မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်းတွင် လူငယ် ၃၀%၊ အမျိုးသမီး ၂၅ % ပါဝင်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။
နိုဝင်ဘာလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲ၌ မွန်ညီညွတ်ရေးပါတီကိုယ်စားပြု ဝင်ပြိုင်မည့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၁၆ ဦးနှင့် လူငယ် ၂၂ ဦး ပါဝင်သည်ဟု ပါတီက ထုတ်ပြန် ထားသည်။
မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် လွှတ်တော်အသီးသီးအတွက် ကိုယ်စား လှယ်လောင်း ၆၂ ဦး ဝင်ပြိုင်မည်ဖြစ်ပြီး ၎င်းထဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၆ ဦး ပါဝင်သည်။
မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင် က “ကိုယ်စားလှယ်လောင်း ၆၂ ဦးထဲမှာ အမျိုးသားက ၄၆ ဦးပါတယ်။ အမျိုးသမီးက ၁၆ ဦးပါတယ်။ ရာခိုင်နှုန်းနဲ့ ပြောရင် ၂၅ ရာခိုင်နှုန်းကျော်တယ်” ဟု ပြောသည်။
ထို့အပြင် “လူငယ်ကတော့ ကျနော်တို့က လူငယ်ကို အသက် ၄၀ အောက်လို့ သတ်မှတ်ထားတာပေါ့လေ။ လူငယ်က ၂၂ ဦးပါတယ်။ ရာခိုင်နှုန်း ၃၀ ရာခိုင်နှုန်းကျော်တယ်” ဟု နိုင်စံတင် က ဆက်ပြောသည်။
မွန်ညီညွတ်ရေးပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို ဗဟို အလုပ်မှု ဆောင်တွင် အတည်ပြုပြီး ဇူလိုင်လ ၂၆ ရက်နေ့ (ယနေ့) တွင် တရားဝင်ထုတ်ပြန် ထားသည်။
အရွေးခံမည့် အမျိုးသမီးကိုယ်စားလှယ်လောင်းများသည် ပြည်သူ့လွှတ်တော် ၁ ဦး၊ အမျိုးသားလွှတ်တော် ၇ ဦး နှင့် ပြည်နယ်လွှတ်တော် ၈ ဦးတို့ဖြစ်သည်။
မွန်ညီညွတ်ရေးပါတီအနေဖြင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် အရည်အချင်းတူညီပါက အမျိုးသမီးနှင့် လူငယ် ကိုယ်စားလှယ်လောင်းများအား ဦးစားပေးသည့် မူဝါဒဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
မွန်ညီညွတ်ရေးပါတီသည် လွှတ်တော်အသီးသီးအတွက် မွန်ပြည်နယ်အတွင်းက မြို့နယ် ၈ မြို့ နယ် တွင် ကိုယ် စားလှယ်လောင်း ၃၅ ဦးနှင့် ကရင်ပြည်နယ်က မြို့နယ် ၃ မြို့ နယ်တွင် ကိုယ်စားလှယ် လောင်း ၁၂ ဦး ဝင် ရောက်ယှုဉ်ပြိုင်သွားမည် ဖြစ်သည်ဟု သိရသည်။
