အစိုးရနှင့် KIO အွန်လိုင်းမှတဆင့် ဆွေးနွေးလျက်ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။
COVID-19 ကာလအတွင်း ကချင်လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရအကြား အွန်လိုင်း ဆက်သွယ်ဆွေးနွေးမှုများ လုပ်ဆောင်နေသည်ဟု KIO က ပြောသည်။
လက်ရှိတွင် COVID- 19 ရောဂါကြောင့် နိုင်ငံရေး ဆွေးနွေးပွဲများကို တရားဝင် လုပ်ဆောင်နိုင်ခြင်း မရှိ သေးသော်လည်း နှစ်ဖက် ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်နိုင်ရန် အွန်လိုင်းကနေတစ်ဆင့် အစိုး ရနှင့် ဆွေးနွေးမှုများကို လုပ်ဆောင်နေသည်ဟု ကချင်လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး နော်ဘူ က ပြောသည်။
“ကျနော်တို့ နိုင်ငံ ရေး ဆွေးနွေးတဲ့ လမ်းကြောင်းကတော့ အခုအချိန်ကတော့ COVID- 19 ရောဂါကြောင့် ခဏ တစ်ဖြုတ်ပေါ့ နော ရပ်ဆိုင်းနေတဲ့ အနေအထားပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ KIO အနေနဲ့ လည်း အွန်လိုင်းနဲ့တော့ အဆက်အသွယ်တော့ ရှိပါတယ်။ အွန်လိုင်းနဲ့တော့ ဆွေးနွေးတဲ့ အနေအထား တော့ ရှိပါတယ်။”
ကချင်လွတ်လပ်ရေး KIO အပါအဝင် မြောက်ပိုင်းမဟာမိတ် အဖွဲ့များနှင့် အစိုးရ၊ တပ်မတော်တို့ တွေ့ဆုံ ဆွေးနွေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးနေသည့် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦးလမိုင် ဂွမ်ဂျာ ကလည်း အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် အဖွဲ့တို့ ဆွေးနွေးနေမှု နောက်ဆုံး အခြေအနေနှင့် ပတ် သက်၍ ယခုကဲ့သို့ ပြောသည်။
ဦးလမိုင်ဂွမ်ဂျာ က “မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရ တပ်မတော်နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက်က ကျနော်တို့ ကြား မှာ ညှိနှိုင်း ဆောင်ရွက်ပေးနေတာတော့ရှိတယ်။ ဒါပေမယ့် လောလောဆယ် လူချင်းတွေ့ဖို့အတွက် က အခု ချိန်မှာ ဒီ COVID- 19 ရောဂါကြောင့်မို့ တွေ့ဆုံနိုင်ဖို့အတွက် နည်းနည်း အခက်အခဲလေးတွေ ရှိတဲ့ အ တွက်ကြောင့်မို့လို့ အခုအချိန်မှာ စာအသွားအလာ သဘောနဲ့ပဲ နှစ်ဖက်ကို ပေးပို့ပြီးတော့မှ လုပ်ဆောင် နေ တာ ရှိပါတယ် ခင်ဗျာ” ဟု ပြောသည်။
အစိုးရ၊ တပ်မတော်နှင့် Bilateral အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိသည့် မြောက်ပိုင်း မဟာ မိတ် ၄ ဖွဲ့ မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ရက္ခိုင့်တပ်တော် AA၊ မြန်မာအမျိုးသားများ ဒီမိုက ရက်တစ် မဟာမိတ် တပ်မတော် ( MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ် မြောက်ရေး တပ်မတော် TNLA တို့ ဖြစ်ကြသည်။
