြစ်ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။
FPNCC အဖွဲ့တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်ပြည် လွတ်မြောက် ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာအမျိုးသားများ ဒီမိုကရက် တစ် မဟာမိတ်တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA- မိုင်းလားအဖွဲ့)၊ တအာင်း/ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်သည်။
Zawgyi…
ေျမာက္ပိုင္းမဟာမိတ္မ်ားအား ၂၁ ရာစုပင္လံုညီလာခံသို႔ ဖိတ္ၾကားျခင္း မရွိေသး
သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဇူလိုင္လ ၂၈ ရက္။
KIO အပါအ၀င္ ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႔၀င္မ်ားကို ၂၁ ရာစုပင္လံုညီလာခံ တက္ေရာက္ရန္ အစိုးရ ဖက္မွ တစ္စံုတစ္ရာ ဖိတ္ၾကားလာျခင္း မရွိေသးဟု ၿငိမ္းခ်မ္းေရး အက်ိဳးေတာ္ေဆာင္ အဖြဲ႔ PCG က ေျပာ သည္။
ၿငိမ္းခ်မ္းေရး အက်ိဳးေတာ္ေဆာင္အဖြဲ႔ PCG မွ ဦးလမိုင္ဂြမ္ဂ်ာက “အခုအခ်ိန္အထိေတာ့ ဘာမွလည္း အစိုးရကေနၿပီးေတာ့မွ ဖိတ္ေခၚတာတို႔ ေျပာတာဆိုတာတို႔ ဘာမွ တစ္စံုတစ္ခု ဘာမွ မရွိေသးဘူးခင္ဗ်ား” ဟုေျပာသည္။
ကခ်င္လြတ္လပ္ေရး အဖြဲ႔ KIO မွ သတင္းႏွင့္ ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္မွဴးႀကီး ေနာ္ဘူ ကလည္း “အဲဒီ ပင္လံုညီလာခံနဲ႔ ပတ္သက္လို႔ေတာ့ အခုအခ်ိန္အထိကေတာ့ က်ေနာ္တို႔ KIO ဆီမွာ ဖိတ္ၾကားတဲ့ စာက ေတာ့ မရေသးဘူးခင္ဗ်ာ။ အဲဒါတစ္ခ်က္ေနာ္။ ဒုတိယအခ်က္ကေတာ့ ဖိတ္ၾကားတဲ့ စာေတြရ ရွိလို႔ ရွိရင္ က်ေနာ္တို႔ ဗဟိုေကာ္မတီကေတာ့ ေလးေလးနက္နက္ ျပန္ၿပီးမွ ေဆြးေႏြးၿပီးမွပဲ က်ေနာ္တို႔က ဆံုးျဖတ္ရ မွာ ျဖစ္ပါတယ္။အခုေလာေလာဆယ္ကေတာ့ မရေသးလို႔ ဘာမွေျပာလို႔ မရေသးဘူးခင္ဗ်ာ” ဟု ေျပာ သည္။
ၿပီးခဲ့သည့္ ဇူလိုင္လ ၂၁ ရက္ေန႔ က ညီေနာင္ မဟာမိတ္ ၃ ဖြဲ႔ျဖစ္သည့္ ULA/AA၊ PSLF/TNLA၊ MNTJP/ MNDAA တို႔က ၂၁ ရာစုပင္လံုညီလာခံ တက္ေရာက္မည္ဟု သဘာထား ထုတ္ျပန္ထားသည္။
၎တို႔အေနျဖင့္ ျပည္ေထာင္စု ႏိုင္ငံေရး ေတြ႕ဆံုေဆြးေႏြးမႈ ညွိႏႈိင္းေရးေကာ္မတီ FPNCC ၏ ဦးေဆာင္မႈ လမ္းၫႊန္မႈ ႏွင့္အတူ လံုၿခံဳေရး အာမခံခ်က္ ရွိမည္ဆိုပါက ၂၁ ရာစု ပင္လံုညီလာခံ ကို တက္ေရာက္မည္ဟု ဆိုသည္။