ထို့အပြင် တနင်္သာရီ တိုင်းဒေသကြီးထဲက မြို့ ၃ မြို့ နယ်တွင် ကိုယ်စားလှယ်လောင်း ၈ ဦးနှင့် ရန် ကုန်တိုင်း ဒေသကြီးက မြို့ နယ် ၆ မြို့ နယ်တွင် ကိုယ်စားလှယ်လောင်း ၇ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင် သွားမည် ဖြစ်သည်။
ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၆၂ ဦးတွင် ပြည်သူ့လွှတ်တော်တွင် ၁၁ ဦး၊ အမျိုးသား လွှတ် တော်တွင် ၁၇ ဦး၊ ပြည်နယ်လွှတ်တော်အမှတ် (၁) တွင် ၁၉ ဦး၊ ပြည်နယ်လွှတ်တော်အမှတ် (၂) တွင် ၁၃ ဦး နှင့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ၂ ဦး ဖြစ်သည်။
မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အင်အားစု တို့ ပူးပေါင်း ဖွဲ့စည်းထားသည့်ပါတီဖြစ်သည်။
မွန်ညီညွတ်ရေးပါတီသည် ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပါတီ တည်ထောင်ဖွဲ့စည်းခွင့်ပြုခဲ့သည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် နိုင်ငံရေးပါတီ အဖြစ် ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ ရက်စွဲ မွန်ညီညွတ်ရေးပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့သည်။
မြန္ညီညြတ္ေရးပါတီ ကိုယ္စားလွယ္ေလာင္းတြင္ လူငယ္ ၃၀%၊ အမ်ဳိးသမီး ၂၅ % ပါ၀င္မည္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဇူလိုင္လ ၂၈ ရက္။
ႏိုဝင္ဘာလအတြင္း က်င္းပမည့္ ေရြးေကာက္ပြဲ၌ မြန္ညီညြတ္ေရးပါတီကိုယ္စားျပဳ ဝင္ၿပိဳင္မည့္ အမ်ဳိးသမီး ကိုယ္စားလွယ္ေလာင္း ၁၆ ဦးႏွင့္ လူငယ္ ၂၂ ဦး ပါဝင္သည္ဟု ပါတီက ထုတ္ျပန္ ထားသည္။
မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ တနသၤာရီတိုင္းႏွင့္ ရန္ကုန္တိုင္းတို႔တြင္ လႊတ္ေတာ္အသီးသီးအတြက္ ကိုယ္စား လွယ္ေလာင္း ၆၂ ဦး ဝင္ၿပိဳင္မည္ျဖစ္ၿပီး ၎ထဲတြင္ အမ်ဳိးသမီးကိုယ္စားလွယ္ေလာင္း ၁၆ ဦး ပါဝင္သည္။
မြန္ညီညြတ္ေရးပါတီ ေျပာေရးဆိုခြင့္ရွိသူ ႏုိင္စံတင္ က “ကိုယ္စားလွယ္ေလာင္း ၆၂ ဦးထဲမွာ အမ်ိဳးသားက ၄၆ ဦးပါတယ္။ အမ်ိဳးသမီးက ၁၆ ဦးပါတယ္။ ရာခိုင္ႏႈန္းနဲ႔ ေျပာရင္ ၂၅ ရာခုိင္ႏႈန္းေက်ာ္တယ္” ဟု ေျပာသည္။
ထို႔အျပင္ “လူငယ္ကေတာ့ က်ေနာ္တို႔က လူငယ္ကို အသက္ ၄၀ ေအာက္လို႔ သတ္မွတ္ထားတာေပါ့ေလ။ လူငယ္က ၂၂ ဦးပါတယ္။ ရာခိုင္ႏႈန္း ၃၀ ရာခိုင္ႏႈန္းေက်ာ္တယ္” ဟု ႏုိင္စံတင္ က ဆက္ေျပာသည္။