လက်ရှိတွင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရတို့ ပဏာမ အပစ်ရပ် Bilateral လက်မှတ် ရေးထိုးနိုင် ရန် တွေ့ဆုံဆွေးနွေးမှု ၄ ကြိမ်တိုင်တိုင် ပြုလုပ်ထားခဲ့ကြသည်။ မိုင်းလား နှစ် ၃၀ ပြည့်နေ့တွင် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က မူဆယ်တွင် ဒုတိယအကြိမ်၊ ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ တွင် ကျိုင်းတုံတွင် တတိအကြိမ်နှင့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျိုင်းတုံတွင် စတုတ္ထအကြိမ် တို့ဖြစ်သည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုများနောက်ပိုင်း နှစ်ဖက် ဆက်လက်တွေ့ဆုံဆွေးနွေးရန် အချိန်နှင့် နေရာ ညှိနှိုင်း ရာတွင် ပြေလည်မှု မရှိခဲ့သည်ကတစ်ကြောင်း၊ COVID- 19 ဖြစ်လာသည့်အတွက် သွားရေးလာရေး အခက် အခဲတို့ကြောင့် တွေ့ဆုံဆွေးနွေးမှုများမှာ ရပ်တန့်ခဲ့ရသည်။
၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်သည့် ကျိုင်းတုံ တွေ့ဆုံဆွေးနွေးပွဲတွင် အချက် ၇ ချက် ကို သဘော တူညီခဲ့ကြပြီး အဆိုပါ အချက် ၇ ချက်မှာ Bilateral လက်မှတ်ရေးထိုးရေးနှင့် လက်ရှိ ဖြစ်ပွား နေသည့် တိုက်ပွဲများ လုံးဝချုပ်ငြိမ်းသွားရေး ဆက်လက်ဆွေးနွေးရန်၊ တပ်နေရာချထားရေး တိုက်ပွဲများ ထပ်မံ မဖြစ်ပွားရေး နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်းများ ကို တပ်မတော်နှင့် ဆက်လက်ဆွေးနွေးရန်၊ တိုက်ပွဲမဖြစ် ပွားအောင် ဆက်သွယ်နိုင်ရေးအတွက် ဆက်ဆံရေးရုံးများ ထားရှိရန်၊ NCA လက်မှတ်ရေး ထိုး နိုင်ရေး နှစ်ဖက်လက်ခံနိုင်သည့် လုပ်ငန်းစဉ်ကို ဆွေးနွေးရန်၊ နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ပြန် လည်နေရာချထားရေး ပြန်လည်ထူထောင်ရေးကိစ္စ ဆက်လက်ဆွေးနွေးရန်တို့ ဖြစ်သည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ် ရေး ထိုးနိုင်ရန် တစ်ဆို့နေသည့် အဓိက အခက်အခဲမှာ တပ်နေရာချထားရေးကိစ္စရပ်နှင့် လက်မှတ်ရေး ထိုး ပြီးပါက ပဋိပက္ခဖြေ ရှင်းရာတွင် ကြားနေစောင့်ကြည့်မည့် အဖွဲ့ဖွဲ့စည်းရေးတို့ဖြစ်သည် ဟု မြောက်ပိုင်း မဟာမိတ် အဖွဲ့က ယခင်က ပြောဆိုထားသည်။
၎င်းမြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များလည်းဖြစ်သည်။
Zawgyi…