အဆိုပါကိစၥႏွင့္ပတ္သက္၍ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ၏ ဇူလိုင္လ ၂၅ ရက္ေန႔က ျပဳလုပ္ သည့္ သတင္းစာရွင္းလင္းပြဲတြင္ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း က “ထုတ္ျပန္ေၾကညာခ်က္ က်ေနာ္တုိ႔ေတြ႕ တယ္။ တက္ျခင္း မတက္ျခင္း၊ ေတြ႕ ျခင္း မေတြ႕ ျခင္း၊ ခြင့္ျပဳျခင္း မျပဳျခင္းက ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ ဦးေဆာင္လုပ္ေနတဲ့ NRPC ရဲ႕ ဆံုးျဖတ္ခ်က္ပဲ ျဖစ္လိမ့္မယ္။ က်ိဳင္းတံုလိုေနရာမွာ ေတြ႔ခဲ့တာ က်ေနာ္တုိ႔ တပ္မေတာ္ကလည္း လံုၿခံဳေရးအရေတာ့ ျပည္တြင္းထဲမွာေတာ့ လံုၿခံဳေရးက အာမခံၿပီးသားျဖစ္တယ္။ လံုၿခံဳေရး အရကေတာ့ အခုနက ေျပာတဲ့ဟာနဲ႔မဆုိင္ပါဘူး။ ခြင့္ျပဳ ျခင္း မျပဳျခင္း တက္ျခင္းမတက္ျခင္း ဒါေတြကေတာ့ ဦးေဆာင္ၿပီးလုပ္္ေနတဲ့ အဖြဲ႕က ဆံုးျဖတ္ပါလိမ့္မယ္။ လံုၿခံဳေရးအရကေတာ့ က်ေနာ္တုိ႔ က ေတာ့ ျပည္တြင္းထဲမွာလုပ္တဲ့ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္တဲ့ EAOs ေတြ အခုရန္ကုန္မွာလည္း ေတြ႕ေနတာ ပဲ။ ဒါနဲ႔ပတ္သက္ၿပီး လံုၿခံဳေရးအရကေတာ့ အာမခံခ်က္ရွိၿပီး ျဖစ္တယ္လုိ႔ ပဲ ေျပာခ်င္ပါတယ္” ဟု ေျပာ သည္။
ညီေနာင္မဟာမိတ္ ၃ ဖြဲ႔၏ ထုတ္ျပန္ခ်က္အတိုင္း ကခ်င္လြတ္လပ္ေရး အဖြဲ႔ KIO အေနျဖင့္လည္း အစိုးရ ဖက္မွ ဖိတ္ၾကားလာမည္ဆိုပါက FPNCC ၏ လမ္းၫႊန္မႈေအာက္တြင္ တက္ေရာက္သြားမည္ဟု ဗိုလ္မွဴးႀကီး ေနာ္ဘူ က ေျပာသည္။
“က်ေနာ္တို႔က တက္ရင္ေတာ့ FPNCC ေပါ့ေနာ က်ေနာ္တို႔ ေျမာက္ပိုင္း မဟာမိတ္ေတြ အားလံုး အဲဒီလမ္း ေၾကာင္းနဲ႔ပဲ က်ေနာ္တို႔က တက္မွာ ျဖစ္ပါတယ္။ FPNCC ရဲ႕ သေဘာထားကိုပဲ က်ေနာ္တို႔က တင္ျပရမွာ ျဖစ္ပါတယ္။ အဲဒီဆံုးျဖတ္ခ်က္နဲ႔ပဲ က်ေနာ္တို႔က သြားရမွာ ျဖစ္ပါတယ္။ အထူးသျဖင့္ကေတာ့ အခုထက္ထိ ကေတာ့ အဲေလာက္ပဲ က်ေနာ္တို႔ ေျပာလို႔ရပါတယ္။”
အစိုးရဖက္မွ FPNCC အေနျဖင့္ မဟုတ္ပဲ တစ္ဖြဲ႔ခ်င္းစီအလိုက္ ဖိတ္ၾကားမည္ဆိုပါကလည္း FPNCC အဖြဲ႔၀င္ အဖြဲ႔အစည္းမ်ားၾကားတြင္ တိုင္ပင္ေဆြးေႏြး ညွိႏႈိင္းသြားမည္ဟု ဗိုလ္မွဴးႀကီး ေနာ္ဘူက ဆိုသည္။
၂၁ ရာစုပင္လံုညီလာခံကို လာမည့္ ၾသဂုတ္လ ၁၂ ရက္မွ ၁၄ ရက္ေန႔အထိ ၃ ရက္ၾကာ က်င္းပျပဳလုပ္ သြားရန္ရွိၿပီး ယခုက်င္းပမည့္ ညီလာခံကို COVI D- 19 ေရာဂါ ကန္႔သတ္ခ်က္ေၾကာင့္ လူဦးေရေလ်ာ့ကာ က်င္းပသြားရန္ ရွိသည္ဟု သိရသည္။
တစ္ဖက္တြင္လည္း အစိုးရ၊ တပ္မေတာ္ႏွင့္ ကခ်င္လြတ္လပ္ေရးအဖြဲ႔ KIO ပါ၀င္သည့္ ေျမာက္ပိုင္း မဟာ မိတ္ အဖြဲ႔တို႔အၾကား ေတြ႕ဆံုေဆြးေႏြးပြဲမ်ားမွာ COIVD- 19 ေရာဂါေၾကာင့္ ရပ္တန္႔ေနသည္။
ေဆြးေႏြးပြဲမ်ား ရပ္တန္႔ေနသည့္အတြက္ တပ္မေတာ္က အပစ္ရပ္စဲထားျခင္း မရွိပဲ အၾကမ္းဖက္ေဒသ ဟုသတ္မွတ္ ထားသည့္ ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္ ပလက္၀ဖက္တြင္ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားေနသည္ဟု သိရ သည္။