မြန္ညီညြတ္ေရးပါတီအေနျဖင့္ ေရြးေကာက္ပြဲဝင္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္းမ်ား စာရင္းကို ဗဟို အလုပ္မႈ ေဆာင္တြင္ အတည္ျပဳၿပီး ဇူလိုင္လ ၂၆ ရက္ေန႔ (ယေန႔) တြင္ တရားဝင္ထုတ္ျပန္ ထားသည္။
အေရြးခံမည့္ အမ်ဳိးသမီးကိုယ္စားလွယ္ေလာင္းမ်ားသည္ ျပည္သူ႔လႊတ္ေတာ္ ၁ ဦး၊ အမ်ဳိးသားလႊတ္ေတာ္ ၇ ဦး ႏွင့္ ျပည္နယ္လႊတ္ေတာ္ ၈ ဦးတို႔ျဖစ္သည္။
မြန္ညီညြတ္ေရးပါတီအေနျဖင့္ ကိုယ္စားလွယ္ေလာင္း ေရြးခ်ယ္ရာတြင္ အရည္အခ်င္းတူညီပါက အမ်ဳိးသမီးႏွင့္ လူငယ္ ကိုယ္စားလွယ္ေလာင္းမ်ားအား ဦးစားေပးသည့္ မူဝါဒျဖင့္ ေရြးခ်ယ္ခဲ့ျခင္း ျဖစ္သည္။
မြန္ညီညြတ္ေရးပါတီသည္ လႊတ္ေတာ္အသီးသီးအတြက္ မြန္ျပည္နယ္အတြင္းက ၿမိဳ႕နယ္ ၈ ၿမိဳ႕ နယ္ တြင္ ကိုယ္ စားလွယ္ေလာင္း ၃၅ ဦးႏွင့္ ကရင္ျပည္နယ္က ၿမိဳ႕နယ္ ၃ ၿမိဳ႕ နယ္တြင္ ကိုယ္စားလွယ္ ေလာင္း ၁၂ ဦး ဝင္ ေရာက္ယႈဥ္ၿပိဳင္သြားမည္ ျဖစ္သည္ဟု သိရသည္။
ထို႔အျပင္ တနသၤာရီ တိုင္းေဒသႀကီးထဲက ၿမိဳ႕ ၃ ၿမိဳ႕ နယ္တြင္ ကိုယ္စားလွယ္ေလာင္း ၈ ဦးႏွင့္ ရန္ ကုန္တိုင္း ေဒသႀကီးက ၿမိဳ႕ နယ္ ၆ ၿမိဳ႕ နယ္တြင္ ကိုယ္စားလွယ္ေလာင္း ၇ ဦးတို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ သြားမည္ ျဖစ္သည္။
ေရြးေကာက္ပြဲဝင္မည့္ ကိုယ္စားလွယ္ေလာင္း ၆၂ ဦးတြင္ ျပည္သူ႔လႊတ္ေတာ္တြင္ ၁၁ ဦး၊ အမ်ဳိးသား လႊတ္ ေတာ္တြင္ ၁၇ ဦး၊ ျပည္နယ္လႊတ္ေတာ္အမွတ္ (၁) တြင္ ၁၉ ဦး၊ ျပည္နယ္လႊတ္ေတာ္အမွတ္ (၂) တြင္ ၁၃ ဦး ႏွင့္ တိုင္းရင္းသားေရးရာဝန္ႀကီးေနရာတြင္ ၂ ဦး ျဖစ္သည္။
မြန္ညီညြတ္ေရးပါတီသည္ မြန္ေဒသလံုးဆိုင္ရာဒီမိုကေရစီပါတီ၊ မြန္အမ်ဳိးသားပါတီႏွင့္ မြန္အင္အားစု တို႔ ပူးေပါင္း ဖြဲ႔စည္းထားသည့္ပါတီျဖစ္သည္။
မြန္ညီညြတ္ေရးပါတီသည္ ၂၀၁၉ ခုႏွစ္ ေမလ ၁၇ ရက္ေန႔က ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ပါတီ တည္ေထာင္ဖြဲ႔စည္းခြင့္ျပဳခဲ့သည္။
ႏိုင္ငံေရးပါတီမ်ားမွတ္ပံုတင္ျခင္းဥပေဒအရ ျပည္ေထာင္စုတစ္ဝန္းလံုးတြင္ စည္း႐ုံးမည့္ ႏိုင္ငံေရးပါတီ အျဖစ္ ေရြးေကာက္ပြဲေကာ္မရွင္က ၂၀၁၉ ခုႏွစ္ ဇူလိုင္ ၁၁ ရက္ေန႔ ရက္စြဲ မြန္ညီညြတ္ေရးပါတီကို မွတ္ပံုတင္ခြင့္ ျပဳခဲ့သည္။