အစိုးရႏွင့္ KIO အြန္လိုင္းမွတဆင့္ ေဆြးေႏြးလ်က္ရွိ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဇူလိုင္လ ၂၈ ရက္။
COVID-19 ကာလအတြင္း ကခ်င္လြတ္လပ္ေရး အဖြဲ႔ KIO ႏွင့္ အစိုးရအၾကား အြန္လိုင္း ဆက္သြယ္ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ေနသည္ဟု KIO က ေျပာသည္။
လက္ရွိတြင္ COVID- 19 ေရာဂါေၾကာင့္ ႏိုင္ငံေရး ေဆြးေႏြးပြဲမ်ားကို တရား၀င္ လုပ္ေဆာင္ႏိုင္ျခင္း မရွိ ေသးေသာ္လည္း ႏွစ္ဖက္ ေဆြးေႏြးမႈမ်ား ဆက္လက္ လုပ္ေဆာင္ႏိုင္ရန္ အြန္လိုင္းကေနတစ္ဆင့္ အစိုး ရႏွင့္ ေဆြးေႏြးမႈမ်ားကို လုပ္ေဆာင္ေနသည္ဟု ကခ်င္လြတ္လပ္ေရး အဖြဲ႔ KIO သတင္းႏွင့္ ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္ႀကီး ေနာ္ဘူ က ေျပာသည္။
“က်ေနာ္တို႔ ႏိုင္ငံ ေရး ေဆြးေႏြးတဲ့ လမ္းေၾကာင္းကေတာ့ အခုအခ်ိန္ကေတာ့ COVID- 19 ေရာဂါေၾကာင့္ ခဏ တစ္ျဖဳတ္ေပါ့ ေနာ ရပ္ဆိုင္းေနတဲ့ အေနအထားပဲျဖစ္ပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔ KIO အေနနဲ႔ လည္း အြန္လိုင္းနဲ႔ေတာ့ အဆက္အသြယ္ေတာ့ ရွိပါတယ္။ အြန္လိုင္းနဲ႔ေတာ့ ေဆြးေႏြးတဲ့ အေနအထား ေတာ့ ရွိပါတယ္။”
ကခ်င္လြတ္လပ္ေရး KIO အပါအ၀င္ ေျမာက္ပိုင္းမဟာမိတ္ အဖြဲ႔မ်ားႏွင့္ အစိုးရ၊ တပ္မေတာ္တို႔ ေတြ႕ဆံု ေဆြးေႏြးႏိုင္ရန္ ညွိႏိႈင္းေဆာင္ရြက္ေပးေနသည့္ ၿငိမ္းခ်မ္းေရး အက်ိဳးေတာ္ေဆာင္အဖြဲ႔ PCG မွ ဦးလမိုင္ ဂြမ္ဂ်ာ ကလည္း အစိုးရႏွင့္ ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႔တို႔ ေဆြးေႏြးေနမႈ ေနာက္ဆံုး အေျခအေနႏွင့္ ပတ္ သက္၍ ယခုကဲ့သို႔ ေျပာသည္။
ဦးလမိုင္ဂြမ္ဂ်ာ က “ေျမာက္ပိုင္းအဖြဲ႔နဲ႔ အစိုးရ တပ္မေတာ္နဲ႔ ေတြ႕ဆံုေဆြးေႏြးဖို႔အတြက္က က်ေနာ္တို႔ ၾကား မွာ ညွိႏႈိင္း ေဆာင္ရြက္ေပးေနတာေတာ့ရွိတယ္။ ဒါေပမယ့္ ေလာေလာဆယ္ လူခ်င္းေတြ႕ဖို႔အတြက္ က အခု ခ်ိန္မွာ ဒီ COVID- 19 ေရာဂါေၾကာင့္မို႔ ေတြ႕ဆံုႏိုင္ဖို႔အတြက္ နည္းနည္း အခက္အခဲေလးေတြ ရွိတဲ့ အ တြက္ေၾကာင့္မို႔လို႔ အခုအခ်ိန္မွာ စာအသြားအလာ သေဘာနဲ႔ပဲ ႏွစ္ဖက္ကို ေပးပို႔ၿပီးေတာ့မွ လုပ္ေဆာင္ ေန တာ ရွိပါတယ္ ခင္ဗ်ာ” ဟု ေျပာသည္။
အစိုးရ၊ တပ္မေတာ္ႏွင့္ Bilateral အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ရန္ ညႇိႏႈိင္းလ်က္ရွိသည့္ ေျမာက္ပိုင္း မဟာ မိတ္ ၄ ဖြဲ႕ မွာ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO၊ ရကၡိဳင့္တပ္ေတာ္ AA၊ ျမန္မာအမ်ိဳးသားမ်ား ဒီမိုက ရက္တစ္ မဟာမိတ္ တပ္မေတာ္ ( MNDAA- ကိုးကန႔္အဖြဲ႕)၊ တအန္း(ပေလာင္) အမ်ိဳးသား လြတ္ ေျမာက္ေရး တပ္မေတာ္ TNLA တို႔ ျဖစ္ၾကသည္။