PCG မွ ဦးလမိုင္ဂြမ္ဂ်ာက “လက္ရွိရခိုင္ကလည္း ဒီေျမာက္ပိုင္း ၄ ဖြဲ႔မွာ ပါတာအတြက္ေၾကာင့္မို႔လို႔ေလ သူ တို႔နဲ႔ ေတြ႕ဆံုညွိႏႈိင္းၿပီးမွ အေကာင္းဆံုး အေျဖရႏိုင္ဖို႔အတြက္ကေတာ့ ဘာပဲျဖစ္ျဖစ္ ရခိုင္ေဒသလို ေနရာ လည္းပဲ အပစ္ခတ္ရပ္စဲတယ္ဆိုတဲ့ ပံုစံမ်ိဳးနဲ႔ လုပ္ထားႏိုင္မယ္ဆိုရင္ကေတာ့ ေရွ႕ဆက္က်ေနာ္တို႔ ဒီေျမာက္ ပိုင္းအဖြဲ႔နဲ႔ေတြ႕ဆံု ညွိႏႈိင္းတဲ့အေပၚမွာ ပိုၿပီးေတာ့ ထိေရာက္ၿပီးေတာ့ ေအာင္ျမင္မယ္လို႔ က်ေနာ္တို႔ ဒီလိုပဲ ျမင္တယ္ေပါ့ေလ။ အဲဒီမဟုတ္ပဲ ဆိုေပမယ့္လည္း တစ္ဖက္မွာက်ေတာ့ တိုက္ပြဲက ေတာက္ေလွ်ာက္ အဲလို ျဖစ္ေနတဲ့အခါက်ေတာ့ ဒီေဆြးေႏြးပြဲ အေပၚမွာလည္းပဲ သိပ္ၿပီးမွ ေအာင္ျမင္ႏိုင္မယ့္ အလားအလာကေတာ့ သိပ္ၿပီးမွ မျမင္ဘူးေပါ့ေလဗ်ာ” ဟု ေျပာသည္။
ထိုအေနအထားမ်ားေၾကာင့္ ရပ္တန္႔ေနသည့္ ေနသည့္ ႏိုင္ငံေရး ေဆြးေႏြးပြဲမ်ားကို အျမန္ဆံုး ျပန္လည္ စ တင္လိုသည္ဟု ညီေနာင္ မဟာမိတ္ ၃ ဖြဲ႔က ဇူလိုင္လ ၂၁ ရက္ေန႔ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းထား သည္။
ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႔ျဖစ္သည့္ ရကၡိဳင့္တပ္မေတာ္ ULA/AA၊ တအန္း(ပေလာင္) အမ်ိဳးသားလြတ္ ေျမာက္ေရး တပ္မေတာ္ PSLF/TNLA၊ ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္ တပ္မေတာ္ MNTJP/MNDAA တို႔ႏွင့္ ကခ်င္လြတ္လပ္ေရး KIA တို႔သည္ အစိုးရ၊ တပ္မေတာ္တို႔ႏွင့္ ပဏာမ အပစ္ရပ္စာခ်ဳပ္ Bilateral လက္မွတ္ေရးထိုးရန္ ေဆြးေႏြးေနသည့္ ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႔မ်ားျဖစ္သည္။
ထို႔အျပင္ ၎အဖြဲ႔မ်ားသည္ ေျမာက္ပိုင္းရွိ တိုင္းရင္းသား လက္နက္ကိုင္မ်ားျဖစ္ျဖင့္ ဖြဲ႔စည္းထားသည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညွိႏႈိင္းေရး ေကာ္မတီ FPNCC ၏ အဖြဲ႔၀င္မ်ားျဖစ္သည္။
FPNCC အဖြဲ႔တြင္ “ဝ” ျပည္ေသြးစည္းညီၫြတ္ေရးပါတီ (UWSP)၊ ကခ်င္ျပည္ လြတ္ေျမာက္ေရး အဖြဲ႕ (KIO)၊ ရွမ္းျပည္တိုးတက္ေရး ပါတီ (SSPP)၊ ျမန္မာအမ်ိဳးသားမ်ား ဒီမိုကရက္ တစ္ မဟာမိတ္တပ္မေတာ္ (MNDAA- ကိုးကန႔္အဖြဲ႕)၊ အမ်ိဳးသား ဒီမိုကေရစီ မဟာမိတ္ တပ္မေတာ္ (NDAA- မိုင္းလားအဖြဲ႕)၊ တအာင္း/ ပေလာင္ အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (PSLF/TNLA)၊ ရကၡိဳင့္ တပ္မေတာ္ (AA) တို႔ ပါ၀င္သည္။