လက္ရွိတြင္ ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႕ႏွင့္ အစိုးရတို႔ ပဏာမ အပစ္ရပ္ Bilateral လက္မွတ္ ေရးထိုးႏိုင္ ရန္ ေတြ႕ဆုံေဆြးေႏြးမႈ ၄ ႀကိမ္တိုင္တိုင္ ျပဳလုပ္ထားခဲ့ၾကသည္။ မိုင္းလား ႏွစ္ ၃၀ ျပည့္ေန႔တြင္ တစ္ႀကိမ္၊ ၂၀၁၉ ခုႏွစ္ ဧၿပီလ ၃၀ ရက္ေန႔က မူဆယ္တြင္ ဒုတိယအႀကိမ္၊ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၃၁ ရက္ေန႔ တြင္ က်ိဳင္းတုံတြင္ တတိအႀကိမ္ႏွင့္ စက္တင္ဘာလ ၁၇ ရက္ေန႔တြင္ က်ိဳင္းတုံတြင္ စတုတၳအႀကိမ္ တို႔ျဖစ္သည္။
အဆိုပါေတြ႕ဆုံေဆြးေႏြးမႈမ်ားေနာက္ပိုင္း ႏွစ္ဖက္ ဆက္လက္ေတြ႕ဆုံေဆြးေႏြးရန္ အခ်ိန္ႏွင့္ ေနရာ ညႇိႏႈိင္း ရာတြင္ ေျပလည္မႈ မရွိခဲ့သည္ကတစ္ေၾကာင္း၊ COVID- 19 ျဖစ္လာသည့္အတြက္ သြားေရးလာေရး အခက္ အခဲတို႔ေၾကာင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားမွာ ရပ္တန႔္ခဲ့ရသည္။
၂၀၁၉ ခုႏွစ္ စက္တင္ဘာလ ၁၇ ရက္ေန႔က ျပဳလုပ္သည့္ က်ိဳင္းတုံ ေတြ႕ဆုံေဆြးေႏြးပြဲတြင္ အခ်က္ ၇ ခ်က္ ကို သေဘာ တူညီခဲ့ၾကၿပီး အဆိုပါ အခ်က္ ၇ ခ်က္မွာ Bilateral လက္မွတ္ေရးထိုးေရးႏွင့္ လက္ရွိ ျဖစ္ပြား ေနသည့္ တိုက္ပြဲမ်ား လုံးဝခ်ဳပ္ၿငိမ္းသြားေရး ဆက္လက္ေဆြးေႏြးရန္၊ တပ္ေနရာခ်ထားေရး တိုက္ပြဲမ်ား ထပ္မံ မျဖစ္ပြားေရး ႏွစ္ဖက္လိုက္နာရမည့္ စည္းမ်ဥ္းမ်ား ကို တပ္မေတာ္ႏွင့္ ဆက္လက္ေဆြးေႏြးရန္၊ တိုက္ပြဲမျဖစ္ ပြားေအာင္ ဆက္သြယ္ႏိုင္ေရးအတြက္ ဆက္ဆံေရး႐ုံးမ်ား ထားရွိရန္၊ NCA လက္မွတ္ေရး ထိုး ႏိုင္ေရး ႏွစ္ဖက္လက္ခံႏိုင္သည့္ လုပ္ငန္းစဥ္ကို ေဆြးေႏြးရန္၊ ေနရပ္စြန႔္ခြာ တိမ္းေရွာင္သူမ်ား ျပန္ လည္ေနရာခ်ထားေရး ျပန္လည္ထူေထာင္ေရးကိစၥ ဆက္လက္ေဆြးေႏြးရန္တို႔ ျဖစ္သည္။
ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ ၄ ဖြဲ႕ႏွင့္ အစိုးရ၊ တပ္မေတာ္တို႔ ပဏာမ အပစ္ရပ္စာခ်ဳပ္ Bilateral လက္မွတ္ ေရး ထိုးႏိုင္ရန္ တစ္ဆို႔ေနသည့္ အဓိက အခက္အခဲမွာ တပ္ေနရာခ်ထားေရးကိစၥရပ္ႏွင့္ လက္မွတ္ေရး ထိုး ၿပီးပါက ပဋိပကၡေျဖ ရွင္းရာတြင္ ၾကားေနေစာင့္ၾကည့္မည့္ အဖြဲ႕ဖြဲ႕စည္းေရးတို႔ျဖစ္သည္ ဟု ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႕က ယခင္က ေျပာဆိုထားသည္။
၎ေျမာက္ပိုင္း မဟာမိတ္ ၄ ဖြဲ႕သည့္ ေျမာက္ပိုင္း တိုင္းရင္းသား လက္နက္ကိုင္မ်ားျဖင့္ ဖြဲ႕စည္းထားသည့္ ျပည္ေထာင္စု ႏိုင္ငံေရး ေဆြးေႏြးညႇိႏႈိင္းေရး ေကာ္မတီ FPNCC ၏ အဖြဲ႕ဝင္မ်ားလည္းျဖစ္သည္။